သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2012-02-03
မတရားရယူထားတဲ့ ဖြောင့်ချက်တွေပေါ်မူတည်ပြီး အပြစ်ပေးခံထားရသူတွေကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ AHRC အာရှ လူ့အခွင့်အရေး ကော်မရှင်က ဒီနေ့ မေတ္တာရပ်ခံလိုက်ပါတယ်။
2012-02-03
သားသတ်လိုင်စင် လေလံပွဲပြုလုပ်တဲ့ ဧရာဝတီတိုင်း ပုသိမ်မြို့ စည်ပင်သာယာရေး အဖွဲ့ရုံးရှေ့မှာ မနေ့က မနက်ပိုင်းက အသားဈေးနှုန်း ကျဆင်းရေး ဆန္ဒပြသူတွေထဲက အဖမ်းခံခဲ့ရသူတွေ အခုညနေပိုင်းမှာ အာမခံနဲ့ ပြန်လည် လွတ်မြောက်လာတယ်လို့ စုံစမ်းသိရပါတယ်။
2012-02-03
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tomas Ojea Quintana ဟာ ဒီကနေ့ ညနေမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တစ်နာရီကျော်ကြာ တွေ့ဆုံပြီး လူ့အခွင့်အရေး ကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
2012-02-02
မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ အမေရိကန် အစိုးရရဲ့ ပိတ်ဆို့ အရေးယူမှုတွေ ရုပ်သိမ်းဖို့ အချိန်မတန်သေးကြောင်း၊ အနုပညာရှင် ကိုဇာဂနာနဲ့ လွှတ်တော် ကိုယ်စားလှယ်ဟောင်း ကချင်ပြည်နယ်အရေး လှှုပ်ရှားသူ ဒေါ်ဘောက်ဂျာတို့က ပြောလိုက်ပါတယ်။
2012-02-02
မန္တလေးတိုင်းကို ဖေဖေါ်ဝါရီ ၄ ရက်နဲ့ ၅ ရက် သွားရောက်မယ့် ပါတီစည်းရုံးရေး ခရီးစဉ်မှာ လူထုကို မိန့်ခွန်းပြောဖို့ နေရာအခက်အခဲ ကြုံနေရတာကြောင့် ဒေါ်အောင်ဆန်းစုကြည်က ခရီးစဉ်ရက်ကို မနေ့ညက ရွှေ့ဆိုင်းလိုက်တယ်လို့ အန်အယ်လ်ဒီပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးအုံးကြိုင်က ပြောပါတယ်။
2012-02-02
အဖမ်းခံရသူ မိသားစုဝင်တွေက အကူအညီ တောင်းတဲ့အတွက် ကချင်ပြည်နယ် အတွင်းမှာ မြန်မာအစိုးရတပ်က ဖမ်းဆီးထားတဲ့ အရပ်သားတွေနဲ့ ပတ်သက်ပြီး မြစ်ကြီးနားက ရှေ့နေ ဦးမာခါးက ပြည်ထောင်စု တရားလွှတ်တော်ချုပ် ရှေ့တော်သွင်း စာချွန်တော် လျှောက်ထားလိုက်တယ်လို့ သိရပါတယ်။
2012-02-02
မြန်မာအစိုးရက ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း လွှတ်ပေးလိုက်တဲ့ နိုင်ငံရေးအကျဉ်းသား ၂၉၉ ဦးရှိပြီး အကျဉ်းထောင် အသီးအသီးမှာ ဆက်လက် ချုပ်နှောင်ခံထားရဆဲ နိုင်ငံရေး အကျဉ်းသား အနည်းဆုံး ၇၀၀ လောက်ရှိတယ်လို့ AI ခေါ် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်း ချမ်းသာခွင့်အဖွဲ့က ဒီကနေ့ သတင်း ထုတ်ပြန်လိုက်ပါတယ်။
2012-02-02
အန်အယ်လ်ဒီပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပါတီစည်းရုံးရေး ခရီးစဉ်အဖြစ် မန္တလေးတိုင်းကို ဖေဖော်ဝါရီ ၄ ရက်နဲ့ ၅ ရက်မှာ သွားရောက်တဲ့အခါ မန္တလေးမြို့လူထုကို မိန့်ခွန်းပြောဖို့ နေရာအခက်အခဲ ကြုံနေရကြောင်း အန်အယ်လ်ဒီ တာဝန်ရှိသူတွေက ပြောပါတယ်။
2012-02-02
နှစ်ပေါင်းများစွာ ဆွေးနွေး ပြုစုထားတဲ့ ဥပဒေ ဖြစ်တဲ့အတွက်၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ အချက်အလက်တွေထဲမှာ လောလောဆယ် ပြင်ဆင်စရာ သိပ်မပါဝင်ကြောင်း အာဏာရ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ တာဝန်ရှိသူတစ်ဦး ဒီကနေ့ ပြောဆိုလိုက်ပါတယ်။
2012-02-01
အိန္ဒိယ မြန်မာနယ်စပ် တမူးမြို့ စန္ဒကူးရပ်ကွက် လူနေအိမ်တစ်လုံးမှာ ဇန်နဝါရီ ၃၁ ရက် ညနေပိုင်းက ပေါက်ကွဲမှု တစ်ရပ်ဖြစ်ပွားခဲ့လို့ အိမ်တွင်းမှာ ကစားနေတဲ့ သုံးနှစ်အရွယ် ကလေးတစ်ယောက် သေဆုံးသွားပြီး ခြောက်နှစ်အရွယ် ကလေးတစ်ဦး ဆေးရုံတင် ကုသနေရတယ်လို့ သိရပါတယ်။
2012-02-01
ပြစ်မှု ကျူးလွန်သူများ အဖြစ် အစွပ်စွဲခံခဲ့ရတဲ့ ရွှေဝါရောင် သံဃာများကို ဒီကနေ့ တိုင်း သံဃာ့မဟာနယကအဖွဲ့က သင်္ကန်းဆီးခွင့်ပြုလိုက်ပါတယ်။
2012-02-01
မွန်ပြည်သစ်ပါတီ ငြိမ်းချမ်းရေး ကိုယ်စားလှယ် ခေါင်းဆောင်တွေနဲ့ မြန်မာအစိုးရ ရထား ပို့ဆောင်ရေး ဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တို့ ဒီကနေ့ မွန်ပြည်နယ် မော်လမြိုင်မြို့မှာ တွေ့ဆုံခဲ့ကြပြီး အပစ်အခတ် ရပ်စဲရေးအတွက် ပဏာမ သဘောတူညီချက် ၅ ချက် ရခဲ့ကြတယ်လို့ သိရပါတယ်။