သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2012-07-22
ဇူလိုင်လ ၂၀ ရက်နေ့က တာပိန်မြစ်ထဲ နစ်မြုပ်သွားခဲ့တဲ့ မြမင်းအောင် (၁) ရှပ်ပြေးရေယာဉ်ကို ဆယ်ယူဖို့ ဒီကနေ့ ဆက်လက် ကြိုးစားနေကြဆဲ ဖြစ်ပြီး၊ အခုနောက်ဆုံး ရရှိတဲ့သတင်းအရ ဗန်းမော် တက္ကသိုလ် ဘူမိဗေဒဌာနက အသက် ၂၈ နှစ်အရွယ် နည်းပြတစ်ဦး၊ ကျောင်းသား နှစ်ဦး၊ မန်စီရွာက အမျိုးသမီး တစ်ဦး အပါအဝင် အလောင်း (၆) လောင်းကို ဆယ်ယူနိုင်ခဲ့ကြောင်း ကယ်ဆယ်ရေး လုပ်ဆောင်နေသူတွေက ပြောပါတယ်။
2012-07-22
မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၆၂လမ်းမှာရှိတဲ့ နာမည်ကျော် Ve Ve အချိုရည်စက်ရုံက ဝန်ထမ်း ၂၀၀ ကျော်ဟာ သူတို့ရဲ့ လစာနဲ့ ခံစားခွင့်တွေ အပြည့်အ၀ ရရှိရေးအတွက် ဒီနေ့မနက် (၇) နာရီခွဲ လောက်က စတင် ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။
2012-07-22
ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ ဒုဥက္ကဋ္ဌ ရထားပို့ဆောင်ရေး ဝန်ကြီး ဦးအောင်မင်းနဲ့ စက်မှုဝန်ကြီး ဦးစိုးသိန်းတို့ဟာ ၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ တိုင်းရင်းသား ပါတီတွေ အပါအဝင် နိုင်ငံရေးပါတီ ၁၄ ခုက ခေါင်းဆောင်တွေနဲ့ ဒီကနေ့ မနက်ပိုင်းက ရန်ကုန်မြို့မှာ (၄) နာရီကြာ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။
2012-07-22
နှစ်နိုင်ငံချစ်ကြည်ရေး ခရီးစဉ်အရ မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ ဝန်ကြီးများအဖွဲ့ဟာ ဒီကနေ့မနက် (၁၁) နာရီမှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဒွန်မောင်းလေဆိပ်ကို ရောက်ရှိသွားပါတယ်။ သမ္မတနဲ့အဖွဲ့ကို ထိုင်းဘုရင့်အတိုင်ပင်ခံ ကောင်စီအဖွဲ့ဝင် ခွန်မွန် လာချာဝေါင်စီနဲ့ ဒုတိယ ဝန်ကြီးချုပ် ခွန်ယူသာဆပ် တို့က ကြိုဆိုခဲ့ကြပါတယ်။
2012-07-21
သမ္မတ ဦးသိန်းစိန်ဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဒွန်မောင်း လေဆိပ်ကို အထူးလေယာဉ်နဲ့ ဒီကနေ့ ရောက်ရှိမှာ ဖြစ်ပါတယ်။
2012-07-21
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘဝဖြတ်သန်းမှုတွေကို အခြေခံတဲ့ အတ္ထုပ္ပတ္တိ မှတ်တမ်းရုပ်ရှင်ကို ဒီနေ့မှာပဲ ဒါရိုက်တာ မင်းထင်ကိုကိုကြီးက စတင်ရိုက်ကူးတယ်လု့ိ သိရှိရပါတယ်။
2012-07-21
မနေ့ မနက် ၉ နာရီခွဲက တာပိန်မြစ်ထဲ တိမ်းမှောက် နစ်မြုပ်သွားခဲ့တဲ့ မြမင်းအောင် (၁) ရှပ်ပြေးရေယာဉ်ကို အဲဒီ ဂိတ်နဲ့ ၁၀ ကိုက်အကွာ ပေ၃၀ အနက်ရှိတဲ့ တာပိန်မြစ်ကြမ်းပြင်မှာ ရေငုပ်သမားတွေနဲ့ ရှာဖွေတွေ့ရှိပြီ ဖြစ်ပေမဲ့၊ လူ ၅၀ ကျော်လောက်ကတော့ ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။
2012-07-21
ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်၊ (၅) ရပ်ကွက်၊ ရန်ကြီးအောင်ပတ်လမ်းနားမှာ ရှိတဲ့ ကျူးကျော်တဲ (၁၀၀) ကျော်ကို အာဏာပိုင်တွေက မနေ့က ရုတ်တရက် စတင် ဖျက်ဆီးခဲ့ပြီး၊ အားလုံးကို ဒီကနေ့ အပြီးတိုင်ဖျက်ဖို့ ဆောင်ရွက်နေကြောင်း နေအိမ် ဖျက်ခံရတဲ့ ကာယကံရှင်တစ်ဦးက ပြောပါတယ်။
2012-07-21
ချင်းပြည်နယ် နှင့် နယ်နိမိတ်ချင်း ထိစပ်နေတဲ့ အိန္ဒိယနိုင်ငံ အရှေ့မြောက်ဒေသ မီဇိုရမ်ပြည်နယ်မှာ ဒီကနေ့နံနက် ၁ နာရီခန့်က ညလိုင်း ပြေးဆွဲနေတဲ့ ခရီးသည်တင် မှန်လုံဘတ်စ်ကားတစီး တိမ်းမှောက်ခဲ့တာကြောင့် ခရီးသည် ၁၈ ဦး သေဆုံးပြီး ၁၉ ဦး ဒဏ်ရာရရှိတယ်လို့ သိရပါတယ်။
2012-07-21
(၂၄) နှစ်မြောက် ရှစ်လေးလုံး နှစ်ပါတ်လည် ငွေရတုအကြို အခမ်းအနားကို မန္တလေးမြို့မှာ သြဂုတ်လ (၈) ရက်နေ့ ကျင်းပသွားဖို့ရှိပြီး တစ်နိုင်ငံလုံးက နိုင်ငံရေး တက်ကြွလှုပ်ရှားသူ အများအပြား လာရောက်ဖို့ စီစဉ်နေကြတယ်လို့ သတင်းရပါတယ်။
2012-07-20
မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်မှုတွေကြောင့် ရင်းနှီးမြုပ်နှံမှုနဲ့ ခရီးသွားလုပ်ငန်းတွေ လုပ်ကိုင်ဖို့ အခွင့်အလမ်း များပြားလာတဲ့အတွက် ထိုင်းနိုင်ငံမှာ မြန်မာဘာသာစကား သင်ကြားဖို့ စိတ်ဝင်စားသူ များပြားလာတယ်လို့ သိရပါတယ်။
2012-07-20
ပိတ်ဆို့မှုအားလုံး ရုပ်သိမ်းဖို့ဆိုတာ အချိန်စောလွန်းသေးကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရက်ခ် မစ်ချဲလ်က ဒီကနေ့ ပြောဆိုလိုက်ပါတယ်။
2012-07-20
ရန်ကုန်တိုင်း ဒဂုံဆိပ်ကမ်းမြို့နယ် ရွာသာကြီးမှာ လယ်သမား ၃ဝဝ ကျော် ဒီကနေ့ စုဝေးဆန္ဒပြခဲ့ ကြပါတယ်။
2012-07-20
ရခိုင်ပြည်နယ်မှာ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် ပဋိပက္ခ ကာလအတွင်း ဖမ်းဆီးခံရသူတွေထဲမှာ AZG ဒါမှမဟုတ် MSF လို့ လူသိများတဲ့ နယ်စည်းမထား ဆရာဝန်များအဖွဲ့က ဝန်ထမ်း (၅) ဦး ပါဝင်ပြီး၊ သူတို့အားလုံး ထိန်းသိမ်း ခံထားရဆဲ ဖြစ်တယ်လို့ အဲဒီအဖွဲ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာရုံး ဒုတိယ အကြီးအကဲ Ms. Vickie Hawkins က RFA ကို ဒီကနေ့ အတည်ပြု ပြောကြားပါတယ်။
2012-07-20
ထိုင်းအစိုးရရဲ့ ဖိတ်ကြားချက်အရ သမ္မတ ဦးသိန်းစိန်ဟာ လာမဲ့ ၂၂ ရက်နေ့ တနင်္ဂနွေနေ့မှာ ထိုင်းနိုင်ငံကို ၃ ရက်ကြာ အလည်အပတ် သွားရောက်မယ်လို့သိရပါတယ်။