သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2012-02-11
ဒီနေ့မနက်ပိုင်းက ရခိုင်ပြည်နယ် သံတွဲမြို့လယ်က ဗဟိုဈေးကြီး မီးလောင်ခဲ့ပါတယ်။ မီးသတ်ကား မလုံလောက်မှုကြောင့် အချိန်မီ မငြိမ်းသတ်နိုင်ခဲ့လို့ ဈေးတခုလုံး နီးပါး လောင်ကျွမ်းသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2012-02-11
NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ကြားဖြတ် ရွေးကောက်ပွဲမှာ သူ ပါဝင်ယှဉ်ပြိုင်မယ့် ကော့မှူးမြို့နယ်ကို ပါတီစည်းရုံးရေး ခရီးစဉ်အဖြစ် ဒီနေ့ ပထမဆုံး သွားရောက်ခဲ့ရာ လမ်းတလျှောက် ပရိသတ် တိုး မပေါက်အောင် ကြိုဆို အားပေးကြကြောင်းသိရပါတယ်။
2012-02-10
သောကြာနေ့ နံနက် ၂ နာရီလောက်က အာဏာပိုင်တွေ လာရောက် ခေါ်ဆောင်သွားတဲ့ အရှင်ဂမ္ဘီရကို ည ၉ နာရီလောက်မှာ ပြန်လည် လွှတ်ပေးလိုက်ကြောင်း သတင်းရရှိပါတယ်။
2012-02-10
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို UNESCO က ၂၀၀၂ ခုနှစ်အတွက် ချီးမြှင့်ခဲ့တဲ့ Madanjeet Singh ဆုကို ရန်ကုန်၊ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်မှာ ဒီနေ့ မနက်ပိုင်းက လာရောက် ပေးအပ်ပါတယ်။
2012-02-10
ရန်ကုန်မြို့က ဥပဒေပညာရှင်တွေ ဦးစီးပြီး လယ်သမား အခွင့်အရေး ဥပဒေတွေနဲ့ ပတ်သက်တဲ့ စာတမ်းဖတ်ပွဲကို ဒီကနေ့ နေ့လယ်က ရန်ကုန်မြို့က တော်ဝင်နှင်းဆီခြံမှာ ကျင်းပခဲ့ကြပါတယ်။
2012-02-10
ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု ဦးဆောင် ဆရာတော် အရှင်ဂမ္ဘီရနဲ့ အခြားဆရာတော်တချို့ အကျဉ်းထောင်က ပြန်လွတ်လာတဲ့နောက် သီတင်းသုံးခဲ့တဲ့ မဂ္ဂင်ကျောင်းတိုက်ကို ချိတ်ပိတ် ထားခဲ့ရာမှ သက်ဆိုင်ရာက ဒီကနေ့ နေ့လယ် ပြန်ဖွင့်ပေးလိုက်ပြီလို့ သိရပါတယ်။
2012-02-10
၁၉၉၂ ခုနှစ် ဖေဖော်ဝါရီလတုန်းက မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF မြောက်ပိုင်း) ဒေသမှာ အစိုးရ သူလျှိုတွေအဖြစ် စွပ်စွဲခံရပြီး ဖမ်းဆီး ညှဉ်းပန်း သတ်ဖြတ်ခံရသူတွေအတွက် ရည်စူးကာ ကျန်ရှိနေတဲ့ ကျောင်းသားတွေနဲ့ မိသားစုဝင်တွေက ရန်ကုန်မြို့မှာ ဒီကနေ့ ဆွမ်းကပ် အမျှအတမ်းဝေခဲ့ကြပါတယ် ။
2012-02-10
ဗိုလ်ထိန်မောင်ခေါ် ဗိုလ်ချုပ်ကြီး စောဌေးမောင် ခေါင်းဆောင်တဲ့ အဖွဲ့ဝင် ၁၄ ဦးပါ ကရင် ငြိမ်းချမ်းရေး ကောင်စီအဖွဲ့ဟာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဒီကနေ့ ညနေပိုင်းက နေအိမ်မှာ သွားရောက် တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
2012-02-09
ရေ့ွှဝါရောင် သံဃာ့လှုပ်ရှားမှု ဦးဆောင်ဆရာတော် အရှင်ဂမ္ဘီရကို ဒီကနေ့ မနက် ၂ နာရီလောက်က လာရောက် ဖမ်းဆီးသွားကြောင်း သတင်း ရရှိပါတယ်။
2012-02-09
မြန်မာနိုင်ငံကို အခုထက်သာတဲ့ အာဆီယံ အသင်းဝင်နိုင်ငံ တစ်နိုင်ငံအဖြစ် လာမယ့် ဆယ်စုနှစ်မှာ တွေ့ချင်တယ်လို့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။
2012-02-09
နိုင်ငံရေး လုပ်တဲ့အခါ ပြည်သူကို မလှည့်ဖြားဖို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အန်အယ်လ်ဒီ လူငယ်တွေကို တိုက်တွန်း ပြောဆိုလိုက်ပါတယ်။
2012-02-09
မြန်မာနိုင်ငံမှာ အသစ် ပြဋ္ဌာန်းမယ်ဆိုတဲ့ မီဒီယာ ဥပဒေဟာ သတင်းနဲ့ စာနယ်ဇင်း လွတ်လပ်ခွင့်ကို အာမခံနိုင်ဖွယ် မရှိဘူးလို့ BMA ခေါ် မြန်မာ့သတင်း သမဂ္ဂက ထုတ်ဖေါ်ပြောဆိုလိုက်ပါတယ်။
2012-02-09
ကျောင်းပြန်တက်ခွင့် ရရေးကို ဥပဒေနည်းလမ်းနဲ့ ဆောင်ရွက်ဖို့ ဒေါ်အောင်ဆန်းကြည်က နိုင်ငံရေး အကျဉ်းသားဟောင်း ကျောင်းသားတွေကို ဒီကနေ့ အကြံပေးလိုက်ပါတယ်။
2012-02-09
မြန်မာနိုင်ငံ အကျဉ်းထောင်တွေထဲက ကျန်ရှိနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေ မလွှတ်မချင်း အမေရိကန်ရဲ့ပိတ်ဆို့ဒဏ်ခတ်မှုတွေ ရုပ်သိမ်းသွားမှာ မဟုတ်ဘူးလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Hillary Clinton က မနေ့က ပြောကြားလိုက်ပါတယ်။
2012-02-09
မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဝန်ထမ်းတွေကို လစာနဲ့ အခြားအခွင့်အရေးတွေ အလျင်အမြန် တိုးပေးဖို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားခဲ့တာကို ကြိုဆိုလိုက်ပြီး တစ်ပြိုင်တည်းမှာပဲ အကျင့်ပျက် လာဘ်စားပြီး ချမ်းသာ ကြွယ်ဝနေသူတွေကို ထိထိရောက်ရောက် အရေးယူဖို့လည်း လိုအပ်ကြောင်း ဝေဖန် ပြောဆိုလိုက်ပါတယ်။