သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2012-03-30
ဒီမိုကရေစီနိုင်ငံ ထူထောင်ရေးမှာ အရပ်ဘက်လူ့အဖွဲ့အစည်း အင်အား တောင့်တင်းခိုင်မာရေးက အဓိကကျတဲ့အတွက် မျိုးဆက်သစ် လူငယ်တွေအနေနဲ့ ကွန်ယက်အဖွဲ့အစည်းတွေ တိုးချဲ့ဖွဲ့စည်း လုပ်ဆောင်ဖို့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေက တိုက်တွန်းလိုက်ပါတယ်။
2012-03-30
ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်ပင်မြို့မှာ ကျင်းပနေတဲ့ မြန်မာအပါအဝင် အာဆီယံလူထုအခြေပြု အဖွဲ့အစည်းများ ဆွေးနွေးပွဲကို ကမ္ဘောဒီးယားအစိုးရက ပင်မညီလာခံ ကျင်းပနေတဲ့ နေရာကနေ ဝေးလံတဲ့ နေရာတွေကို မနေ့ညက ဖိအားပေးပြီး ပြောင်းရွှေ့ခိုင်းလိုက်ပါတယ်။
2012-03-30
မဲဆွယ်စည်းရုံးရေးတွေမှာ ပေါ်ပေါက်နေတဲ့ အခြေအနေတွေအရ အခုကြားဖြတ် ရွေးကောက်ပွဲဟာ တရားမျှတမှု အပြည့်အဝမရှိဘူးလို့ အန်အယ်လ်ဒီပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ပြောကြားလိုက်ပါတယ်။
2012-03-29
ပြည်ထောင်စုလွှတ်တော်မှာ ဖွဲ့စည်းထားတဲ့ ရေးရာကော်မတီတွေနဲ့ ကော်မရှင်တွေဟာ ပြည်ထောင်စုအဆင့် မရှိဘူးဆိုတဲ့ ဖွဲ့စည်းပုံ အခြေခံဆိုင်ရာ ဥပဒေခုံရုံးရဲ့ဆုံးဖြတ်ချက်ဟာ ဥပဒေပြုရေး အာဏာဖြစ်တဲ့ လွှတ်တော်ရဲ့ကဏ္ဍကို ထိခိုက်စေတယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောကြပါတယ်။
2012-03-29
အိမ်ဖော်တွေအပါအဝင် မြန်မာနိုင်ငံက အလုပ်သမားတွေခေါ်ယူဖို့ စဉ်းစားနေကြောင်း မလေးရှား ဝန်ကြီးချုပ်က ပြောပါတယ်။
2012-03-29
မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ စီးပွားရေးပိတ်ဆို့မှုတွေနဲ့ ပတ်သက်ပြီး ပြန်လည်စဉ်းစားကြဖို့ နိုင်ငံကြီးတွေကို ကြိုးစားတိုက်တွန်းမယ်လို့ မလေးရှားဝန်ကြီးချုပ်က ပြောလိုက်ပါတယ်။
2012-03-29
တန်ဖိုးမဖြတ်နိုင်တဲ့ နိုင်ငံတော်ရဲ့ သဘာဝအမွေအနှစ်ဖြစ်တဲ့ ဧရာဝတီ၊ သံလွင်၊ ချင်းတွင်းနဲ့ စစ်တောင်းမြစ် လေးသွယ်ရဲ့ သဘာဝပတ်ဝန်းကျင်ကို စဉ်ဆက်မပြတ် ထိန်းသိမ်းစောင့်ရှောက်ဖို့ မြစ်ကြောင်းနဲ့ မြစ်ကမ်းက ပေ ၃၀၀ အတွင်း ဓာတ်သတ္တု ရှာဖွေ စမ်းသပ်ထုတ်လုပ်တာ တားမြစ်လိုက်ကြောင်း သတ္တုတွင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းထိုက်က မနေ့က အမိန့်ထုတ်ပြန်လိုက်ပါတယ်။
2012-03-29
ဒီကေဘီအေ ခွဲထွက်အဖွဲ့ဖြစ်တဲ့ ကလိုထူးဘော ဒီကေဘီအေ အဖွဲ့အနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေးအတွက် နိုင်ငံရေးအရ ဆွေးနွေးမှုကို မိခင်အဖွဲ့အစည်းအဖြစ်တဲ့ KNU ကရင်အမျိုးသား အစည်းအရုံးရဲ့ဦးဆောင်မှုအတိုင်း လိုက်ပါမှာဖြစ်ကြောင်း ကလိုထူးဘော ဒီကေဘီအေ အဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူက ဒီကနေ့ အာအက်ဖ်အေကို ပြောပါတယ်။
2012-03-29
မန္တလေးတိုင်း မဟာအောင်မြေမြို့နယ် မဟာမြိုင်ရပ်ကွက်မှာ ရွေးကောက်ပွဲ ဆန္ဒမဲထည့်တဲ့အခါ နံမည်ရှာရတာ လွယ်ကူအောင် လွန်ခဲ့တဲ့ တစ်ပတ်ကျော်ကတည်းက ထုတ်ပေးထားတဲ့ ကတ်ပြားလေးတွေကို ရွေးကောက်ပွဲကော်မရှင်က အခုရက်ပိုင်း ပြန်လည်သိမ်းယူနေတဲ့အတွက် အင်န်အယ်လ်ဒီ ပါတီကပဲ အမြန်ဆုံးရိုက်နှိပ်ပြီး ဖြန့်ဝေသွားမယ်လို့ မန္တလေး အင်န်အယ်လ်ဒီ ရွေးကောက်ပွဲအောင်နိုင်ရေး ကော်မတီအဖွဲ့ဝင် ဦးမျိုးနိုင်က ပြောပါတယ်။
2012-03-29
မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင် အနေနဲ့ လိုအပ်တဲ့ ဘတ်ဂျက်ငွေ မရှိတာကြောင့် လတ်တလောမှာ သမ္မတရုံးရဲ့ အထောက်အပံ့နဲ့ ဆက်လက်ရပ်တည်သွားမှာ ဖြစ်တယ်လို့ ကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမြက ပြောပါတယ်။
2012-03-28
မြန်မာနိုင်ငံရဲ့ ပေါကြွယ်ဝတဲ့ ရေနံနဲ့ ဓာတ်ငွေ့လောင်စာစွမ်းအင် သယံဇာတတွေမှာ နိုင်ငံခြားကုမ္ပဏီတွေ ပိုမို ရင်းနှီးမြုပ်နှံ လာကြရေးအတွက် နှစ်ရက်ကြာ ညီလာခံတစ်ရပ် ဗုဒ္ဓဟူးနေ့က စတင်ဖွင့်လှစ်ခဲ့ပါတယ်။
2012-03-28
မြန်မာနိုင်ငံရဲ့ နိုင်ငံခြားငွေလဲနှုန်းကို အခုလာမယ့် ဧပြီ(၁)ရက်နေ့ကစပြီး ဈေးကွက်ပေါက်ဈေးအရ ဈေးနှုန်းတစ်မျိုးထဲ သတ်မှတ်လဲလှယ် သွားတော့မယ်လို့ အစိုးရ တာဝန်ရှိသူတွေက မနေ့က ကြေညာလိုက်ပါတယ်။
2012-03-28
မြန်မာအစိုးရရဲ့ဖိတ်ကြားချက်အရ အီးယူ ဥရောပသမဂ္ဂကနေ ရွေးကောက်ပွဲ စောင့်ကြည့်ရေးအဖွဲ့ကို စေလွှတ်မှာ ဖြစ်တယ်လို့ အီးယူရဲ့ နိုင်ငံခြားဆက်ဆံရေး အကြီးအကဲ Catherine Ashton ရဲ့ရုံးက မနေ့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
2012-03-28
ဧပြီလ ၁ ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲကို ကြည့်ရှုလေ့လာဖို့ အမေရိကန် ပြည်ထောင်စုက စေလွှတ်မယ့် ကိုယ်စားလှယ် အဖွဲ့ဝင်နှစ်ဦးရဲ့ အမည်တွေကို နိုင်ငံခြားရေးဌာနက မနေ့က ကြေညာသွားပါတယ်။
2012-03-28
လူသားချင်း စာနာမှုဆိုင်ရာ ထူးချွန်ဆုကို ၂၀၁၂ ခုနှစ်အတွက် ရန်ကုန်အခြေစိုက် ကရင်အမျိုးသမီး ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (Karen Women Action Group) က အမှုဆောင်ညွှန်ကြားရေးမှူး နော်စူစန်နာ လှလှစိုးကို ရွေးချယ်လိုက်ပါတယ်။