သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2012-05-18
မကွေးတိုင်း၊ မြိုင်မြို့ အရှေ့ဘက် ၁၈ မိုင်လောက်ဝေးတဲ့ ကျောက်ဖူးရွာမှာ သောက်သုံးရေရှားပါး ပြတ်လပ်နေကြတယ်လို့ သတင်းရရှိပါတယ်။
2012-05-17
မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူထားတဲ့ ငွေကြေးဝန်ဆောင်မှု လုပ်ငန်းတွေနဲ့ ရင်းနှီးမြှုပ်နှံမှု အသစ်တွေမလုပ်ဖို့ တားမြစ်ထားတွေကို လျော့ပေါ့ပေးလိုက်ကြောင်း အမေရိကန်သမ္မတက မနေ့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
2012-05-17
မြန်မာနိုင်ငံခြားရေးဝန်ကြီး နဲ့အတူ မနေ့က ကျင်းပခဲ့တဲ့ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲမှာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်က ကျန်ရှိနေသေးတဲ့ နိုင်ငံရေး အကျဉ်းသားအားလုံး လွတ်မြောက်လာတာကို တွေ့မြင်ချင်ပါကြောင်း သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။
2012-05-17
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် အဖြစ် မြန်မာဆိုင်ရာ မူဝါဒညှိနှိုင်းရေးမှူး နဲ့ အထူး ကိုယ်စားလှယ် မစ္စတာ Derek Mitchell ကို သမ္မတ အိုဘားမားက တရားဝင် အဆိုပြုလိုက်ပါတယ်။
2012-05-17
ကေအိုင်အို ကချင်လွတ်မြောက်ရေး တပ်မတော်နဲ့ မြန်မာအစိုးရတပ်တွေအကြား ဖြစ်ပွားနေတဲ့ စစ်ရေး ပဋိပက္ခကို ကြားဝင်ဖြေရှင်းပေးဖို့ ကေအိုင်အေ ဥက္ကဋ္ဌ ဦးဇောင်းဟရားက ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီးမွန်းထံ စာရေးသား တိုက်တွန်းလိုက်ပါတယ်။
2012-05-17
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီစည်းရုံးရေးခရီးစဉ်အတွင်း ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံများ ပြသရောင်းချပွဲကို ရန်ကုန်မြို့ ပြင်သစ်သံရုံးမှာ ဒီကနေ့ ဖွင့်လှစ်ကျင်းပပါတယ်။
2012-05-17
ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာကျေးရွာမှာ အိုးအိမ်နဲ့ မြေစာရင်းဌါနကသိမ်းထားတဲ့ လယ်တွေကို ပြန်ပြီးလုပ်ပိုင်ခွင့်ပေးဖို့ လယ်သမားတွေက သက်ဆိုင်ရာကို တောင်းဆိုလိုက်ပါတယ်။
2012-05-17
ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းအတွက် တနင်္သာရီတိုင်း ထားဝယ်မြို့နယ်က ဒေသခံတွေနဲ့ လိုက်လံတွေ့ဆုံနေတဲ့ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ကို ဆိုင်းဘုတ်တွေနဲ့ မကြိုဆိုရဘူးဆိုတဲ့ ဒေသခံအာဏာပိုင်တွေရဲ့ တားမြစ်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။
2012-05-17
Grand Royal အရက်ချက်စက်ရုံက လုပ်ခလစာ တိုးပေးဖို့ တောင်းဆိုနေတဲ့ အလုပ်သမားတွေကို အလုပ်ရှင်က အပြည့်အ၀ လိုက်လျောခြင်းမရှိသလို၊ အလုပ်ပြန်ဆင်းတာကိုလည်း လက်မခံဘူးလို့ သိရပါတယ်။
2012-05-16
မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ဟာ ဒီကနေ့ ဝါရှင်တန်ဒီစီမြို့တော်မှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် အပါအဝင် အမေရိကန် ထိပ်ပိုင်းအရာရှိတွေနဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။
2012-05-16
ချင်း၊ ရခိုင်၊ မွန်၊ ကရင် စတဲ့ တိုင်းရင်းသားပါတီ အသီးသီးနဲ့ စုဖွဲ့ထားတဲ့ ညီနောင်တိုင်းရင်းသား ပါတီကြီးတစ်ခုကို အခု ၆ လအတွင်း တည်ထောင်နိုင်ဖို့ စည်းရုံးလှုပ်ရှားမှုတွေ စတင်ဆောင်ရွက်နေပြီလို့ ချင်းအမျိုးသားပါတီ ဥက္ကဋ္ဌ ဦးဇိုဇမ်က RFA ကို ဒီကနေ့ အတည်ပြု ပြောကြားလိုက်ပါတယ်။
2012-05-16
ထိုင်း မြန်မာနယ်စပ် မဲဆောက်ဒေသတွင်းက ရွှေ့ပြောင်း မြန်မာအလုပ်သမားတွေ ပတ်စ်ပို့လုပ်ဖို့ ငွေအကြေသွင်းထားပြီးပေမယ့် ယနေ့တိုင် ပတ်စ်ပို့မရဘဲ ဒုက္ခရောက်နေတယ်လို့ စုံစမ်းသိရပါတယ်။
2012-05-16
အိန္ဒိယနိုင်ငံမှာ ခိုလှုံခွင့်လျှောက်ထားတဲ့ မြန်မာဒုက္ခသည် ၂၅၀၀ ကျော်အတွက် တရားဝင် ရေရှည်နေထိုင်ခွင့် ဗီဇာတွေ ထုတ်ပေးတော့မယ်လို့ UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက သတင်း ထုတ်ပြန်လိုက်ပါတယ်။
2012-05-16
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဇိုမီးအမျိုးသားကွန်ကရက်ပါတီ (ZNC) ရဲ့အမည်နာမကို လက်မခံတဲ့အတွက်ကြောင့် တခြားနာမည်တစ်ခု အစားထိုးပြီး နိုင်ငံရေးပါတီ တည်ထောင်ခွင့် ပြန်လည်လျှောက်ထားမယ်လို့ ပါတီ ဥက္ကဋ္ဌ ပူးကျင့်ရှင်းထန်းက ပြောကြားလိုက်ပါတယ်။
2012-05-16
သြစတြေးလျနိုင်ငံ Center for Democracy Institution က စီစဉ်ဆောင်ရွက်ပြီး ကမ်ဘာရာမြို့တော်ရှိ သြစတြေးလျ အမျိုးသားတက္ကသိုလ်မှာ ကျင်းပမယ့် နိုင်ငံရေးပါတီခေါင်းဆောင်များ နှီးနှောဖလှယ်ပွဲကို မြန်မာနိုင်ငံက နိုင်ငံရေး ပါတီခေါင်းဆောင် အနည်းဆုံး ၅ ဦး တက်ရောက် ဆွေးနွေးမယ်လို့ သတင်းရရှိပါတယ်။