သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2012-11-18
ကချင်ပြည်နယ် မိုးညှင်းမြို့ နမီးစုရပ်ကွက်မှာရှိတဲ့ ညောင်ပင်ပျံကျ အခွန်လွတ်ဈေးကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ က နိုဝင်ဘာ ၂၀ရက်နေ့ အပြီးပြောင်းရွှေ့ဖို့ ကြေညာစာ ထုတ်ပြန်ထားတဲ့အပေါ် မကျေနပ်တဲ့အတွက် ဈေးသည် ၃၀၀ လောက် နိုဝင်ဘာလ ၁၈ ရက်နေ့မနက်ပိုင်းက ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။
2012-11-18
မြန်မာနိုင်ငံ အကျဉ်းထောင် အသီးသီးမှာ အကျဉ်းကျနေတဲ့ နိုင်ငံရေး အကျဉ်းသား ၆၆ ဦးကို လာမယ့် တနင်္လာနေ့ (နိုဝင်ဘာလ ၁၉) ရက်နေ့ လွတ်ငြိမ်းချမ်းသာခွင့် ပေးဖို့ရှိတယ်လို့ RFA က စုံစမ်းသိရပါတယ်။
2012-11-18
မကြာသေးခင် ရက်ပိုင်းအတွင်းက သမ္မတရဲ့ လွှတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်မြောက်လာတဲ့ အကျဉ်းသားတွေ ထဲမှာ နိုင်ငံရေးအကျဉ်းသားတစ်ဦးမှ မပါဝင်တာနဲ့ပတ်သက်ပြီး နိုင်ငံရေးအကျဉ်းသား ဟောင်းများအဖွဲ့ရဲ့ သဘောထားကြေငြာချက် ထုတ်ပြန်ပွဲကို ဒီကနေ့ မနက်က ရန်ကုန်မြို့၊ ရွှေဂုံတိုင် တော်ဝင်နှင်းဆီခန်းမမှာ သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့ပါတယ်။
2012-11-18
အမေရိကန်သမ္မတ ဘားရက်အိုဘားမားဟာ အာရှ ၃ နိုင်ငံခရီးစဉ်အဖြစ် မြန်မာနိုင်ငံကို ရောက်ရှိစဉ် အတွင်း မြန်မာနိုင်ငံနဲ့ မြောက်ကိုးရီးယားနိုင်ငံအ ကြား စစ်ရေးအရ ပတ်သက်မှုတွေ ဖြတ်တောက်ဖို့ တွန်းအားပေးသွားမှာ ဖြစ်တယ်လို့ သမ္မတ အိမ်ဖြူတော် အရာရှိတစ်ဦးက မနေ့ကပြောကြား လိုက်ပါတယ်။
2012-11-17
တရုတ်-မြန်မာနယ်စပ် ရွှေလီနဲ့ ကျယ်ဂေါင်မြို့တွေမှာ သီတဂူ ဆရာတော် တရားပွဲတွေကိုနှစ်ရက် ဆက်တိုက်ကျင်းပခဲ့ပါတယ်။နိုဝင်ဘာလ ၁၆ ရက်နေ့ ညမှာ ရွှေလီမြို့မှာ ကျင်းပခဲ့ပြီး မူဆယ်နဲ့ကပ်လျက် ကျယ်ဂေါင်မှာတော့ နိုဝင်ဘာ ၁၇ ရက်နေ့က ကျင်းပခဲ့ပါတယ်။
2012-11-17
မြန်မာနိုင်ငံမှာ လူကုန်ကူးမှုနဲ့ဆိုင်တဲ့ အသိပညာဖြန့်ဝေဖို့ ရည်ရွယ်ပြီး ကျင်းပမယ့် ဂီတဖျော်ဖြေပွဲကို ဒီဇင်ဘာလ ၁၆ ရက်နေ့မှာ ကျင်းပနိုင်ဖို့ စီစဉ်ထားတယ်လို့ ဒီကနေ့ ရန်ကုန်မြို့၊ ဆီဒိုးနားဟိုတယ်မှာ ပြုလုပ်တဲ့ရှင်းလင်းပွဲကနေ သိရပါတယ်။
2012-11-17
ကချင်ပြည်နယ်၊ ဖားကန့်ဒေသ စစ်ဘေးဒုက္ခသည် စခန်းတွေက အသက် ၁၂ နှစ်အောက်အရွယ် ကလေးတွေအတွက် ဆောင်းရာသီမှာ ဝတ်ဖို့ အနွေးထည် ၁ ထောင်ကို ၈၈မျိုးဆက်ကျောင်းသားများ အဖွဲ့က ဒီကနေ့ ပေးပို့လှူဒါန်းလိုက်တယ်လို့ သိရပါတယ်။
2012-11-17
ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှု ပဋိပက္ခ္ခတွေနဲ့ ပတ်သက်ပြီး မြန်မာခေါင်းဆောင်တွေ ချမှတ်လုပ်ဆောင်နေတဲ့ အစီအစဉ်ဟာ မှန်ကန်တဲ့ လမ်းကြောင်းကို ဦးတည်နေတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ကြေညာချက်တစ်စောင် ထုတ်ပြန်ကြိုဆိုလိုက်ပါတယ်။
2012-11-16
၁၀ နှစ်နီးပါး တားဆီးပိတ်ဆို့ ထားခဲ့တဲ့ မြန်မာပို့ကုန်တွေထဲက အများစုကို ကင်းလွတ်ခွင့်ပြု လိုက်ကြောင်း အမေရိကန် အစိုးရက မနေ့က ကြေညာလိုက်ပါတယ်။
2012-11-16
ရခိုင်ပြည်နယ်နဲ့ ပတ်သက်တဲ့ အခြေအနေတွေကို ရန်ကုန်မြို့ မှာ ရောက်ရှိနေတဲ့ ရခိုင်အမျိုးသား ကွန်ရက်အဖွဲ့ဝင်တွေနဲ့ ရခိုင်ပြည်နယ် အတွင်းမှာ နေထိုင်တဲ့ တိုင်းရင်းသားတွေ သွေးစည်း ညီညွှတ်မှသာ ရခိုင်ပြည်နယ်တွင်းပဋိပက္ခတွေကို အမြန်ဆုံးတည်ငြိမ်အောင် ဆောင်ရွက်နိုင်မှာ ဖြစ်တယ်လို့ ရန်ကုန်တိုင်း ဒေသကြီး၊ ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင် က ပြောကြားလိုက်ပါတယ်။
2012-11-16
အိန္ဒိယနိုင်ငံကို အလည်အပတ် ရောက် ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ လွန်ခဲ့တဲ့ နှစ် ၅၀ လောက်က တက်ရောက်ခဲ့တဲ့ ကောလိပ်ကျောင်းကို မနေ့က သွားရောက်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဟာ နယူးဒေလီမြို့ Lady Shri Ram ကောလိပ်ကျောင်း ကနေ ၁၉၆၄ ခုနှစ်မှာ နိုင်ငံရေး သိပ္ပံ ဘာသာရပ်နဲ့ ဘွဲ့ရရှိခဲ့ပါတယ်။
2012-11-16
နှစ်ပေါင်း ၆၀ အတွင်း မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် ရောက်ရှိလာမယ့် အမေရိကန် ပြည်ထောင်စုရဲ့ သမ္မတအိုဘားမားရဲ့ ခရီးစဉ် လုံခြုံရေးအတွက် မြန်မာအစိုးရက လုံခြုံရေး တပ်ဖွဲ့ဝင်အင်အား တစ်သောင်း နီးပါး အသုံးပြု ထားတယ်လို့ RFA က စုံစမ်းသိရပါတယ်။
2012-11-16
ကချင်ပြည်နယ် တနိုင်းမြို့နယ် ဟူးကောင်းချိုင့်ဝှမ်း ကျားထိန်းသိမ်းရေး အတွက် အမေရိကန်အစိုးရက ပေးနေတဲ့ ထောက်ပံ့ငွေကို ရပ်ဆိုင်းဖို့ တနိုင်းမြို့နယ် အတွင်းရှိ တောင်သူ လယ်သမား ၅၀၀၀ ကျော်က အမေရိကန်သမ္မတ အိုးဘားမားလာတဲ့အခါ စာရေးတောင်းဆိုမယ်လို့ သိရပါတယ်။
2012-11-16
၂၀၀၈ အခြေခံ ဖွဲ့စည်းပုံ ဥပဒေကို မပြင်ဆင်ဘူးဆိုရင် လာမယ့် ၂၀၁၅ ရွေးကောက်ပွဲဟာလည်း လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လာမှာ မဟုတ်ဘူးလို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အိန္ဒိယရောက် မြန်မာမိသားစုတွေနဲ့ တွေ့ဆုံပွဲမှာ ပြောကြားလိုက်ပါတယ်။
2012-11-16
စက်မှုဝန်ကြီးဌာနက တည်ဆောက်နေ တဲ့ အမှတ် (၁) သံမဏိစက်ရုံ (မြင်းခြံ)နဲ့ အမှတ် (၂) သံမဏိ စက်ရုံ(ပင်းပက်) ကနေ သံမဏိပစ္စည်းတွေ ထုတ်လုပ်နိုင်ဖို့် လိုငွေကျပ် ဘီလီယံ ၅၀၀ ကျော်ကို ထပ်မံတောင်းခံဖို့ အတွက် ပြည်ထောင်စု လွှတ်တော်မှာ ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းကို တင်ပြဆွေးနွေး ခဲ့ကြပါတယ်။