သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2011-11-23
ဦးသိန်းစိန် အစိုးရဟာ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ တချို့နဲ့သာ အပစ်အခတ် ရပ်စဲပြီး ကချင် လွတ်မြောက်ရေး တပ်ဖွဲ့ KIA ကို ချောင်ပိတ်တိုက်တာမျိုး မဖြစ်စေလိုကြောင်း ချင်းအမျိုးသား တပ်ဦး CNF က အာရ်အက်ဖ်အေ ကို ပြောပါတယ်။
2011-11-23
မြန်မာနိုင်ငံကို လာရောက်မဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် ဟာ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ဦးဆောင်တဲ့ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် အဖွဲ့နဲ့ လာမယ့် ဒီဇင်ဘာ ၁ ရက် နေပြည်တော်မှာ တွေ့ဆုံ ဆွေးနွေးဖို့ ရှိကြောင်း သိရပါတယ်။
2011-11-23
ပါတီမှတ်ပုံတင်ခွင့်ရသွားပြီးရင် ကြားဖြတ် ရွေးကောက်ပွဲ အောင်နိုင်ရေး အတွက် လုပ်ဆောင်စရာများ အကြောင်း ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အင်န်အယ်လ်ဒီ ပါတီ ဗဟို ကော်မတီဝင်တွေနဲ့ တိုင်းနဲ့ ပြည်နယ်က ပါတီ ခေါင်းဆောင်တွေ ဒီကနေ့ ရွှေဂုံတိုင်ရုံးချုပ်မှာ အကြမ်း ဆွေးနွေးခဲ့ကြောင်း ဒု-ဥက္ကဋ္ဌ ဦးတင်ဦးက ပြောပါတယ်။
2011-11-23
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က နိုင်ငံရေးပါတီ အဖြစ် မှတ်ပုံတင်ပြီး လာမဲ့ ရွေးကောက်ပွဲမှာ ပါဝင် ယှဉ်ပြိုင်ဖို့ အောက်တိုဘာ ၁၈ ရက်က ဆုံးဖြတ်တာကို နိုင်ငံရေးပါတီ ၁၀ ခုနဲ့ ဖွဲ့စည်းထားတဲ့ ဒီမိုကရေစီ မိတ်ဆွေ ပါတီများက ကြိုဆိုလိုက်ပါတယ်။
2011-11-23
မြန်မာနိုင်ငံမှာ ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့် ဆိုင်ရာ ဥပဒေကို လွှတ်တော် နှစ်ရပ်လုံးက သဘောတူညီမှု ရရှိသွားပြီ ဖြစ်တာကြောင့် သမ္မတ ဦသိန်းစိန် လက်မှတ်ရေးထိုးပြီးရင် ဥပဒေ အဖြစ် တရားဝင် အတည်ပြု ပြဋ္ဌာန်းနိုင်တော့မယ်လို့ သိရပါတယ်။
2011-11-23
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် လာမယ့် သီတင်းပတ် အတွင်း မြန်မာနိုင်ငံကို သွားရောက်မှာ ဖြစ်ပေမဲ့ မြန်မာနိုင်ငံ အပေါ် အမေရိကန် အစိုးရရဲ့ ပိတ်ဆို့ ပြစ်ဒဏ်ခတ်မှုတွေကို လျှော့ချမှာ မဟုတ်သေးဘူးလို့ အမေရိကန် အဆင့်မြင့် အရာရှိ တစ်ဦးက မနေ့က ပြောကြားလိုက်ပါတယ်။
2011-11-22
တောင်အာဖရိကနိုင်ငံ Freedom to Create အမည်ရှိ လွတ်လပ်စွာ အနုပညာ ဖန်တီးခွင့် အဖွဲ့က ချီးမြှင့်တဲ့ ၂၀၁၁ ခုနှစ် အတွက် Imprisoned Artist Prize အကျဉ်းကျ အနုပညာရှင်ဆုကို ကျောက်ဖြူထောင်မှာ ထောင်ဒဏ် ၁၇ နှစ် ကျခံနေရတဲ့ ရွှေသံစဉ် တီးဝိုင်း ခေါင်းဆောင် ကိုဝင်းမော်ကို ချီးမြှင့်လိုက်ပါတယ်။
2011-11-22
အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ အာဆီယံ ထိပ်သီး ညီလာခံ တက်ရောက်တဲ့ သမ္မတ ဦးသိန်းစိန် က နိုဝင်ဘာလ ၁၉ ရက်နေ့က RFA အပါအဝင် ပြည်တွင်းပြည်ပ မြန်မာ သတင်းထောက်တချို့ကို လက်ခံတွေ့ဆုံပြီး မေးခွန်းတွေကို စိတ်ရှည်လက်ရှည် ပြန်လည် ဖြေကြားခဲ့ပါတယ်။
2011-11-22
ပြင်သစ် လူ့အခွင့်အရေး ဝန်ကြီး (မစ္စတာ ဖရန်စွာ ဒင်မာရေး)နဲ့ မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ် သံအမတ်ကြီးတို့ အဖွဲ့ဟာ မကြာသေးမီက ပြန်လည် လွတ်မြောက်လာကြတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း ၂၀ ကျော်ကို အင်န်အယ်လ်ဒီ ပါတီရုံးချုပ်မှာ ဒီကနေ့ မနက်က တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
2011-11-22
နိုင်ငံရေးဆွေးနွေးမှုမျိုး အစိုးရဘက်က ကမ်းလှမ်းလာရင် ကေအိုင်အို ကချင်အမျိုးသား လွတ်မြောက်ရေး အဖွဲ့အနေနဲ့ လက်ခံ တွေ့ဆုံဆွေးနွေးမယ်လို့ ကေအိုင်အို ပြောရေးဆိုခွင့်ရှိသူ ဦးလာနန်းက ဒီကနေ့ ပြောလိုက်ပါတယ်။
2011-11-22
ပြီးခဲ့တဲ့ရက်ပိုင်းက ကျိုင်းတုံ ထောင်ကနေ သရက်ထောင်ကို ရွှေ့ပြောင်းခံရတဲ့ ၈၈မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်က ထောင်ကလွတ်ဖို့ မျှော်လင့်ထားပုံ မရကြောင်း မိသားစုဝင်တွေက ပြောဆိုတယ်လို့ သိရပါတယ်။
2011-11-22
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးကို ဒီကနေ့မနက် ဆယ်နာရီက အဖွဲ့ချုပ် အစည်းအဝေးခန်းမမှာ ကျင်းပရာ ပါတီမှတ်ပုံတင်ရေးအတွက် ဆက်လက် ဆောင်ရွက်ရမဲ့ လုပ်ငန်းကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ အင်န်အယ်လ်ဒီ ပြန်ကြားရေး တာဝန်ခံ ဦးအုံးကြိုင်က ပြောကြားပါတယ်။
2011-11-22
လက်ရှိမြန်မာနိုင်ငံက တိုးတက်မှုအချို့ကို ကုလသမဂ္ဂ အထွေထွေ ညီလာခံကနေ ကြိုဆိုလိုက်ပြီး တစ်ဘက်မှာလည်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ အဓိက စိုးရိမ်စရာ ပြဿနာတွေအဖြစ် ရှိနေဆဲ ဖြစ်ကြောင်း ဝေဖန် ထောက်ပြလိုက်ပါတယ်။
2011-11-22
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးရဲ့ မြန်မာပြည် ခရီးစဉ်ကြောင့် အမေရိကန် မြန်မာ ၂ နိုင်ငံ ဆက်ဆံရေး တိုးတက် ကောင်းမွန် လာလိမ့်မယ်လို့ မျှော်လင့်ကြောင်း မြန်မာအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ပြောကြားလိုက်ပါတယ်။
2011-11-22
နိုင်ငံ့ခေါင်းဆောင်တွေအနေနဲ့ အခုလို အပြောင်းအလဲ လုပ်ဆောင်နေပြီလို့ ပြောဆိုနေတဲ့ ကာလမှာ နိုင်ငံရေးအကျဉ်းသားဆိုတဲ့ စကားရပ်နဲ့ ပတ်သက်ပြီး စဉ်းလဲတွန့်တို မနေသင့်ဘူးလို့ ဟာသသရုပ်ဆောင် ဦးသူရ ခေါ် လူရွှင်တော် ကိုဇာဂနာက မနေ့က ပြောဆိုလိုက်ပါတယ်။