သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2012-12-17
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ် မစ္စတာ ဒဲရစ်မစ်ချယ်လ် ဟာ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ကို ဒီဇင်ဘာလ ၁၇ ရက် ဒီကနေ့ ရောက် ရှိလာမယ်လို့ သိရပါတယ်။
2012-12-17
လက်ပန်းတောင်းတောင် သပိတ်စခန်းတွေက အကြမ်းဖက် ဖြိုခွဲခံခဲ့ရတဲ့ ရဟန်းသံဃာတွေနဲ့ ပတ်သက်ပြီး အစိုးရတာဝန်ရှိသူတွေ က ဖြေရှင်းပေးဖို့ တစ်ကိုယ်တော် ဆန္ဒပြတောင်းဆို ခဲ့တဲ့ ကုန်ဈေးနှုန်းကျဆင်းရေးအဖွဲ့က ကိုထင်ကျော် ကို ဒီကနေ့မှာ ပုဒ်မ ၁၈ နဲ့ တရားစွဲဆိုထားတယ်လို့ သိရပါတယ်။
2012-12-17
ထိုင်းဝန်ကြီးချုပ် ယင်လပ် ရှင်နာဝပ်ဟာ ဒီကနေ့ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံပြီး ထားဝယ်ရေနက် ဆိပ်ကမ်းစီမံကိန်းကို သွားရောက်ကြည့်ရှု မှာဖြစ်ကြောင်း ဘန်ကောက်ပို့စ်သတင်း က ဖေါ်ပြပါတယ်။ ထိုင်းဝန်ကြီးချုပ် ယင်လပ်နဲ့အတူ ထိုင်းစီးပွားရေးလုပ်ငန်းရှင် ၄ဝ လည်း လိုက်ပါလာမယ် လို့သိရပါတယ်။
2012-12-16
လူကုန်ကူးမှုတိုက်ဖျက်ရေးကို အဓိက ထား ဆောင်ရွက်နေတဲ့ MTV Exit နဲ့ အခြားသော မိတ်ဖက်အဖွဲ့အစည်းတွေ ပူးပေါင်းစီစဉ်တဲ့ လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေး ဖျော်ဖြေပွဲကို ဒီဇင်ဘာ ၁၆ ရက်နေ့ ညနေက ရန်ကုန်မြို့၊ဒဂုံမြို့နယ်က ပြည်သူ့ရင်ပြင်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
2012-12-16
လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က စပြီး မြန်မာနိုင်ငံတဝှမ်းမှာ လူ့အခွင့် အရေးလုပ်ငန်းတွေ ဆောင်ရွက် လာခဲ့တဲ့ HRDP လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများကွန်ယက်ကို လာမယ့် ၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်းမှာ တရားဝင်မှတ်ပုံတင် ပြီး နိုင်ငံတကာအဆင့်မီ NGO တစ်ခုအဖြစ် ဖွဲ့စည်းတည်ထောင်သွားမယ်လို့ ရှမ်းပြည်နယ် မှာ ရောက်ရှိနေတဲ့ HRDP အဖွဲ့ရဲ့ အကြီးအကဲ ရှေ့နေဦးမြင့်အေးက RFA ကို ဒီဇင်ဘာလ ၁၆ ရက်နေ့ ဒီကနေ့ ပြောကြားပါတယ်။
2012-12-16
လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်းလုပ်ငန်းတွေ ရပ်တန့်ခြင်း မရှိဘဲ ဆက်လက် လုပ်ကိုင်နေတဲ့ အတွက် သပိတ်တိုက်ပွဲ ဆက်လက် ဆင်နွဲှသွားမယ်လို့ လက်ပန်းတောင်းတောင် ဒေသ ခံတွေ ဒီကနေ့ ညနေပိုင်းက ဆုံးဖြတ်လိုက်ပါတယ်။
2012-12-16
မန္တလေးမြို့က ဂဠုန်နီဆရာတော် ရဲ့ ငွေငါးကျောင်းတိုက်မှာ မနေ့က ကျင်းပခဲ့တဲ့ လက်ပန်တောင်းတောင် သပိတ်စခန်းအကြမ်းဖက်ဖြိုခွဲမှုအတွင်း ဒဏ်ရာရသံဃာတော်တွေကို အစိုးရက ဝန်ချတောင်းပန်တဲ့ပွဲနဲ့ ပတ်သက်လို့ မန္တလေးမြို့က ဦးဆောင်သံဃာတော်တွေ ဒီကနေ့ သတင်းစာ ရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ပြီး၊ သံဃာထုရဲ့ တောင်းဆို ထားချက်အားလုံးကို အာဏာပိုင်တွေဘက် က ဖြည့်ဆည်းဆောင်ရွက်ပေးမှု ရှိ၊ မရှိ စောင့်ကြည့် သွားဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
2012-12-16
ရခိုင်ပြည်နယ်က ပဋိပက္ခ၊ ကချင်ပြည်နယ်က စစ်ပွဲနဲ့ ရန်ကုန်မှာလိုအပ်နေတဲ့ လျှပ်စစ်စွမ်းအင်တို့နဲ့ ပတ်သက်ပြီး ဗြိတိန်နိုင်ငံခြားရေးနဲ့ ဓနသဟာယရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး Hugo Swire ဟာ ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်မှာ သတင်းစာရှင်းပွဲ လုပ်ခဲ့ပါတယ်။
2012-12-16
အိန္ဒိယနိုင်ငံအနေနဲ့ မြန်မာနိုင်ငံ အပါအဝင် မည်သည့်နိုင်ငံခြား တိုင်းပြည်ကိုမှ လက်နက် တစုံတ ရာ ရောင်းချခဲ့ခြင်းမရှိပါဖူးလို့ အိန္ဒိယ စစ်တပ်ထိပ်တန်း အရာရှိတဦးက ပြောကြား လိုက်ကြောင်း ဒီကနေ့ ဒီဇင်္ဘာလ ၁၆ ရက်နေ့ထုတ် The Times of India သတင်းစာမှာ ဖော်ပြထားပါ တယ်။
2012-12-15
လက်ပန်းတောင်းတောင် သပိတ်စခန်းတွေကို အာဏာပိုင်တွေက အကြမ်းဖက် ဖြိုခွဲခဲ့တာနဲ့ ပတ်သက်ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ သံဃာတော်တွေကို နိုင်ငံတော်သမ္မတကိုယ်စား သမ္မတရုံးဝန်ကြီး ဦးလှထွန်းဦးဆောင်ပြီး ကျန်းမာရေးဝန်ကြီး ဒေါက်တာဖေသက်ခင်၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့်၊ စစ်ကိုင်းတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးသာအေး၊ ရဲချုပ် ဦးကျော်ကျော်ထွန်းတို့ဟာ ဒီကနေ့ နေ့လည် ၂နာရီက မန္တလေးမြို့က အတုမရှိကျောင်းတိုက် မှာ တောင်းပန်ပွဲတစ်ရပ်ကို ကျင်းပခဲ့ပါတယ်။
2012-12-15
လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်းရပ်တန့်ရေး သပိတ်မှောက် တောင်းဆိုခဲ့ရာမှာ အကြမ်းဖက်ဖြိုခွဲ ခံခဲ့ရတဲ့ ရဟန်းရှင်လူတွေ အရေးနဲ့ ပတ်သတ်ပြီး တာဝန်ရှိသူတွေ ဖြေရှင်းပေးဖို့ ကုန်ဈေးနှုန်း ကျဆင်းရေး အဖွဲ့က ကိုထင်ကျော်ဟာ ရန်ကုန် သိမ်ကြီးဈေး တဝိုက်မှာ ဒီကနေ့ နေ့လည်ပိုင်းက တစ်ကိုယ်တော် တောင်းဆို ဆန္ဒပြခဲ့ပါတယ်။
2012-12-15
မြန်မာသမ္မတဦးသိန်းစိန်ကို ၂၀၁၂ ခုနှစ်အတွက် အာရှတိုက်သား Asian of the Year အဖြစ် စင်္ကာပူ နိုင်ငံထုတ် The Straits Times သတင်းစာက ဒီကနေ့မှာ ရွေးခြယ်ဖော်ပြလိုက်ပါတယ်။
2012-12-15
မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး Andrew Heyn နဲ့ ဗြိတိန်နိုင်ငံခြားရေးနဲ့ ဓနသဟာယရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး Hugo Lwire တို့အဖွဲ့ဟာ ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ ပြည်နယ်အတွင်းမှာ ကျူးကျော်နေထိုင်သူ တွေရဲ့အရေးနဲ့ ပတ်သက်ပြီး စစ်တွေမြို့မှာရှိတဲ့ နိုင်ငံရေးပါတီ ၃ ခုက တာဝန်ရှိသူတွေနဲ့ စစ်တွေမြို့ နိုဗယ်ဟိုတယ်မှာ ဒီကနေ့ မနက် ၁၁ နာရီက သီးသန့်တံခါးပိတ် ဆွေးနွေးခဲ့ပါတယ်။
2012-12-15
မြန်မာစစ်အစိုးရနဲ့ အိန္ဒိယထိတွေ့ဆက်ဆံခဲ့ရတာဟာ အရေးကြီးတဲ့နယ်စပ်လုံခြုံရေး မဟာဗျူဟာတွေကြောင့်လို့ မြန်မာနိုင်ငံကိုရောက်နေတဲ့ အိန္ဒိယပြည်ပရေးရာဝန်ကြီး Salman Kharshid က ပြောဆိုလိုက်ပါတယ်။
2012-12-15
ထိုင်းနိုင်ငံအတွင်း အထောက်အထား မရှိတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို မနေ့က ယာယီပတ်စပို့စ်ပြုလုပ်ရေးလုပ်ငန်းစဉ် အဆုံးသတ်ပြီး ဒီကနေ့ကစလို့ စတင်ဖမ်းဆီး ပြန်ပို့မယ်လို့ ထိုင်းအစိုးရက ပြီးခဲ့တဲ့လ ၂၆ ရက်နေ့ ကတည်းက တရားဝင် ထုတ်ဖော်ပြောဆိုထားပါတယ်။