သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2012-06-02
ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဟာ ဒီကနေ့ ထိုင်း-မြန်မာနယ်စပ် မယ်လ စစ်ဘေး ဒုက္ခသည်စခန်းကို သွားရောက်ရာမှာ လူထောင်ပေါင်း များစွာက သူတို့ရဲ့ တိုင်းရင်းသား ရိုးရာဝတ်စုံတွေ ဝတ်ဆင်ပြီး အလံတွေ ဝှေ့ယမ်း ကြိုဆိုကြပါတယ်။
2012-06-01
မြန်မာနိုင်ငံရဲ့ စီးပွားရေးနယ်ပယ်မှာ အမျိုးသမီးတွေ တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ခွင့် ရပေမဲ့ နိုင်ငံရေး နယ်ပယ်မှာတော့ ခွဲခြားဆက်ဆံမှုတွေ ရှိနေတယ်လို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။
2012-06-01
ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရ NLD လွှတ်တော်ကိုယ်စားလှယ်တွေအတွက် " ဒီမိုကရေစီ၊ ကောင်းမွန်သော အုပ်ချုပ်မှုနဲ့ နိုင်ငံရေးပါတီများ အရည်အချင်း မြှင့်တင်ရေး" ခေါင်းစဉ်နဲ့ ဒီမိုကရေစီရေးဆိုင်ရာ မူဝါဒတွေ အကြောင်း ၆-ရက်ကြာ အလုပ်ရုံဆွေးနွေးပွဲကို ရန်ကုန်မြို့ ရွှေဂုံတိုင်လမ်းက တော်ဝင်နှင်းဆီခန်းမမှာ မနေ့က စတင် ကျင်းပခဲ့ပါတယ်။
2012-06-01
မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံတော့မယ်ဆိုရင် အလုပ်လက်မဲ့တွေ များပြားနေတဲ့အတွက် လူငယ်တွေကို အလုပ်အကိုင် အခွင့်အလမ်းပေးနိုင်မယ့် ရင်းနှီး မြှုပ်နှံမှုမျိုးဖြစ်ဖို့ လိုအပ်ကြောင်း၊ မြန်မာပြည်သူတွေ ပါဝင်နိုင်ဖို့ အခြေခံ လိုအပ်ချက်ဖြစ်တဲ့ လုပ်နိုင်ကိုင်နိုင်စွမ်း အခွင့်အရေးတွေ ဖန်တီးပေးဖို့ လိုအပ်ကြောင်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။
2012-06-01
မြန်မာနိုင်ငံ ဥပဒေရေးရာကိစ္စတွေနဲ့ ပတ်သက်ပြီး ရှင်းလင်းဆွေးနွေးပွဲ တရပ်ကို မြန်မာနိုင်ငံရှေ့နေများ ကွန်ယက်အဖွဲ့က ဦးစီးပြီး ဒီကနေ့ညနေပိုင်းက ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီခန်းမမှာ ကျင်းပခဲ့ပါတယ်။
2012-06-01
မြန်မာနိုင်ငံမှာ သတင်းမီဒီယာ လွတ်လပ်မှု ထိန်းချုပ်ထားတာတွေကို သီတင်းပတ် အနည်းငယ်အတွင်း ရပ်စဲပေးတော့မယ်လို့ မြန်မာနိုင်ငံ စာပေစိစစ်ရေးနဲ့ မှတ်ပုံတင်ဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေက ဒီကနေ့ ပြောကြားလိုက်ပါတယ်။
2012-06-01
လှိုင်သာယာစက်မှုဇုန် (၄) မှာရှိတဲ့ အာရှ ဖူဂျီ အထည်ချုပ်စက်ရုံက အလုပ်သမားတွေ စက်ရုံတွင်းမှာ လုပ်ခလစာတိုးပေးဖို့ အပါအဝင် ကျန်းမာရေးကြောင့် အလုပ်မဆင်းနိုင်တာကို ပိုက်ဆံမဖြတ်ဖို့ စတဲ့အချက်တွေကို တောင်းဆိုခဲ့တာကို စက်ရုံတာဝန်ရှိသူတွေဘက်က ဆွေးနွေးညှိနှိုင်းတာမျိုး မလုပ်ဘဲ ရဲနဲ့ဖမ်းမယ်လို့ ခြိမ်းခြောက် ပြောဆိုလာလို့ အလုပ်သမား (၂၀၀) လောက်က မနေ့က ညနေပိုင်းကစလို့ အလုပ်မဆင်းဘဲ စက်ရုံရှေ့ထွက်ပြီး ဆန္ဒပြနေတယ်လို့ စုံစမ်းသိရပါတယ်။
2012-06-01
ရန်ကုန်တက္ကသိုလ် နယ်မြေ ကျောင်းသားလှုပ်ရှားမှု ခေါင်းဆောင်တွေ ဦးဆောင်ပြီး ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဖြစ်မြောက်ရေးကော်မတီကို အလုပ်အမှုဆောင် (၁၉) ဦးနဲ့ ဒီကနေ့ စတင်ဖွဲ့စည်း လိုက်ကြောင်း သိရပါတယ်။