သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2012-02-23
မြန်မာနိုင်ငံမှာ အပြောင်းအလဲ တွေ့နေရပေမယ့် စစ်တပ်ထိန်းချုပ်မှုများတဲ့ နေရာတွေမှာ အခြေခံကျတဲ့ အပြောင်းအလဲမတွေ့ရဘဲ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အရင်အတိုင်း ဆက်ပေါ်ပေါက်နေသေးတယ်လို့ အမေရိကန်ပြည်ထောင်စု အခြေစိုက် HRW လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ရဲ့ အကြီးတန်းသုတေသီ မစ္စတာ ဒေးဗစ်မက်သီဆင် (David Mathieson) က ပြောလိုက်ပါတယ်။
2012-02-23
ဇန္နဝါရီ ၂၈ ရက်ညက ရန်ကုန် ပုဇွန်တောင် Orchid Hotel မှာ တည်းခိုနေတဲ့ ဂျပန် အမျိုးသားတစ်ဦးက မြန်မာအမျိုးသမီး ဝန်ထမ်းတစ်ဦးကို ပါးရိုက်ခဲ့မှုနဲ့ ပတ်သက်ပြီး တရားရုံးရဲ့ဆောင်ရွက်မှုတွေဟာ ဥပဒေနဲ့ ညီညွတ်ခြင်း ကင်းမဲ့နေတယ်လို့ ဟိုတယ် တာဝန်ရှိသူတွေက ပြောပါတယ်။
2012-02-23
KNU ဗဟိုကော်မတီဝင် ဖဒိုမန်းငြိမ်းမောင် အမှုနဲ့ပတ်သက်ပြီး သက်သေများအဖြစ် ရထားပို့ဆောင်ရေး ဝန်ကြီး ဦးအောင်မင်းနဲ့ နေပြည်တော် အရာရှိကြီး လေးဦးကို ခေါ်ယူဖို့ တရားခံဘက်က တင်သွင်းခဲ့တာကို အင်းစိန် အထူးတရားရုံးက ဒီကနေ့ ပယ်ချလိုက်ပါတယ်။
2012-02-23
အိမ်ခြေ ၃၀၀၀ ကျော်ရှိတဲ့ ထိုင်းမြန်မာနယ်စပ် အုန်းဖြန် ဒုက္ခသည်စခန်းမှာ ဒီကနေ့ မီးလောင်မှုကြောင့် အိမ်ခြေ တစ်ထောင်နီးပါး ပျက်စီး ဆုံးရှုံးခဲ့မယ်လို့ ခန့်မှန်းကြပါတယ်။
2012-02-23
ဒီကနေ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကို ရောက်ရှိလာတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ကချင်လူထု ထောင်ပေါင်း များစွာက ကြိုဆိုခဲ့ပါတယ်။
2012-02-22
လက်ကိုင်တယ်လီဖုန်း SIM ကဒ်တစ်ခုကို ကျပ်ငွေ ၅ ထောင်နှုန်းနဲ့သာ ပြည်သူတွေ သုံးစွဲခွင့်ရမယ်ဆိုရင် ကုန်ဈေးနှုန်း ကျဆင်းရေးနဲ့ ဆင်းရဲမွဲတေမှု လျော့ကျရေးကို အထောက်အကူ ပြုနိုင်မှာဖြစ်လို့ ဒီကိစ္စကို ခွင့်ပြုပေးဖို့ ရန်ကုန်မြို့အခြေစိုက် MDC ခေါ် ကုန်ဈေးနှုန်း ကျဆင်းရေးအဖွဲ့က မနေ့က တောင်းဆိုလိုက်ပါတယ်။
2012-02-22
မြန်မာနိုင်ငံရဲ့ လက်ရှိ ပြုပြင် ပြောင်းလဲမှုတွေဟာ နှေးကွေးလေးလံနေပြီး အားရကျေနပ်စရာ မကောင်းလှသေးဘူးလို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက မနေ့က ပြောလိုက်ပါတယ်။
2012-02-22
တေးသံရှင် ဆောင်းဦးလှိုင်ရဲ့ “နှလုံးသားတွေ လှူမယ့်ည” တစ်ကိုယ်တော် ဖျော်ဖြေပွဲကရရှိတဲ့ အလှူငွေတွေကို ၈၈ မျိုးဆက် ကျောင်းသားများ လူမှုရေးလုပ်ငန်း ရန်ပုံငွေအဖွဲ့နဲ့ နာရေးကူညီမှုအသင်းကို လှူဒါန်းပွဲ ဒီကနေ့ နာရေး ကူညီမှုအသင်း (ရန်ကုန်)ရုံး ခန်းမမှာ ကျင်းပပါတယ်။
2012-02-22
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ဝန်ထမ်းလစာ တိုးပေးရန် တင်သွင်းထားတဲ့အဆိုကို မိမိ နောက်ဆုတ်မှာမဟုတ်ကြောင်း၊ ပြည်ထောင်စုလွှတ်တော်ရဲ့ ထောက်ခံချက်နဲ့ အတည်ပြုရတာကြောင့် မဖြစ်မနေ ဆက်ပြီး ဆောင်ရွက်သွားမယ့်အကြောင်း ဒီကနေ့ ပြောဆိုပါတယ်။
2012-02-22
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မန္တလေးမြို့လူထုစည်းဝေးပွဲအတွက် မန်းတောင်ခြေ အားကစားကွင်းမှာ ကျင်းပခွင့်ပေးဖို့ မန္တလေး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က လျှောက်ထားခဲ့တာကို ပြည်ထောင်စုကော်မရှင် ဥက္ကဋ္ဌက တားမြစ် ပိတ်ပင်လိုက်ကြောင်း သိရပါတယ်။
2012-02-22
မြန်မာနိုင်ငံကို အလည်အပတ် ရောက်ရှိနေတဲ့ အာဆီယံ အတွင်းရေးမှူးချုပ် မစ္စတာ ဆူရင် ပစ်ဆူဝမ်ဟာ ဒီကနေ့ မနက်ပိုင်းက အန်အယ်လ်ဒီပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်မှာ လာရောက် တွေ့ဆုံခဲ့ပါတယ်။
2012-02-21
မကြာခင် ကချင်ပြည်နယ်ကို စည်းရုံးရေး ခရီးစဉ်အဖြစ် လာရောက်မယ့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဟောပြောဖို့ မြစ်ကြီးနားနဲ့ ဗန်းမော်မြို့က ကချင်ရိုးရာ မနောကွင်းတွေမှာ စီစဉ်ထားတယ်လို့ သိရပါတယ်။
2012-02-21
မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ လွတ်လပ်တဲ့ အာရှအသံ RFA အဖွဲ့ဝင်တွေဟာ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဒီကနေ့ တွေ့ဆုံပြီး ရင်းရင်းနှီးနှီး နေ့လယ်စာ အတူသုံးဆောင်ခွင့် ရခဲ့ပါတယ်။
2012-02-21
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ ဇန်နဝါရီ ၂၁ ရက်က ရန်ကုန် တော်ဝင်စင်တာမှာ ပထမဦးဆုံးအကြိမ် ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲက အချက်အလက်တွေပါဝင်တဲ့ “၈၈ မျိုးဆက် ကျောင်းသားများ သတင်းစာရှင်းလင်းပွဲ” စာအုပ် ရောင်းချတဲ့ အခမ်းအနားကို ရန်ကုန် ရန်ကင်းစင်တာမှာ ဒီကနေ့ နေ့လယ်က ကျင်းပပါတယ်။
2012-02-21
အလုပ်အကိုင်အသစ်တွေ တိုးတက်များပြားလာအောင် ဆောင်ရွက်သွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ကော့မှူးမြို့နယ်ကို ပါတီစည်းရုံးရေး ခရီးစဉ် သွားရောက်စဉ်မှာ ပြည်သူလူထုကို ကတိပေးသွားပါတယ်။