သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2012-04-26
ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ် ၅၅ ရပ်ကွက်မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ပေးထားတဲ့ ချေးငွေတွေကို ကြားဖြတ်ရွေးကောက်ပွဲ ပြီးသွားတဲ့ နောက်ပိုင်းမှာ ပြန်တောင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2012-04-26
ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရရှိထားတဲ့ အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ်တွေ လွှတ်တော် တက်ရောက်နိုင်ရေးအတွက် အကူအညီပေးဖို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဒုတိယ ဥက္ကဋ္ဌနဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဖြစ်သူ သူရ ဦးရွှေမန်းထံ တိုင်းရင်းသားနဲ့ တသီးပုဂ္ဂလ လွှတ်တော်အမတ်တွေက စာရေးသား တောင်းဆိုလိုက်ပါတယ်။
2012-04-26
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ NLD ကိုယ်စားလှယ်တွေ အခုကျင်းပနေတဲ့ လွှတ်တော် အစည်းအဝေးတွေကို မတက်ရောက်နိုင်သေးတဲ့ ကိစ္စဟာ လုပ်ထုံးလုပ်နည်းဆိုင်ရာ ပြဿနာ တစ်ခုသာဖြစ်ပြီး နိုင်ငံရေးပြဿနာ မဟုတ်ဘူးလို့ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ပြောကြား လိုက်ပါတယ်။
2012-04-25
မြန်မာအစိုးရအပေါ် ပိတ်ဆို့ အရေးယူထားတာတွေအားလုံးကို ချက်ခြင်း ပြန်လည်ရုပ်သိမ်းဖို့ အမေရိကန်အစိုးရမှာ ရည်ရွယ်ချက် မရှိကြောင်း အရှေ့အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ အမေရိကန် လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ Kurt Campbell က ပြောလိုက်ပါတယ်။
2012-04-25
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရ NLD ကိုယ်စားလှယ်တွေ လွှတ်တော်ထဲ ဝင်လာဖို့ တိုင်းရင်းသားနဲ့ ဒီမိုကရေစီပါတီ လွှတ်တော်အမတ်တွေက ဒီကနေ့ စာရေးသား တိုက်တွန်းလိုက်တယ်လို့ သိရပါတယ်။
2012-04-25
အမေရိကန်က မြန်မာနဲ့ ဆက်ဆံရေး ပြန်လည် ထူထောင်လာတာဟာ တရုတ်နိုင်ငံကို ဦးတည်ထား ကန့်သတ်လိုတဲ့ ရည်ရွယ်ချက်မျိုး မဖြစ်သင့်သလို တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားကို ထိခိုက်စေတဲ့ ဆက်ဆံရေးမျိုး မဖြစ်သင့်ဘူးလို့ တရုတ်အစိုးရ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ တျန်ကိုင်းက ဒီကနေ့ ပြောကြားလိုက်ပါတယ်။
2012-04-25
ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော် ကိုယ်စားလှယ်တွေ အနေနဲ့ နေပြည်တော်မှာ လက်ရှိကျင်းပနေတဲ့ ပထမအကြိမ် လွှတ်တော် တတိယ ပုံမှန်အစည်းအဝေးကို တက်ရောက်နိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း NLD က ဒီကနေ့ ပြောကြားလိုက်ပါတယ်။
2012-04-25
မြစ်ကြီးနားမြို့ ဆေးရုံနဲ့ မော်တော်ယာဉ် ထိန်းသိမ်းရေးဌာနအနီးမှာ ဒီနေ့မနက် စောစောပိုင်းက ဗုံးတစ်လုံးပေါက်ကွဲခဲ့လို့လူ ၃ ယောက် ထိခိုက်ဒဏ်ရာ ရရှိသွားကြတယ်လို့ သိရပါတယ်။
2012-04-25
ရွေးကောက်ပွဲ မသမာမှုတွေနဲ့ ပတ်သက်ပြီး သူနဲ့ယှဉ်ပြိုင်ခဲ့တဲ့ မင်္ဂလာတောင်ညွန့်မြို့နယ် ကြံ့ခိုင်ဖွံ့ဖြိုးရေး ကိုယ်စားလှယ်လောင်းကို NLD ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက ဒီနေ့ တရားစွဲဆိုလိုက်ပါတယ်။
2012-04-24
မြန်မာအစိုးရအပေါ် စီးပွားရေး ပိတ်ဆို့ အရေးယူထားတွေကို ဖြေလျှော့ရေးဆိုင်ရာ အမေရိကန်အစိုးရရဲ့ မဟာဗျူဟာတွေနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်ကြောင်း လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ ( HRW ) နဲ့ အဖွဲ့ (၈) ဖွဲ့က သမ္မတ အိုဘားမား ဆီကို ပူးတွဲ ပန်ကြားစာတစ်စောင် ပေးပို့ခဲ့ပါတယ်။
2012-04-24
မြန်မာနိုင်ငံရဲ့လတ်တလော ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေကို အသိအမှတ်ပြုတဲ့အနေနဲ့ ပိတ်ဆို့အရေးယူမှု အများစုကို ယာယီ ဆိုင်းငံ့လိုက်တော့မှာ ဖြစ်ကြောင်း ကနေဒါနိုင်ငံ ပြောလိုက်ပါတယ်။
2012-04-24
မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်မှာ ပုဂ္ဂလိက ရွှေရှာဖွေရေး ကုမ္ပဏီနဲ့ ဒေသခံအာဏာပိုင်တွေရဲ့ ရွှေတူးဖော်မှုကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပြီး ဒေသခံတွေ နစ်နာမှုအတွက် တိုင်ကြားသူတွေကို အာဏာပိုင်ဘက်က တန်ပြန် အရေးယူနေတယ်လို့ သတင်းရရှိပါတယ်။
2012-04-24
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကို ပြည်ထောင်စု အဆင့်ကနေ ပယ်ဖျက်ပြီး သမ္မတရုံး ဘတ်ဂျက်နဲ့ လုပ်ငန်းဆောင်ရွက်စေမှာ ဖြစ်ကြောင်း ဒီကနေ့ ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော် ပထမအကြိမ်၊ တတိယ ပုံမှန်အစည်းအဝေးကနေ ဆုံးဖြတ်လိုက်ပါတယ်။
2012-04-24
အကျဉ်းထောင် အသီးသီးမှာ မိမိတို့ ကျခံနေရစဉ်အတွင်း မိဘဆွေမျိုး မောင်နှမတွေ ပင်ပန်းဆင်းရဲခဲ့တာကို သာသနာနဲ့ ပြန်လည် အကျိုးပြုသောအားဖြင့် (၈၈) ကျောင်းသားတချို့နဲ့ ဗကသ ကျောင်းသားတချို့ မနေ့ ညနေက ကြည့်မြင်တိုင်မြို့နယ်၊ နတ်စင်လမ်းမှာရှိတဲ့ သာဓုပရိယတ္တိ စာသင်တိုက်မှာ ရဟန်းခံအလှူပွဲ ပြုလုပ်ခဲ့ပါတယ်။
2012-04-24
ပအို့ဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ဟာ အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နဲ့ ဒုတိယအကြိမ် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲကို မေလအတွင်း ပြုလုပ်ဖို့ ရှိတယ်လို့ PNLO အထွေထွေ အတွင်းရေးမှူး ခွန်မြင့်ထွန်းက ပြောပါတယ်။