သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2012-12-06
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁ ရက်နေ့က တောင်းဆိုခဲ့တာတွေကို အာဏာပိုင်တွေဘက်က တုန့်ပြန် လိုက်လျောမှု မရှိသေးတဲ့အတွက် မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ သီရိဟေမာ အရှေ့ရပ်မှာရှိတဲ့ အိမ်တော်ရာဘုရားမှာ သံဃာတော်အပါး (၃၀၀) လောက်ဟာ ဒီကနေ့ နေ့လည်တစ်နာရီမှာ ထိုင်သပတ်ကို စတင် ဆင်နွဲခဲ့ကြပါတယ်။
2012-12-06
လက်ပံတောင်းတောင်အရေး စုံစမ်းစစ်ဆေးရေး ကော်မရှင်အနေနဲ့ အမှန်တရားကို ဖော်ထုတ်ပြီး အမှန်ကို အမှန်အတိုင်း၊ အရှိကို အရှိတိုင်းသာ တွေ့ရှိချက်တွေကို ရဲရဲဝံ့ဝံ့နဲ့ အမှန်အတိုင်း တင်ပြသွားမယ်လို့ စုံစမ်းစစ်ဆေးရေးကော်မရှင် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။
2012-12-06
ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေလိုမျိုး နောက်ထပ် မဖြစ်ပွားဖို့အတွက် လူ့အဖွဲ့အစည်း ၂ ခုအကြား သင့်မြတ်အောင် လုပ်ဆောင် မယ်ဆိုရင် မြန်မာအစိုးရကို ကုလသမဂ္ဂ အဖွဲ့အစည်း အနေနဲ့ ကူညီပေးသွားမှာ ဖြစ်ကြောင်း ထိုင်းနိုင်ငံ အခြေစိုက် အာရှနဲ့ ပစိဖိတ်ဒေသ ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာ အရေးပေါ် ကူညီကယ်ဆယ်ရေး အဖွဲ့ ပြန်ကြားရေးတာဝန်ခံ Ms. Kirsten Mildren က သတင်းထောက်တွေကို ပြောပါတယ်။
2012-12-06
နိုင်ငံတကာ ငွေပေးချေရေးကဒ်ဖြစ်တဲ့ Master Card ကို မြန်မာနိုင်ငံမှာ ပထမဆုံးအဖြစ် CB Bank ရဲ့ ATM စက်တွေမှာ အသုံးပြုနိုင်ဖို့အတွက် အာရှပစိဖိတ်ဒေသဆိုင်ရာဥက္ကဌနဲ့ CB Bank ဒါရိုက်တာအဖွဲ့ဝင်တွေဟာ ဒီကနေ့ ရန်ကုန်မြို့ ကန်တော်ကြီးပတ်လမ်းမှာရှိတဲ့ ချက်ထရီယမ်ဟိုတယ်မှာ တွေ့ဆုံပွဲ ကျင်းပခဲ့ပါတယ်။
2012-12-06
ထိုင်းဝန်ကြီးချုပ်ဟောင်း လက်ရှိ ထိုင်းအစိုးရ အတိုက်အခံ ဒီမိုကရက်ပါတီရဲ့ ခေါင်းဆောင် လည်းဖြစ်တဲ့ အဘီဆစ် ဝိချာချီဝ (Abhisit) နဲ့ အဖွဲ့ဟာ ဒီကနေ့ ထိုင်း-မြန်မာနယ်စပ် မဲဆောက်ဒေသတွင်းက မြန်မာရွှေ့ပြောင်း ကလေးငယ်တွေ ပညာရေးနဲ့ ကျန်းမာရေး ကိစ္စတွေဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေကို လာရောက်လေ့လာခဲ့ပါတယ်။
2012-12-06
ရခိုင်ပြည်နယ် ဒုက္ခသည်စခန်းတွေ မှာ နေထိုင်နေကြတဲ့ မူဆလင် ရိုဟင်ဂျာ မိသားစုတွေရဲ့ အခြေအနေ ဟာ အလွန်ဆိုးဝါးနေသလို၊ မွတ်ဆလင်နဲ့ ဗုဒ္ဓဘာသာ နှစ်ဖက်စလုံးဟာ အကြောက်တရားနဲ့ နေ့စဉ်ရင်ဆိုင်နေထိုင်ကြရတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှု အကူညီပေးရေး ဆိုင်ရာ အကြီးအကဲ Valerie Amos က ဒီကနေ့ ပြောကြားလိုက်ပါတယ်။
2012-12-06
လက်ပန်းတောင်းတောင် သပိတ်စခန်း အကြမ်းဖက်ဖြိုခွဲခဲ့တဲ့ ကိစ္စနဲ့ပတ်သက်ပြီး အစိုးရက တာဝန်ယူဖြေရှင်းပေးဖို့အတွက် သံဃာတွေဟာ မနက်ဖြန် ဒီဇင်ဘာလ ၆ ရက်နေ့မှာ မြို့အတော်များများမှာ ထိုင်သပိတ်မှောက်ဆန္ဒပြဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။
2012-12-06
လက်ပန်းတောင်းတောင် အရေးအခင်း မှာ အစိုးရလုံခြုံရေးတပ်ဖွဲ့တွေက မီးလောင်ဗုံးသုံးခဲ့ခြင်း ရှိ မရှိ ကို မိမိတို့စုံစမ်းရေးကော်မရှင်က စုံစမ်းဖေါ်ထုတ်မှာဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်နဲ့ မုံရွာကြေးနီတောင် စုံစမ်း စစ်ဆေးရေးကော်မရှင် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုလိုက်ပါတယ်။
2012-12-05
အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဌာန၊ အရှေ့တောင်အာရှရေးရာ ညွှန်ကြားရေးမှူး မစ္စတာ Mr.Ike Reed နဲ့ အဖွဲ့ဟာ ဒီဇင်ဘာလ ၅ ရက်နေ့ ဒီနေ့နေ့လည်ပိုင်းက မန္တလေးကဆရာတော် ၅ ပါးထံ ရောက်ရှိခဲ့ပြီး မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မစေတိယ စာကြည့်တိုက် ကျောင်းဆောင်မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
2012-12-05
မြန်မာနိုင်ငံမှာ ရင်းနှီးမြှပ်နှံမှု ဥပဒေသစ် ပေါ်ပေါက်လာပြီဖြစ်ပေမဲ့ သတ္တုတူးဖေါ်ရေးလုပ်ငန်းနဲ့ပတ်သက်ပြီး ရင်နှီးမြှပ်နှံလိုသူတွေအတွက် အခက်အခဲတွေရှိနေသေးတယ်လို့ သတ္တုမိုင်းကုမ္ပဏီတွေက ပြောဆိုကြပါတယ်။ စင်္ကာပူနိုင်ငံမှာကျင်းပနေတဲ့ မြန်မာနိုင်ငံ သတ္တုတူးဖေါ်ရေးလုပ်ငန်း ရင်းနှီးမြှုပ်နှံမှုဆွေးနွေးပွဲမှာ ပြောဆိုကြတာဖြစ်ပါတယ်။
2012-12-05
ကချင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်အတွင်း က ဒုက္ခသည်ပြည်သူတွေအတွက် ပန်းခရမ်းပြာ၏ အိပ်မက်များ ဂီတအဖွဲ့က အလှူငွေပေးအပ်ပွဲ အခမ်းအနားကို ရန်ကုန်မြို့ မြောက်ဒဂုံမှာရှိတဲ့ နာရေးကူညီမှုအသင်း(ရန်ကုန်)မှာ ဒီဇင်ဘာလ ၅ ရက် ဒီကနေ့ ကျင်းပခဲ့ပါတယ်။
2012-12-05
ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်မှာ လက်ပန်းတောင်းတောင် သပိတ်စခန်းတွေ အကြမ်းဖက်ဖြိုခွဲခံခဲ့ရတဲ့အပေါ် ကန့်ကွက်တဲ့စာသားပါ တီရှပ်အင်္ကျီတွေ ဆင်တူဝတ်ဆင်ထားတဲ့ လူအင်အား ၁ဝဝ ကျော်ဟာ ဒီကနေ့ ဒီဇင်ဘာလ ၅ ရက်နေ့ မနက်ပိုင်းတစ်ကြိမ်၊ ညနေပိုင်းမှာ တစ်ကြိမ် တစ်နေ့ နှစ်ကြိမ် လမ်းလျှောက်ဆန္ဒပြခဲ့ကြပါတယ်။
2012-12-05
ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ဧရာဝတီတိုင်းမှာ အချိန်အခါမဟုတ် မိုးရွာတဲ့အတွက် စပါးစိုက်ဧက ငါးသိန်းကျော်အထိ ပျက်စီးနိုင်ပြီး တောင်သူတွေ အခက်အခဲဖြစ်နေတဲ့ အတွက် မြန်မာနိုင်ငံ တောင်သူလယ်သမားအသင်းက အစိုးရ၊ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့တွေနဲ့ လွှတ်တော်က သက်ဆိုင်ရာ ကော်မီတီတွေကို အရေးပေါ် အကူအညီပေးဖို့ တင်ပြထားကြောင်း သိရပါတယ်။
2012-12-05
၂ဝ၁၂ ခုနှစ်အတွင်း ကမ္ဘာ့နိုင်ငံပေါင်း ၁၇၆ နိုင်ငံရဲ့ အဂတိလိုက်စားမှု အခြေအနေကို လေ့လာရာမှာ မြန်မာ နိုင်ငံဟာ အဆိုးဝါးဆုံးနိုင်ငံထဲမှာ ပါရှိနေတာတွေ့ရပါတယ်။ နိုင်ငံတွေရဲ့ ပွင့်လင်းမြင်သာမှုနဲ့ အဂတိလိုက်စားမှု အခြေအနေ ကို လေ့လာတဲ့အဖွဲ့Transparency International ဒီကနေ့ ဒီဇင်ဘာလ ၅ ရက်နေ့မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားတာဖြစ်ပါတယ်။
2012-12-04
ထိုင်းကုန်သွယ်ရေး ဘုတ်အဖွဲ့နဲ့ ထိုင်းကုန်သည်ကြီးများအသင်း TCC တို့ ဦးဆောင်တဲ့ စီပွားရေးအဖွဲ့ တစ်ဖွဲ့ဟာ လာမယ့် သီတင်းပတ် အတွင်း မြန်မာနိုင်ငံကို လာရောက်မှာပါ။