သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2012-11-23
အမေရိကန်ပြည်ထောင်စုအပါအဝင် တခြားနိုင်ငံတွေက မြန်မာနိုင်ငံနဲ့ နီးနီးကပ်ကပ်ဆက်ဆံဖို့ ကြိုးစားလာတာဟာ မြန်မာနိုင်ငံပေါ် နှစ်ပေါင်းများစွာ စိန်ခေါ်သူမရှိ သြဇာလွှမ်းမိုးလာတဲ့ တရုတ်နိုင်ငံကို ခြိမ်းခြောက်ရာရောက်နေတယ်လို့ ပညာရှင်တွေက ရှုမြင်ကြပါတယ်။
2012-11-22
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ နယူးဇီလန်ဝန်ကြီးချုပ် Mr. John Key တို့ဟာ နိုဝင်ဘာလ ၂၂ ရက်နေ့ညနေ ၄ နာရီခွဲက နေပြည်တော် သင်္ဂဟဟိုတယ်မှာ တွေ့ဆုံ ခဲ့ပါတယ်။
2012-11-22
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ အနော်ရထာ စက်မှုဇုန်စီမံကိန်းအတွက် သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေ ပြန်လည်ရရှိဖို့ကို လှိုင်သာယာမြို့နယ် အတွင်းပဒံ၊ အပြင်ပဒံ စတဲ့ ကျေးရွာတွေက လယ်သမား (၃ဝ) နီးပါးလောက်ဟာ ဒီကနေ့ မနက်ပိုင်းက လသာမြို့နယ်က ဝါဝါဝင်းကုမ္ပဏီရုံးရှေ့ကနေ ဗိုလ်ချုပ်လမ်းမကြီးအတိုင်း မြို့၊ ရွာနဲ့ အိုးအိမ် ဖွံ့ဖြိုးမှုဦးစီးဌာနရှေ့ကို လမ်းလျှောက် ဆန္ဒပြခဲ့ကြပါတယ်။
2012-11-22
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ချပ်ကြီးဘူတာမှာ ဒီလ ၉ ရက်နေ့က ဆီရထားတွဲ မှောက်ရာက မီးလောင်ပြီး ထိခိုက်ဒဏ်ရာရသူတွေ ကန့်ဘလူဆေးရုံမှာ မနေ့ကအထိ ၁၀ ရက် အတွင်း သေဆုံးတဲ့လူနာပေါင်း ၃၁ ယောက် ရှိသွားပြီလို့သိရပါတယ်။ လောလောဆယ် ကျန်ရှိတဲ့လူနာက ၃၀ လောက် ရှိသေးတယ်လို့လည်း သိရပါတယ်။
2012-11-22
ရွှေပါရမီတောရ ဆရာတော် အရှင်ဆန္ဒာဓိက ဦးဆောင်တဲ့ ရွှေပါရမီ ကျန်းမာရေးဖောင်ဒေးရှင်းက ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ အမှတ် (၁)ရပ်ကွက် မိုးကုတ်စက်ဝိုင်းကျောင်းတိုက်မှာ လာရောက်ပြီး အခမဲ့ဆေးကုသပေးနေရာမှာ မဲဆောက်ရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများပါသွားရောက် ဆေးကုသခံယူကြပါတယ်။
2012-11-22
ပြီးခဲ့တဲ့ဇွန်လက ရခိုင်ပြည်နယ် အတွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ပတ်သက်ပြီး အာဏာပိုင်တွေက အမှု ၅ မှုနဲ့ဖမ်းဆီးထိန်းသိမ်းခဲ့တဲ့ ဒေါက်တာထွန်းအောင်(ခေါ်) နုရာဟက်ကို စစ်တွေခရိုင် တရားရုံးက အလုပ်နဲ့ ထောင်ဒဏ် ၁၂ နှစ် ကျခံစေဖို့ မနေ့က အပြီးသတ် အမိန့် ချမှတ်လိုက်ပါတယ်။
2012-11-22
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် က ဒီမိုကရေစီ တကယ်လိုလားရင် ဒီမိုကရေစီ နည်းမကျတဲ့ လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေကို မလွဲမသွေပြုပြင်ဖို့လိုကြောင်း ပြောဆိုလိုက်ပါတယ်။
2012-11-21
မြန်မာနိုင်ငံရဲ့ ပညာရေးကဏ္ဍ ခေတ်မီ တိုးတက်ရေးအတွက် အမေရိကန် ပြည်ထောင်စုမှာရှိတဲ့ တက္ကသိုလ် (၈) ခု က ပူးပေါင်းဆောင်ရွက်ဖို့ စီစဉ်နေကြရာမှာ အင်ဒီယားနား ပြည်နယ် က Ball State တက္ကသိုလ်ကလည်း (၉) ခုမြောက်တက္ကသိုလ်အဖြစ် ပါဝင်လာခဲ့ပါတယ်။
2012-11-21
IAEA ခေါ် နိုင်ငံတကာ အနုမြူစွမ်းအင်အေဂျင်စီရဲ့ နောက်တိုးလိုက်နာရန် အချက်အလက်များ (Additional Protocol) ကို မြန်မာနိုင်ငံက လက်မှတ်ရေးထိုးမှာဖြစ်ကြောင်း အစိုးရက ကြေညာခဲ့ပေမဲ့ အမေရိကန် ပြည်ထောင်စု လွှတ်တော်အမတ်တချို့နဲ့ ကျွမ်းကျင်သူ တချို့ကတော့ သတိနဲ့ စောင့်ကြည့်ရဦးမယ်လို့ ပြောဆိုကြပါတယ်။
2012-11-21
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ကော့မှုး မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က အကျင့်ပျက်ချစားမှု တိုက်ဖျက်ဖို့အတွက် အားလုံးမှာ တာဝန်ရှိကြောင်း ပြည်သူတွေကလည်း ပူးပေါင်းပါဝင်ရမှာဖြစ်ကြောင်း ဒီကနေ့ တိုက်တွန်းပြောဆိုပါတယ်။
2012-11-21
စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်း ကို ကန့်ကွက် ဆန္ဒပြနေတဲ့ ဒေသခံတွေဟာ နိုဝင်ဘာလ ၂၁ ရက်နေ့မှာ သပိတ်စခန်း (၄) ခုအထိဖွင့်ပြီး ကန့်ကွက် ဆန္ဒပြနေကြပါတယ်။
2012-11-21
ဧရာဝတီတိုင်း၊ ဖျာပုံခရိုင် အမာမြို့နယ်မှာ လျှပ်စစ်မီးပေးနေရာမှာ အစိုးရဖက်က ပြည်သူတွေအပေါ် ပွင့်လင်းမြင်သာမှုမရှိတဲ့အတွက် ဒေသခံတွေက တောင်းဆိုချက် (၅) ချက်နဲ့ ဒီလ (၂၃) ရက်နေ့မှာ တောင်းဆိုဆန္ဒပြမယ်လို့ သိရပါတယ်။
2012-11-21
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်မှာ အနော်ရထာစက်မှုဇုန်စီမံကိန်းအတွက် သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေ ပြန်လည်ရရှိဖို့ကို လှိုင်သာယာမြို့နယ် အတွင်းပဒံ၊ အပြင်ပဒံ စတဲ့ ကျေးရွာ ၄ ရွာက လယ်သမားတွေဟာ လသာမြို့နယ်က ဝါဝါဝင်းကုမ္ပဏီရုံးရှေ့မှာ ဆန္ဒပြနေတာ ၃ ပတ်ကျော်ကြာအပြီး ဒီကနေ့မနက်ပိုင်းမှာ လသာမြို့နယ်တဝိုက် လမ်းလျှောက်ဆန္ဒပြခဲ့ကြပါတယ်။
2012-11-21
မြန်မာအစိုးရ GE စစ်အင်ဂျင်နီယာတပ် ဝန်ထမ်း ၃ ဦးကို ဘင်္ဂလားဒေ့ရ်ှနိုင်ငံ အခြေစိုက် အာရကန် ရိုဟင်ဂျာ အမျိုးသား အစည်းအရုံး ARNO က ဖမ်းဆီးထားတယ်လို့ ယူဆတဲ့အတွက် မြန်မာနိုင်ငံ မောင်တောမြို့နဲ့ ဘင်္ဂလားဒေရှ့်နိုင်ငံတက္ကနက်မြို့တို့အကြား နေ့ချင်းပြန်သွားလာမှုကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၉ ရက်နေ့ကစပြီး မြန်မာဘက်က အကန့်အသတ်မရှိ ပိတ်ဆို့လိုက်တယ်လို့ သိရပါတယ်။
2012-11-20
ကုလသမဂ္ဂ က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ကို UNAIDS လို့ခေါ်တဲ့ ကုလသမဂ္ဂ HIV နဲ့ AIDS ကူးစက်ပျံ့ပွားမှု တားဆီးရေးဆိုင်ရာ ဂုဏ်ထူးဆောင် သံအမတ်ကြီးအဖြစ် မနေ့က ခန့်အပ်လိုက်ပါတယ်။ HIV/ AIDS ရောဂါ ကူးစက်ခံရသူတွေအပေါ် ခွဲခြားဆက်ဆံမှုတွေ ပပျောက်ရေးတာဝန်ကို ထမ်းဆောင်ဖို့အတွက် ခန့်အပ်တာဖြစ်ပါတယ်။