သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-12-25
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ စိန်ပန်းရပ်ကွက်၊ စံပယ်လမ်းမှာရှိတဲ့ ငြိမ်းချမ်းလူငယ်ဖွံ့ဖြိုးရေး မွတ်စ်လင် မိဘမဲ့ဂေဟာနားမှာ ဒီနေ့ ဗုံးတစ်လုံးတွေ့ရှိ ခဲ့ပြီး တာဝန်ရှိသူတွေက အဲဒီဂေဟာဝင်းထဲမှာပဲ ဖောက်ခွဲ ဖျက်ဆီးခဲ့ပါတယ်။
2013-12-25
တိုင်းရင်းသား နိုင်ငံရေးပါတီတွေနဲ့ စုပေါင်းဖွဲ့စည်း ထားတဲ့ ဖက်ဒရယ်ပြည်ထောင်စုပါတီ FUP ကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က မှတ်ပုံတင်ချပေးလိုက်ပြီ ဖြစ်တာကြောင့် ၂၀၁၅ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုတွေ စတော့မယ်လို့ FUP ပါတီခေါင်းဆောင်တွေ က ပြောပါတယ်။
2013-12-25
မြန်မာ့တပ်မတော်က ထိပ်တန်းအရာရှိတွေ ကို စစ်ရေးလေ့ကျင့်မှုတွေပေးဖို့အတွက် ဗြိတိန်စစ်အရာရှိ ကိုယ်စားလှယ်အဖွဲ့ မကြာခင်ရက်ပိုင်း မှာ မြန်မာနိုင်ငံကို သွားရောက်မယ်လို့ ဗြိတိန်အစိုးရက အတည်ပြု ပြောကြားလိုက်ပါတယ်။
2013-12-24
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အတွက် အထင်ကရပုဂ္ဂိုလ်တွေ အားလုံး တွေ့ဆုံဆွေးနွေးရေးဟာ အရေးကြီးကြောင်း ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင်တွေ က ပြောပါတယ်။
2013-12-24
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အသစ်ရေး ဆွဲရင် တိုင်းပြည်နောက်ကြောင်း ပြန်နိုင် တဲ့အတွက် ပြင်ဆင်ဖို့သာ အရေးကြီးကြောင်း စာရေး ဆရာ ကျော်ဝင်းက ဒီနေ့ပြောကြားလိုက်ပါတယ်။
2013-12-24
အသင်းအဖွဲ့ ဖွဲ့စည်းခြင်းဆိုင်ရာ ဥပဒေ ပုဒ်မ ၆ နဲ့ တရားစွဲခံထားရပြီး ပေါင်းတည် အကျဉ်းထောင်မှာ ၆ လကျော် ဖမ်းဆီးထိန်းသိမ်းခံထားရ တဲ့ ပြည်သူ့အကျိုးဆောင်ကွန်ရက်အဖွဲ့ဝင် ဒေါ်မြင့်မြင့်အေး၊ ကိုသန့်ဇင်ထက်နဲ့ ဒေါ်မိမိခိုင်တို့ ၃ ဦး ဒီနေ့မနက်ပိုင်းက ပြန် လည်လွတ်မြောက်လာပါတယ်။
2013-12-24
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီး တံခွန်မြို့နယ် မန္တလေးစက်မှုဇုန်က SMI ပီနံအိတ် စက်ရုံအလုပ်သမား ၁၀၀ ကျော် ဟာ နေ့ကြေးတိုးမြှင့်ပေးဖို့ စက်ရုံရှေ့မှာ ဒီနေ့ဆန္ဒပြတောင်း ဆိုခဲ့ပါတယ်။
2013-12-24
မြန်မာနိုင်ငံရဲ့ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြင်ဆင်ဘူးဆိုရင် ၂၀၁၅ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မှာ မဟုတ်ဘူးလို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီ ဥက္ကဌ ဦးခွန်ထွန်းဦးက ပြောကြားလိုက်ပါတယ်။
2013-12-24
ပြည်သူအပေါ် နိုင်ငံရေးအရ တဖက်သတ် ဖိနှိပ် ချုပ်ချယ်ထားတဲ့ ဥပဒေတွေကို ပြင်ဆင်ဖို့နဲ့ မကိုက် ညီတာတွေကို ဖျက်သိမ်းပေးဖို့ တောင်းဆိုတဲ့အနေ နဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ အပါအဝင် အရပ်ဘက်လူမှုအဖွဲ့အစည်း ၆၀ ကျော် စုပေါင်းပြီး ဆန္ဒပြဖို့ နိုင်ငံတော်သမ္မတ၊ လွှတ်တော် ဥက္ကဋ္ဌတွေထံ မနေ့က အကြောင်းကြားစာ ပေးပို့လိုက်တယ်လို့ သိရပါတယ်။
2013-12-23
သမ္မတ ဦးသိန်းစိန်အနေနဲ့ ၂၀၁၃ ခုနှစ်ကုန်မှာ နိုင်ငံရေးအကျဉ်းသား လုံးဝမရှိစေရ ဆိုတဲ့ ကတိကဝတ်အတိုင်း ဆောင်ရွက်သင့်တဲ့အပြင်၊ ပြန်လွှတ်တဲ့အခါမှာလည်း လက်ရှိနိုင်ငံရေးပတ်သက်မှုနဲ့ တရားစွဲခံနေရ သူ ၂၀၀ ကျော် ပါဝင်သင့်ကြောင်း HRW လူ့အခွင့်အရေး အဖွဲ့က မနေ့က တိုက်တွန်းလိုက်ပါတယ်။
2013-12-23
ပြီးခဲ့တဲ့ ၂၇ ကြိမ်မြောက် အရှေ့တောင် အာရှ အားကစားပွဲတော် အမျိုးသမီးဘော လုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲမှာ မြန်မာအသင်းက ထိုင်းအသင်း ကို ၁၁ ဂိုး ၁၀ ဂိုးနဲ့ ရှှုံးနိမ့်ခဲ့ရတဲ့ကိစ္စနဲ့ပတ်သက်ပြီး ကန့်ကွက်လွှာ တင်သွင်းမယ်လို့ မြန်မာအသင်း ဘောလုံး နည်းပြက ပြောဆိုကြောင်း Goal အားကစားဆိုင်ရာ အင်တာနက်စာမျက်နှာက ဖေါ်ပြပါတယ်။
2013-12-23
ရခိုင်ပြည်နယ် မြောက်ဦးမြို့ မြို့ခံတွေ ရဲ့ တောင်းဆိုချက်တွေကို မလိုက်လျော တဲ့ နိုင်ငံတကာအဖွဲ့အစည်း INGOs တွေကို ရုံးခန်းမငှား ကြဖို့ မြောက်ဦးမြို့က ဟိုတယ်နဲ့ တည်းခိုခန်းပိုင်ရှင်တွေကို မြို့ခံတွေက အစည်းအဝေးခေါ်ယူပြီး တိုက်တွန်းလိုက်တယ် လို့ သိရပါတယ်။
2013-12-23
ရခိုင်ပြည်နယ် တဘက်ကမ်း ဘင်္ဂလားဒေ့ရ်ှနိုင်ငံမှာနေထိုင်တဲ့ ရခိုင်မျိုးနွယ်စုဝင် လူဦးရေ ၆၀ ကျော်လောက်ဟာ ချင်းပြည်နယ် ပလက်ဝမြို့နဲ့ ရခိုင်ပြည်နယ် ကျောက်တော်မြို့ကို မနေ့က ရောက်ရှိ လာတယ်လို့ သိရပါတယ်။
2013-12-23
ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS ၊ မြန်မာအစိုးရနဲ့ ကုလသမဂ္ဂ UNODC အဖွဲ့တို့ သဘောတူထားတဲ့ ရှမ်းပြည်နယ်က မူးယစ်အစားထိုး ဖွံ့ဖြိုးရေးစီမံကိန်းလုပ်ငန်း အကောင်အထည်ဖေါ်မှုတွေမှာ အစိုးရဘက်က ပူးပေါင်းဆောင်ရွက်မှုမရှိကြောင်း RCSS အဖွဲ့က ဒီနေ့ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
2013-12-23
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချူပ်နဲ့ ပတ်သက် ပြီး ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဌ ဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့အဖွဲ့ဟာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT က တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်တွေနဲ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ အခုလ ၂၉ ရက်နေ့ ထပ်မံတွေ့ဆုံ ဆွေးနွေး ကြမယ်လို့ သိရပါတယ်။