သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-04-22
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် နဲ့ နိုင်ငံရေးပါတီတွေဟာ လာမယ့် ၂၀၁၅ ခုနှစ်မှာကျင်းပမယ့် ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်တဲ့ အကြိုဆွေးနွေးပွဲတစ်ခုကို လာမယ့် ဧပြီ ၂၆ရက်နေ့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးကြမယ်လို့ သိရပါတယ်။
2013-04-22
ဒုတိယ ပင်လုံညီလာခံ ဖြစ်မြောက်ရေးအတွက် အစိုးရအပြင် တိုင်းရင်းသားတွေပါဝင်တဲ့ ကော်မတီဖွဲ့စည်းပြီး ညီလာခံ ကျင်းပသွားသင့်တယ်လို့ တိုင်းရင်းသားပါတီတွေပါဝင်တဲ့ ဆွေးနွေးပွဲက ဒီကနေ့မှာ တိုက်တွန်း ပြောကြားလိုက် ပါတယ်။
2013-04-22
ဆူပူအောင် လှုံ့ဆော်မှု ပုဒ်မ ၅၀၅ နဲ့ တရားစွဲခံထားရတဲ့ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်(ဖြစ်မြောက်ရေး ကော်မတီ)အဖွဲ့ဝင် ကိုရဲမင်းဦးကို ဒီနေ့မှာ ဗဟန်းမြို့နယ် တရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့ ပါတယ်။
2013-04-22
၂၀၁၂ ခုနှစ်အတွင်းက ရခိုင်ပြည်နယ်အတွင်း မှာ နှစ်ကြိမ်တိုင် ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် ပဋိပက္ခတွေမှာ မူဆလင်ရိုဟင်ဂျာတွေကို လူမျိုးတုန်းအောင် လုံခြုံရေးတပ်ဖွဲ့တွေက ကူညီပံ့ပိုးတာတွေရှိခဲ့တယ်လို့ အမေရိကန်နိုင်ငံ နယူးယောက်မြို့အခြေစိုက် Human Rights Watch အဖွဲ့က ဒီကနေ့မှာ အစီရင်ခံစာထုတ်ပြန်ပြီး စွပ်စွဲပြောဆိုလိုက်ပါတယ်။
2013-04-21
ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနဲ့အဖွဲ့ မနေ့က အမေရိကန်နိင်ငံ နယူးယောက်မြို့ မှာ မြန်မာ့နိုင်ငံရေး ပြောင်းလဲမှု အခြေအနေများ၊ အစိုးရရဲ့ ကြိုးပမ်းချက်များကို မြန်မာအသိုင်းအဝိုင်း မိသားစုများ နဲ့ တွေ့ဆုံပြီး ဆွေးနွေးပါတယ်။
2013-04-21
ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းဒေသမှာ အစိုးရတပ်နဲ့ SSA မြောက်ပိုင်းတပ်ဖွဲ့တွေ အကြား စစ်ရေးတင်းမာနေတဲ့အတွက် တန့်ယန်းမြို့ အောင်မင်္ဂလာကျောင်းတိုက်မှာ ဖွင့်ထားတဲ့ ယာယီဒုက္ခသည်စခန်းကို ဒုက္ခသည်တွေ နေ့စဉ်ရက်ဆက် ခိုလှုံလာတာကြောင့် စားနပ်ရိက္ခာ အခက်အခဲနဲ့ စတင်တွေ့ ကြုံနေရပြီလို့ သိရပါတယ်။
2013-04-21
ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသား ပူးပေါင်းဆောင်ရွက်ရေးအလုပ်အဖွဲ့ (Working group for Ethnic Coordination- WGEC) က ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ဒုတိယပင်လုံညီလာခံ ဖြစ်မြောက်ရေးဆိုင်ရာ ကိစ္စရပ်တွေ အတွက် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ တော်ဝင်နှင်းဆီခန်းမ မှာ ဆွေးနွေးပွဲတစ်ရပ် တနင်္ဂနွေနေ့က ကျင်းပခဲ့ပါတယ်။
2013-04-21
NLD ပညာရေး ပြုပြင်ပြောင်း လဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်ဟာ ဒီရက်အပိုင်းအတွင်းမှာ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ ကချင်ပြည်နယ်တွေကို သွားရောက်ပြီး၊ ပညာရေးသင်ကြား မှု ဘာသာရပ်ဆိုင်ရာ ဆွေးနွေးပွဲတွေ ကျင်းပမယ်လို့ သိရပါ တယ်။
2013-04-21
၂၀၁၂ ခုနှစ်အတွင်းက ရခိုင်ပြည်နယ်အတွင်း မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရသူ ဒုက္ခသည်တွေ အားလုံးကို မူလနေထိုင်ခဲ့ရာဒေသတွေဆီ ပြန်ပို့ နိုင်ရေးအတွက် ကုလသမဂ္ဂရဲ့ အကူအညီတွေ အများအပြား လိုအပ်နေတယ်လို့ နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်ဝင်းက ပြောကြား လိုက်ပါတယ်။
2013-04-20
စက်ရုံ၊ အလုပ်ရုံ အလုပ်သမားတွေအနေနဲ့ အသေးစားစီးပွားရေးလုပ်ငန်တွေ အကောင်အထည်ဖော်နိုင်ဖို့ မကြာခင် မှာ ငွေချေးပေးဖို့ စီစဉ်နေတယ်လို့ သမဝါယမဝန်ကြီး ဦးကျော်ဆန်းက ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။
2013-04-20
စစ်ကိုင်းတိုင်း၊ မုံရွာခရိုင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဒေ သမှာ လျော်ကြေးမယူတဲ့ လယ်သမား တချို့က သူတို့လယ်ယာမြေမှာ ထွန်ယက်တာကို ဒေသခံ အာဏာပိုင်တွေက တားမြစ်ခဲ့တယ်လို့ RFA ကို ပြောပါ တယ်။
2013-04-20
မြန်မာနိုင်ငံမှာ အစိုးရက စာနယ်ဇင်းလွတ်လပ် ခွင့်တွေကို ဖွင့်ပေးလိုက်တဲ့နောက်ပိုင်း ပြည်သူတွေ ကို အဆိပ်အတောက်ဖြစ်စေတဲ့ စာပေတွေ အများ အပြား ထွန်းကားလာနေတယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးပိုက်ထွေးက ပြောကြားလိုက် ပါတယ်။
2013-04-20
မြန်မာနိုင်ငံက ဓါတ်ငွေ့ပိုက်လိုင်းစီမံကိန်းဟာ တရုတ်နိုင်ငံရဲ့ ဒေသတွင်းစီးပွားရေးကို မြှင့်တင်နိုင်လိမ့်မယ် လို့ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ပြောဆို လိုက်ပါတယ်။
2013-04-20
မြန်မာအစိုးရ ဟာ ပြီးခဲ့တဲ့ ၂ဝ၁၂ ခုနှစ်အတွင်း နိုင်ငံသားတွေ လူ့အခွင့် အရေးပိုမိုရရှိအောင် ဆောင်ရွက်ခဲ့ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ John Kerry က ပြောကြားလိုက် ပါတယ်။
2013-04-20
မြန်မာ-တရုတ်-လာအိုနဲ့ ထိုင်း ၄ နိုင်ငံပူးပေါင်းပြီး မူးယစ်ဆေးဝါး သယ်ယူပို့ဆောင်ရာ မဲခေါင်မြစ်လုံခြုံရေးအတွက် Safe River ဆိုတဲ့ လှုပ်ရှားမှုကို (မနေ့က)သောကြာနေ့က တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှာ ပြုလုပ်ခဲ့ပါတယ်။
2013-04-20
ရခိုင်ပြည်နယ်က ဒုက္ခသည်စခန်းတွေမှာ ရှိနေတဲ့ ရိုဟင်ဂျာ မူဆလင်တွေအတွက် မိုးတွင်းကာလမှာ အန္တရာယ်တွေကြုံနိုင်သလို ကူညီထောက် ပံ့ဖို့အတွက်လည်း ရန်ပုံငွေအတော်နည်းနေပြီလို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က မနေ့ ကပြောလိုက်ပါတယ်။
2013-04-19
ရခိုင်ပြည်နယ်ကနေ တရုတ်နိုင်ငံ ယူနန်ပြည်နယ်အထိ ဖောက်လုပ်နေတဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းနဲ့ ပတ်သက်ပြီး ခုရက်ပိုင်းတွေအတွင်း အာဏာပိုင်တွေက ဒေသခံတွေအနေ နဲ့ စီမံကိန်းအပေါ် သဘောတူကျေနပ်ကြောင်း လက်မှတ်ရေးထိုးခိုင်းတာကို ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်က လယ်သမားတွေက ငြင်းဆန်လိုက်တယ် လို့ သိရပါတယ်။
2013-04-19
ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ စစ်တပ်က အမှတ် (၁၄) တန်းမြင့် စစ်လေ့ကျင့်ရေးကျောင်း တည်ဆောက်ဖို့ မြေယာတွေ သိမ်းဆည်းခဲ့တာကို ဆန့်ကျင်ကြတဲ့ ဒေသခံတောင်သူ ၆၀၀ ကျော် ဒီကနေ့ ဧပြီလ ၁၉ ရက်နေ့ မနက်ပိုင်း မှာတွေ့ဆုံပြီး ဆုတောင်းပွဲကျင်းပခဲ့ပါတယ်။
2013-04-19
မြန်မာနိုင်ငံက နိုင်ငံရေးပါတီ ၅ ပါတီဟာ တရုတ်ကွန်မြူနစ်ပါတီရဲ့ ဖိတ်ကြားချက် အရ မနက်ဖြန် ဧပြီလ ၂၀ ရက်နေ့မှာ တရုတ်နိုင်ငံကို အလည်အပတ်ခရီး သွားရောက်မယ် လို့ ပြောပါတယ်။
2013-04-19
ဂျပန်နိုင်ငံကို ရက်သတ္တပတ် တစ်ပတ်ကြာ သွားရောက်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့ညနေ ၆ နာရီလောက်မှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေ ဆိပ်ကို ပြန်လည်ရောက်ရှိခဲ့ရာမှာ ထောင်နဲ့ချီ တဲ့ ပြည်သူတွေက ကြိုဆိုခဲ့ကြပါတယ်။
2013-04-19
ပြည်ထောင်စု အစိုးရအဖွဲ့ ရုံးစိုက်ရာ နေပြည်တော်ကမြို့နယ် ၈ မြို့နယ်မှာ ကျပ် ၁၅၀၀ တန် စီဒီအမ်အေ ဖုန်းလိုင်းကတ်တွေကို မဲဖောက် ပြီး ရောင်းချပေးသွားမယ်လို့ နေပြည်တော် ဆက်သွယ်ရေး အင်ဂျင်နီယာရုံးက RFA ကို ပြောကြား ပါတယ်။
2013-04-19
မြန်မာနိုင်ငံကို ကုန်သွယ်မှု အထူးခံစားခွင့် နိုင်ငံအဖြစ် ပြန်လည်သတ်မှတ်ဖို့ အမေရိကန် အစိုးရကုန်သွယ်ရေးဆိုင်ရာ ကိုယ်စားလှယ်ရုံး USTR က ကြားနာပွဲပြုလုပ်ဖို့ ပြင်ဆင်နေပါတယ်။
2013-04-18
ဗြိတိန်နိုင်ငံကိုရောက်ရှိနေတဲ့ ပြည်ထောင် စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့အဖွဲ့ ဟာ ဘယ်လ်ဖတ်စ်မြို့မှာ အိုင်ယာလန်ခေါင်းဆောင်တွေ နဲ့ တွေ့ဆုံပြီး ကြာသပတေးနေ့ မနေ့ညက လန်ဒန်မြို့ ကို ပြန်လည်ထွက်ခွာသွားပါတယ်။
2013-04-18
ဂျပန်နိုင်ငံကို အလည်အပတ်ရောက်နေ တဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဟာ ကမ္ဘာ့အမြင့်ဆုံးမျှော်စင်ဖြစ်တဲ့ တိုကျို Skytree မျှော် စင်နဲ့ Panasonic ကော်ပိုရေးရှင်း အရောင်းပြခန်းတို့ကို မနေ့က သွားရောက်ခဲ့ပါတယ်။
2013-04-18
မြန်မာနိုင်ငံရဲ့ လုံခြုံရေးဆိုင်ရာကိစ္စတွေနဲ့ ပတ်သက်ပြီး ဘယ်ပြင်ပအဖွဲ့အစည်းကမှ လာရောက် စုံစမ်းစစ်ဆေးစရာမလိုကြောင်း သမ္မတပြောခွင့် ရပုဂ္ဂိုလ် ဦးရဲထွဋ်က မနေ့ကပြောလိုက်ပါတယ်။
2013-04-18
ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်း နယ်မြေတချို့မှာ မြန်မာအစိုးရတပ်တွေနဲ့ SSA မြောက်ပိုင်းတပ်ဖွဲ့တွေ စစ်ရေးတင်းမာမှုရှိနေဆဲ ဖြစ် တာကြောင့် တန့်ယန်းမြို့နားက အောင်မင်္ဂလာကျောင်း တိုက်က ဒုက္ခသည်စခန်းကို နေ့စဉ်ဆိုသလို ဒုက္ခသည်တွေ ထပ်မံရောက်ရှိလာနေတယ်လို့ စခန်းအုပ်ချုပ်ရေးအဖွဲ့က RFA ကို ပြောပါတယ်။
2013-04-18
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် မဒေးကျွန်းမှာ တရုတ်နိုင်ငံပိုင် China National Petroleum Cooperation (CNPC)က အကောင်အထည်ဖော်နေတဲ့ ရေနံပိုက်လိုင်း စီမံကိန်းဟာ ဒေသအကျိုးစီးပွားကို ကောင်းကျိုးမပြုဘူး ဆိုပြီး ဒေသခံ ၄၀၀ ကျော်ဟာ အဲဒီစီမံကိန်းကုမ္မဏီရုံးရှေ့ မှာ ဒီကနေ့ နေ့လည်ပိုင်းက ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။
2013-04-18
မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှီနာဝပ်တို့ဟာ ဧပြီလ ၁၆ ရက် သြင်္ကန်အတက်နေ့က ပြင်ဦးလွင်မြို့မှာ တွေ့ဆုံ ခဲ့ကြောင်း မစ္စတာသက်ဆင်ရဲ့ လူမှုရေးစာမျက်နှာမှာ ဖော်ပြ ထားပါတယ်။
2013-04-18
၂၀၁၅ ခုနှစ်မှာ ပြုလုပ်မယ့် ရွေးကောက်ပွဲ အတွက် ကြိုတင်ပြင်ဆင်မှုအနေနဲ့ ရန်ကုန် အခြေစိုက် နိုင်ငံရေးပါတီတွေကို ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်က ဧပြီလ ၂၆ ရက်နေ့မှာ ခေါ်ယူတွေ့ဆုံမှာ ဖြစ် ပါတယ်။
2013-04-18
ဂျပန်နိုင်ငံကို အလည်အပတ်ရောက်နေ တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေနေ့ခင်းက ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး (Shinzo Abe) နဲ့ တွေ့ဆုံပြီး ဂျပန်မြန်မာနှစ်နိုင်ငံ နိုင်ငံရေး၊ စီးပွားရေး ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။