သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2011-11-21
ပညာရေးကွန်ယက် ရန်ပုံငွေ ဈေးရောင်း ပွဲတော်ကို ဒီကနေ့မနက် ဆယ်နာရီက ရန်ကုန်မြို့ ပြည်လမ်း ယုဒသန်ရိပ်သာမှာ ကျင်းပခဲ့ရာ ဒေါ်အောင်ဆန်းစုကြည် တက်ရောက် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရပါတယ်။
2011-11-21
အမျိူးသား ဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲ ရောက်လာမယ်ဆိုရင် သူ့ဦးဆောင်မှုကို အပြည့်အ၀ ထောက်ခံသွားကြမှာပါလို့ တိုင်းရင်းသားနဲ့ ဒီမိုကရေစီ လွှတ်တော် အမတ် တချို့က ဒီကနေ့ ပြောကြားလိုက်ပါတယ်။
2011-11-21
မြန်မာအစိုးရရဲ့ အပစ်ခတ်ရပ်စဲရေး ကိုယ်စားလှယ် အဖွဲ့ဟာ အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၄ ဖွဲ့နဲ့ ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းက ထိုင်း မြန်မာ နယ်စပ် ဒေသမှာ တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ တိုင်းရင်းသား အဖွဲ့ ခေါင်းဆောင်တွေက အာရ်အက်ဖ်အေကို အတည်ပြု ပြောဆိုပါတယ်။
2011-11-20
အန်အယ်လ်ဒီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ အခုသီတင်းပတ် အတွင်း ပါတီ ပြန်လည် မှတ်ပုံတင်မယ်လို့ သိရပါတယ်။ အသေးစိတ် ပြင်ဆင်မှုတွေ ပြုလုပ်နေပြီ ဖြစ်ပြီး ဒီတပတ် သောကြာနေ့ မှတ်ပုံတင် လျှောက်ထားနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း အန်အယ်လ်ဒီ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက RFA ကို ဒီကနေ့ ပြောပါတယ်။
2011-11-20
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD က ပါတီ ပြန်လည် မှတ်ပုံတင်ပြီး ရွေးကောက်ပွဲ ဝင်ဖို့ ဆုံးဖြတ်ချက်ကို တိုင်းရင်းသား လူမျိုးများ ကောင်စီ ENC က ကြိုဆိုလိုက်ပါတယ်။ NLD ပါတီ ခေါင်းဆောင်တွေရဲ့ အခုလို ရဲရဲဝံ့ဝံ့ ဆုံးဖြတ်တဲ့ နိုင်ငံရေး စိတ်ဓါတ်ကို အသိအမှတ်ပြု လေးစားတဲ့ အနေနဲ့ အခုလို ကြိုဆိုရတာ ဖြစ်ကြောင်း ENC အတွင်းရေးမှုး ဒေါက်တာရွှေခါးက ပြောပါတယ်။
2011-11-20
အမျိုးသားညီညွတ်ရေးဆိုတာ ခေါင်းဆောင်များသာ ညီညွတ်တာကို မဆိုလိုဘဲ တနိုင်ငံလုံး စိတ်ရော ကိုယ်ပါ ညီညွတ်တာကို ဆိုလိုတယ်လို့ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက ပြောကြားခဲ့ ကြောင်း ဒီနေ့ ကျရောက်တဲ့ (၉၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြလိုက်ပါတယ်။
2011-11-20
နိုင်ငံ တနိုင်ငံ တိုးတက်လာဖို့ ပညာရေးက အင်မတန် အရေးကြီးကြောင်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ ရန်ကုန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံး အစည်းအဝေးခမ်းမမှာ ဒီကနေ့ ကျင်းပတဲ့ (၉၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ မိန့်ခွန်းမှာ အလေးပေး ပြောကြားခဲ့တာ ဖြစ်ပါတယ်။
2011-11-20
ရန်ကုန်မြို့ ရွှေညဝါ သာဓု ပရိယတ္တိ စာသင်တိုက်မှာ ဒီကနေ့ မနက်ပိုင်းက နိုင်ငံရေးအကျဉ်းသားဟောင်းတွေ စုပေါင်းပြီး အမျိုးသားအောင်ပွဲနေ့ အခမ်းအနား ကျင်းပခဲ့ပါတယ်။
2011-11-20
ဒီကနေ့ မြန်မာပြည်တွင်း နိုင်ငံရေးဖြစ်စဉ် တိုးတက်ပြောင်းလဲမှုတွေအရ ပြည်ပရောက် အမျိုးသား ညွန့်ပေါင်းအစိုးရအဖွဲ့ NCGUB အနေနဲ့ ဆက်လက် ရပ်တည်စရာ မလိုတော့ကြောင်း ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်းက ပြောပါတယ်။
2011-11-19
နမ့်ခမ်းမြို့က ကချင်အမျိုးသမီးတွေကို အစိုးရတပ်က မသင်္ကာလို့ ဆိုပြီး မနေ့က ဖမ်းဆီး ခေါ်ဆောင်သွားပြီး အခုချိန်အထိ ပြန်မလွှတ်သေးဘူးလို့ သိရပါတယ်။
2011-11-19
မြန်မာအစိုးရအနေနဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်မယ်ဆိုတဲ့ ကတိကဝတ်တွေ အတိုင်း အပြည့်အဝ ဆောင်ရွက်မှသာ ၂ဝ၁၄ ခုနှစ် အာဆီယံ အလှည့်ကျဥက္ကဋ္ဌအဖြစ် မြန်မာအစိုးရ တာဝန်ယူကျင်းပမယ့် အရှေ့အာရှ ထိပ်သီးဆွေးနွေးပွဲကို တက်ရောက်မှာဖြစ်ကြောင်း သြစတြေလျဝန်ကြီးချုပ် မစ္စ Julia Gillard က ပြောလိုက်ပါတယ်။
2011-11-19
မြန်မာအစိုးရအနေနဲ့ ၂ဝ၁၄ အာဆီယံ ဥက္ကဋ္ဌ ဖြစ်လာမယ့် အချိန်အထိ စောင့်မနေဘဲ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုအားလုံးကို အမြန်ဆုံး လုပ်ဆောင်သင့်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူး ချုပ် မစ္စတာဘန်ကီမွန်းက သမ္မတဦးသိန်းစိန်ကို တိုက်တွန်း ပြောဆိုလိုက်ပါတယ်။
2011-11-19
၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြန်လည် ပြင်ဆင်ရေး အပါအဝင် အချက် (၃) ချက်အပေါ် အခြေခံပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ပါတီ မှတ်ပုံပြန်တင်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ပြောကြားလိုက်ပါတယ်။
2011-11-18
ထောင်ပြောင်းခံကြရတဲ့ နိုင်ငံရေးအကျဉ်းသားတချို့ကို မိသားစုတွေက ဒီကနေ့ တွေ့ဖို့ ကြိုးစားပေမဲ့ တွေ့ခွင့်မပေးတဲ့ အပြင် ထောင်ပြောင်းကြောင်း အတည်ပြု ပြောကြားတာ မရှိဘူးလို့ နိုင်ငံရေး အကျဉ်းသား မိသားစုဝင်တွေက ပြောပါတယ်။
2011-11-18
အမေရိကန် အစိုးရနဲ့ မြန်မာ အစိုးရ အကြား ဆက်ဆံရေး တိုးမြှင့်မှုဟာ တရုတ်နိုင်ငံကို အနီးကပ် စောင့်ကြည့်ဖို့ ရည်ရွယ်ချက် မရှိတဲ့ အတွက် တိုးတက်မှု တစ်ရပ် အဖြစ် တရုတ် အစိုးရ ရှုမြင် ကြိုဆိုသင့်တယ်လို့ အမေရိကန် အစိုးရက ဒီကနေ့ ပြောလိုက်ပါတယ်။