သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-06-07
ကချင်စစ်ပြေးဒုက္ခသည်တွေကို နိုင်ငံတကာ အသိုင်းအဝန်းက ဝိုင်းဝန်းကူညီကြဖို့ လူမှုအခြေပြု အဖွဲ့အစည်း ၂၈ ဖွဲ့က ဒီနေ့ တိုက်တွန်းပြောဆိုလိုက်ပါတယ်။
2013-06-07
ကချင်ပြည်နယ်အတွင်း မြန်မာအစိုးရ တပ်တွေနဲ့ KIO ကချင်တပ်ဖွဲ့တွေရဲ့ တိုက်ပွဲတွေ အမြန်ဆုံးရပ်ဆိုင်းပြီး ပြည်တွင်းငြိမ်းချမ်းရေး အတွက် နိုင်ငံရေးအရ အဖြေရှာရေးကို ကုလသမဂ္ဂအနေ နဲ့ မြန်မာအစိုးရကို တိုက်တွန်းပေးဖို့ ဂျပန်နိုင်ငံရောက် မြန် မာနိုင်ငံသားတွေက ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။
2013-06-07
သြစတြေးလျနိုင်ငံ၊ဆစ်ဒနီမြို့ က နိုင်ငံခြားရေးနဲ ကုန်သွယ်ရေး အဆောက်အဦးရှေ့မှာ မလေးရှားရောက် ကချင်အစည်းအရုံး KAA နဲ့ Burma Campaign (Australia) တို့က လူဦးရေ ၃ဝ ခန့် ပူးပေါင်းပြီး ကချင်ပြည်နယ်စစ်ပွဲ ပြန် လည်ဖြစ်ပွားမှု ၂ နှစ်မြောက်အဖြစ် ဒီကနေ့ ဆန္ဒပြခဲ့ကြ ပါတယ်။
2013-06-07
မြန်မာရွှေ့ပြောင်းအလုပ်သမား အကာ အကွယ်ပေးခြင်းဆိုင်ရာ နည်းလမ်းတွေနဲ့ ပတ်သက်လို့ ဘန်ကောက် မြန်မာသံရုံးက အလုပ်သမား သံမှူး ဦးကျော်ကျော်လွင်နဲ့ ဒေသတွင်း မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတွေ အမြင်ဖလှယ်တဲ့ တွေ့ဆုံဆွေးနွေးပွဲတစ်ရပ်ကို မဲဆောက်မြို့ စင်ထရယ်ဟိုတယ်မှာ ဒီကနေ့ ပြုလုပ်ခဲ့ပါတယ်။
2013-06-07
မြန်မာနိုင်ငံမှာ မော်တော်ယာဉ် မတော်တဆ မှု အများဆုံးဖြစ်ပွားတဲ့ နေပြည်တော် အမြန်လမ်းက မိုင်တိုင်အမှတ် ၁၈၅ အနီးမှာ မနေ့က ယာဉ်တိုက်မှု ဖြစ်ပွားခဲ့တဲ့အတွက် ဆွစ်ဇာလန်နိုင်ငံသား ၁ ဦး အပါအဝင် လူ ၃ ဦး သေဆုံးပြီး၊ ၄ ဦး ဒဏ်ရာရရှိခဲ့တယ် လို့ ရဲတွေက ပြောပါတယ်။
2013-06-07
မြန်မာနိုင်ငံမှာ ရင်းနှီးမြှပ်နှံမှုတွေ ပြုလုပ်ရာမှာဖြစ်စေ၊ အကူအညီပေးရေးလုပ်ငန်းတွေကို ဆောင်ရွက်ရာ မှာဖြစ်စေ တိုင်းရင်းသားဒေသတွေမှာပါ ရင်းနှီးမြှုပ်နှံကြဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့မှာ တိုက်တွန်းလိုက်ပါတယ်။
2013-06-06
မြန်မာနိုင်ငံရဲ့ အခြေခံအဆောက်အဦးတွေ တိုးတက်ကောင်းမွန်အောင် အိန္ဒိယနိုင်ငံက ကူညီဖို့ ဒေါ်အောင်ဆန်းစုကြည်က ပန်ကြားလိုက် သလို၊ မြန်မာနိုင်ငံမှာ လိုအပ်နေတဲ့ ကိစ္စတွေကို အိန္ဒိယနိုင်ငံက အတတ်နိုင်ဆုံး တိုးမြှင့်ကူညီသွားမယ်လို့ အိန္ဒိယနိုင်ငံ ကူးသန်းရောင်းဝယ်ရေးနဲ့ စက်မှုဝန်ကြီး အန်နန်ရှားမားက ကတိပေးပြောဆိုလိုက်ပါတယ်။
2013-06-06
မြန်မာနိုင်ငံက အကြမ်းဖက်မှုတွေနဲ့ ဆက်စပ်တယ်လို့ ယူဆရပြီး မလေးရှား နိုင်ငံမှာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း က ဖြစ်ပွားတဲ့ တိုက်ခိုက်မှုတွေအတွင်း မြန်မာနိုင်ငံသား အနည်းဆုံး လူ ၂ ဦး သေဆုံးခဲ့ရပြီးတဲ့နောက် လုံခြုံရေး အကြောင်းပြချက်နဲ့ မြန်မာနိုင်ငံသား ၉၀၀ ကျော်ကို ဖမ်းဆီးလိုက်တဲ့အကြောင်း မလေးရှားရဲတပ်ဖွဲ့က ဒီနေ့ပြောကြားပါတယ်။
2013-06-06
စံကောင်း ပီနံအိတ်စက်ရုံက အလုပ်ရှင် အလုပ်သမား ပဋိပက္ခမှာ ပြည်ထောင်စု လွှတ်တော်က ဖွဲ့စည်းထားတဲ့ အလုပ်သမား အလုပ်ရှင် အခွင့်အရေး ကော်မရှင်က ကြားဝင်ညှိနှိုုင်းပေးခဲ့ပေမယ့် အလုပ်ရှင်ဖက်က သဘောတူညီချက်တွေကို လိုက်လျောပေးခြင်း မရှိသေးကြောင်း စံကောင်း ပီနံအိတ် စက်ရုံ အလုပ်သမားတွေက ဒီနေ့ပြောပါတယ်။
2013-06-06
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ပုရိန်ကျေးရွာမှာ ပြီးခဲ့တဲ့ ဇွန်လ ၄ ရက်နေ့ က ဒေသခံတွေနဲ့ အာဏာပိုင်တွေအကြား ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းကြောင့် ဒေသခံ ၃ ဦး သေဆုံးခဲ့ပြီး ၄ ဦး ဒဏ်ရာရရှိကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ဒီကနေ့ သတင်းထုတ်ပြန်လိုက်ပါတယ်။
2013-06-06
အလုပ်သမားအားလုံးကို ကိုယ်စားပြုတဲ့ သမဂ္ဂအဖွဲ့ချုပ်တစ်ခုပေါ်ပေါက်ဖို့ လိုအပ်နေပြီလို့ ဒီကနေ့ ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမ မှာ ပြုလုပ်တဲ့ ၃၉ နှစ်မြောက် ၇၄ အလုပ်သမားအရေး အခင်း နှစ်ပတ်လည်နေ့ အခမ်းအနားမှာ တက်ရောက် သူတွေက ထောက်ပြခဲ့ကြပါတယ်။
2013-06-06
လာမယ့်၂ဝ၁၅ ခုနှစ်ရွေးကောက်ပွဲမှာ သမ္မတအဖြစ် ဝင်ရောက်ယှဉ်ပြိုင်လိုကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ထပ်မံပြောကြားလိုက်ပါတယ်။
2013-06-06
ရခိုင်ပြည်နယ်အစိုးရက မြို့နယ် ၂ ခုမှာရှိတဲ့ မွတ်စလင်တွေကို မိသားစုတစ်ခုမှာ သား သမီး ၂ ဦးပဲ မွေးဖွားရမယ်လို့ အမိန့်ထုတ်ပြန်ခဲ့တာဟာ ခွဲခြားမှုတစ်ခုဖြစ်တယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်း အတွင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့တဲ့အတွက် မကျေနပ်ကြောင်း ပြောဆိုသံတွေ ပေါ်ထွက်နေတာနဲ့ ပတ်သက်ပြီး RFA က မေးမြန်းခဲ့ရာမှာ အခုလို မကျေနပ် မှုတွေပေါ်ပေါက်မှာကို ကြိုတင်တွက်ဆပြီး ဖြစ်ပါတယ်။
2013-06-06
နေပြည်တော်မှာပြုလုပ်နေတဲ့ အရှေ့အာရှ ဆိုင်ရာ ကမ္ဘာ့စီးပွားရေး ညီလာခံကို ကြာသပတေးနေ့မှာ သမ္မတ ဦးသိန်းစိန် တက်ရောက် မိန့်ခွန်းပြောကြားမှာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် ၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းနဲ့ မဇင်မာအောင် တို့က မြန်မာပြည်ရဲ့ အနာဂတ်ဆိုတဲ့ ခေါင်းစဉ်နဲ့ ဒီကနေ့ ပြောဆိုဆွေးနွေးကြမှာဖြစ်ပါတယ်
2013-06-05
ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းထားတဲ့ အလုပ်သမား၊ အလုပ်ရှင် အခွင့်အရေး လေ့ လာရေး ပူးပေါင်းကော်မရှင်ရဲ့ ကူညီပေးမှု နဲ့ ရန်ကုန်တိုင်း လှိုင်သာယာစက်မှုဇုံမှာရှိတဲ့ Esquire ဖိနပ် စက်ရုံနဲ့ စံကောင်း ပီနံအိတ်စက်ရုံက အလုပ်သမားတွေရဲ့ ဆန္ဒပြတောင်းဆိုနေတာတွေ ပြေလည်မှုရရှိသွားပြီလို့ သိရပါတယ်။