သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2012-07-26
ပျဉ်းမနား နေပြည်တော်မှာ ကျင်းပနေတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ မြို့နယ်၊ ကျေးရွာ အုပ်ချုပ်ရေး အဆင့်တွေအတွက် ပြည်သူလူထုက ရွေးချယ်လိုက်တဲ့ အမျိုးသမီးတွေကို တင်မြှောက်ပိုင်ခွင့် ရှိ မရှိဆိုတဲ့ မေးခွန်းကို ဖလုံဆဝေါ ပါတီရဲ့ ဘားအံမြို့နယ် မဲဆန္ဒနယ်မြေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းဆေအွာက တင်သွင်းခဲ့ပါတယ်။
2012-07-26
မိတ္ထီလာခရိုင်အတွင်း အတင်းအဓမ္မ လယ်ယာမြေ အသိမ်းခံထားရတဲ့ တောင်သူတွေက လယ်ယာမြေတွေမှာ ပြန်လည် စိုက်ပျိုးခွင့် ရရေးအတွက် ထွန်တုံးတိုက်ပွဲ ဆက်လက် ဆင်နွှဲနေကြပါတယ်။
2012-07-26
လယ်ယာမြေ သိမ်းဆည်းခံရမှုကြောင့် နစ်နာရတဲ့ လယ်သမားတွေ အရေးကို တရားမျှတစွာ ဖြေရှင်း ဆောင်ရွက် ပေးနိုင်ရန်အတွက် ကော်မရှင်တစ်ရပ် ဖွဲ့စည်းဖို့ ဒီကနေ့ ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးက ဆုံးဖြတ်လိုက်ပါတယ်။
2012-07-26
လက်ရှိကျင်းပနေတဲ့ လွှတ်တော် အစည်းအဝေးတွေက ဆွေးနွေးမှုတွေ အဆို တင်သွင်းချက်တွေဟာ အချိန်တိုတိုနဲ့ ထိရောက်မှုရှိဖို့ လိုအပ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။
2012-07-26
မကွေးတိုင်း ပွင့်ဖြူမြို့နယ် သမန်းရင်းရွာမှာ အာဏာပိုင်တွေရဲ့ အဂတိ လိုက်စားမှုတွေကို ဖော်ထုတ်နေတဲ့ NLD ပါတီ ထောက်ခံသူတစ်ဦး ဗုဒ္ဓဟူးနေ့ မနေ့က လုပ်ကြံ သတ်ဖြတ်ခံခဲ့ရမှုအတွက် သံသယရှိသူ ၂ ဦးကို ရဲက ဖမ်းဆီးထားပြီ ဖြစ်ပေမယ့် ဒီအမှုမှာ ပါဝင်သူတွေအဖြစ် ဒေသခံတွေ၊ မျက်မြင်သက်သေတွေက ပြောဆိုနေကြတဲ့ ကျန်ရှိသူ ၆ ဦးကိုတော့ အရေးယူ ဖမ်းဆီးခြင်း မရှိသေးဘူးလို့ သိရပါတယ်။
2012-07-25
အမေရိကန် ပြည်ထောင်စုက ဝါရှင်တန်ဒီစီမှာ ကျင်းပနေတဲ့ ၂၀၁၂ နိုင်ငံတကာ AIDS ရောဂါ တိုက်ဖျက်ရေး ညီလာခံမှာ မြန်မာနိုင်ငံက The Help Myanmar ဆိုတဲ့ အဖွဲ့ကို ၂၀၁၂ ဖဲကြိုးနီဆု ချီးမြှင့်ခဲ့ပါတယ်။
2012-07-25
ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဇာတ်ကားအတွက် ဆန်ခါတင် ရွေးချယ်ထားသူတွေထဲ ဗိုလ်ချုပ်အဖြစ် သရုပ်ဆောင်မယ့် အမျိုးသား (၂) ဦးနဲ့ ဒေါ်ခင်ကြည်အဖြစ် သရုပ်ဆောင်မယ့် အမျိုးသမီး (၂) ဦးကို ဇူလိုင် (၂၀) ရက်နေ့က ရွေးချယ်ထားခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင် ဖြစ်မြောက်ရေးအဖွဲ့က မနေ့က အမည်စာရင်း ထုတ်ပြန် ကြေညာလိုက်ပါတယ်။
2012-07-25
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမြအေး အကျဉ်းထောင်တွင်း ရေးသားခဲ့တဲ့ " မိုးကောင်းကင်၌ တိမ်တိုက်များ " အမည်ရှိ မိသားစုဘဝတွေအကြောင်း ဝတ္ထုဇာတ်လမ်းကို လာမဲ့ သီတင်းပတ်အတွင်း ထုတ်ဝေဖြန့်ချိမယ်လို့ သိရပါတယ်။
2012-07-25
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့ အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ သောမတ် ကင်တားနားဟာ အစိုးရရဲ့ ဖိတ်ကြားချက်အရ ဇူလိုင်လ ၃၀ ရက်နေ့ ကနေ သြဂုတ်လ ၄ ရက်နေ့အထိ မြန်မာနိုင်ငံကို သွားမယ်လို့ ဒီနေ့ ကြေညာလိုက်ပါတယ်။
2012-07-25
ထိုင်း မလေးရှားနယ်စပ် ဆုံခရာခရိုင် ရာနွတ်ဒေသမှာရှိတဲ့ CPF ပုဇွန်စက်ရုံက မြန်မာရွှေ့ပြောင်း အလုပ်သမား (၃) ဦး ညဆိုင်း အလုပ်ကနေ အဆောင်အပြန်မှာ ဆိုင်ကယ်စီး သေနတ်သမားတွေက ဒီကနေ့ မနက် ၃ နာရီ ၄၅ မိနစ် လောက် မှာ သေနတ်နဲ့ ပစ်ခတ်လို့ မြန်မာရွှေ့ပြောင်း အလုပ်သမ တစ်ဦးနဲ့ အမျိုးသားတစ်ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။
2012-07-25
မကွေးတိုင်း ဒေသကြီး ပွင့်ဖြူမြို့နယ်မှာ အာဏာပိုင်တွေရဲ့ အဂတိ လိုက်စားမှုတွေကို ဖော်ထုတ်ပေးနေတဲ့ NLD ထောက်ခံသူ အသက် (၅၀) ကျော်အရွယ် ဦးရဲဝင်းဆိုသူ အမျိုးသားတစ်ဦး ဒီကနေ့ မနက်ပိုင်းက သတ်ဖြတ်ခံခဲ့တယ်လို့ သိရပါတယ်။
2012-07-25
ဧရာဝတီတိုင်း ဒေသကြီး လပွတ္တာမြို့မှာ လယ်သိမ်းခံရတဲ့ တောင်သူတွေ ဦးဆောင်ပြီး လူ ၈ဝဝ နီးပါး ဒီကနေ့ ချီတက် ဆန္ဒပြခဲ့ကြပါတယ်။
2012-07-25
ရန်ကုန်တိုင်း သံလျင်မြို့နယ်အတွင်း စစ်တပ် အဓမ္မ သိမ်းယူခံထားရတဲ့ လယ်မြေတွေပေါ်မှာ ဒီကနေ့ သွားရောက် ထွန်ယက်ခဲ့ကြတဲ့ လယ်သမား (၁၅) ဦးခန့်ကို စစ်တပ်က အခု တပ်စိတ်တစ်စိတ်နဲ့ ဝိုင်းထားတယ်လို့ RFA က စုံစမ်းသိရပါတယ်။
2012-07-25
ပြည်တွင်းမှာ တရားဟောခွင့် ပိတ်ပင်ခံထားရတဲ့ ရွှေညဝါ ဆရာတော် ဦးပညာသီဟဟာ (၃) လကြာ ဓမ္မဒူတ ပြည်ပခရီးစဉ်ကို ဒီကနေ့ စတင်လိုက်ပါတယ်။ ဆရာတော်ဟာ ဒီကနေ့မနက် ၁၀ နာရီလောက်မှာ အမေရိကန် ပြည်ထောင်စုကို ရန်ကုန် မင်္ဂလာဒုံ လေဆိပ်ကနေ ထိုင်းလေကြောင်းနဲ့ ထွက်ခွာသွားတာပါ။
2012-07-25
သမ္မတ ဦးသိန်းစိန်ရဲ့ ထိုင်းနိုင်ငံ ခရီးစဉ်အတွင်း ထိုင်းဝန်ကြီးချူပ် မစ္စစ် ရင့်လတ် ရှီနာဝပ်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ရာမှာ ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့က မြန်မာ ဗုဒ္ဓဘာသာဝင်တွေ ကိုးကွယ်နေကြတဲ့ ဝပ်ဆိုင်းမွန်း မြန်မာ ဘုန်းတော်ကြီးကျောင်းမှာ မြန်မာသံဃာတော်ကို ကျောင်းထိုင် ဆရာတော်အဖြစ် သတင်းသုံးစေဖို့ ထိုင်းဝန်ကြီးချုပ်က ကတိပေး ပြောဆိုခဲ့ကြောင်း သိရပါတယ်။