သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-03-21
မန္တလေးတိုင်းဒေသကြီး မိတ္တီလာမြို့မှာ မနေ့ကစတင်ဖြစ်ခဲ့တဲ့ အဓိကရုဏ်းမှာ သံဃာတစ်ပါးအပါအဝင် သေဆုံးသူ ၁၀ ဦးထက်မနည်း ရှိနေတယ်လို့ သိရပါတယ်။
2013-03-21
လက်ရှိမြန်မာပြည်တွင်းမှာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေကို အများပြည်သူတွေ ခေါင်းအေးအေးနဲ့ စဉ်းစားဆင်ခြင်သုံးသပ်ဖို့ တိုက်တွန်းထားတဲ့ ရွှေဝါရောင်သံဃာတော်တွေက ဒီကနေ့မှာ တိုက်တွန်းလိုက်ပါတယ်။
2013-03-21
မနေ့က မိတ္ထီလာမြို့မှာ ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းတွေလိုမျိုး မြန်မာနိုင်ငံရဲ့ တစ်ခြားသောဒေသများမှာ ဖြစ်ပေါ်လာပါက အမြန်ဖြေရှင်းနိုင်ဖို့ အဓိကရုဏ်းနှိမ်နှင်းရေးတပ်ဖွဲ့များကို အသင့်စုဖွဲ့ထားပြီးဖြစ်တယ်လို့ ဧရာဝတီတိုင်းရဲတပ်ဖွဲ့က ဒုတိုင်းတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဦးထွန်းမင်းက RFA ကိုပြောပါတယ်။
2013-03-21
ရခိုင်ပြည်နယ် မောင်တောမြို့နယ်မြောက် ပိုင်း နစကနယ်မြေအမှတ် ၂ မှာ တစ်ဘက်ဘင်္ဂလားဒေ့ရ်ှ နိုင်ငံဖက်ကနေ ကျူးကျော်ဝင်ရောက်လာသူ ၄ ဦးကို သေနတ်တစ်လက်နဲ့ ကျည်တွေ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
2013-03-21
မနေ့က မတ်လ ၂၀ ရက်နေ့က မိတ္ထီလာမြို့ မှာ ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းတွေရဲ့ အကြောင်းရင်းခံ ဟာ ဈေးအရောင်းအဝယ်ကိစ္စကို လူမူရေးကိစ္စ ဘာသာရေး ကိစ္စတွေနဲ့ ရှုမြင်တဲ့အတွက် နိုင်ငံတော်ရဲ့အနာဂတ်မှာ ရှုပ်ထွေးတဲ့လမ်းကြောင်းတွေ ဖြစ်လာတယ်လို့ သီတဂူ ဆရာတော် အရှင်ဉာဏိသရက ဒီကနေ့ RFA ကို မိန့်ကြား ပါတယ်။
2013-03-21
မနေ့က မိတ္ထီလာမြို့ ရွှေဆိုင်တစ်ခုမှာ အရောင်းအဝယ် စကားများကြရာက စတင်ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းဟာ ဒီကနေ့အထိ ဆက်လက်ဖြစ်ပွားခဲ့တာကြောင့် ဒီကိစ္စနဲ့ ပတ်သက်ပြီး အဖြစ်မှန်ဖော်ထုတ်ဖို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က စုံစမ်းစစ်ဆေးရေးအဖွဲ့ကို အရေးပေါ် ဖွဲ့စည်းလိုက်ပါတယ်။
2013-03-21
ကချင်စစ်ဘေးဒုက္ခသည်တွေ ပြန်ပြီး အခြေချနေထိုင်မယ့် နေရာတွေအနီးမှာ မြေမြှုပ်မိုင်းတွေ ရှိနေသေးတာတွေကို အစိုးရနဲ့ KIA နှစ်ဖက်စလုံးက အမြန်ဆုံးရှင်းလင်းပေးဖို့ ရန်ကုန်ကနေ လိုင်ဇာမြို့ကို ငြိမ်းချမ်းရေး လမ်းလျှောက်ခဲ့သူတွေက တိုက်တွန်းလိုက် ပါတယ်။
2013-03-20
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့မှာ ဗုဒ္ဒဟူးနေ့ မနေ့မနက်ပိုင်းက ရွှေဆိုင်တစ်ခု မှာ အရောင်းအဝယ် စကားများကြရာက စတင်ဖြစ်ပွားခဲ့တဲ့ အဓိက ရုဏ်းကြောင့် ဗုဒ္ဓဘာသာ ရဟန်းတော်တစ်ပါးနဲ့ မြို့ခံတစ်ဦး သေဆုံးခဲ့ပြီး မိတ္ထီလာဆေးရုံကြီးမှာ ဒဏ်ရာရသူ ၂ဝ ကျော် ဆေးကုသမှု ခံယူနေရတယ်လို့ RFA က စုံစမ်းသိရပါတယ်။
2013-03-20
အမေရိကန် ဒေါ်လာနဲ့ တန်ဖိုးတူ သတ်မှတ်ပြီး သုံးစွဲနေတဲ့ FEC ငွေ လက်မှတ်တွေ ကို တန်ဖိုးအတိုင်း ပြန်လည် ထုတ်ပေးပြီး ဈေးကွက်ကနေ ရုပ်သိမ်းတော့ မယ်လို့ ပြည်ထောင်စု ဝန်ကြီး ဦးဝင်းရှိန်က မတ်လ ၂၀ ရက် ဒီကနေ့ လွှတ်တော်မှာ တင်ပြခဲ့ပါတယ်။
2013-03-20
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို ပြန်လည်လေ့လာသုံးသပ်နိုင်ရေးအ တွက် ကော်မတီ သို့မဟုတ် ကော်မရှင် ဖွဲ့စည်းဆောင်ရွက်သွားဖို့ အဆိုကို ဒီကနေ့ ပြည်ထောင်စု လွှတ်တော်က အတည်ပြုလိုက်ပါတယ်။
2013-03-20
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းရေးကော်မရှင် အစီရင်ခံစာပါ အကြံပြုချက်တွေအတိုင်း အကောင် အထည်ဖော်နေတဲ့ ကော်မတီက လယ်ယာမြေဆုံးရှုံးခဲ့ တဲ့ ဒေသခံလယ်သမားတွေကို လျော်ကြေးငွေတွေ ပေး အပ်နေရာမှာ တစ်ချို့ကလက်မခံဘူးလို့ RFA ကို ပြောပါ တယ်။
2013-03-20
မြန်မာပြည်တွင်း ငြိမ်းချမ်းရေး မရရှိသေးတာဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အားနည်း ချက်ကြောင့်ဖြစ်တယ်လို့ လားရှိုးမြို့မှာကျင်းပနေတဲ့ ရှမ်းနဲ့ ကယားပြည်နယ် ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ရေး ပထမနေ့ဆွေးနွေးပွဲမှာ တိုင်းရင်းသား ခေါင်းဆောင်တွေက သဘော ထားပေးကြကြောင်း သိရပါတယ်။
2013-03-20
မြန်မာနိုင်ငံမှာရောက်ရှိနေတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပဋိပက္ခဖြေရှင်းရေးဆိုင်ရာ လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး Rick Barton ဦးဆောင်တဲ့အဖွဲ့ဟာ ကယားပြည် နယ်ဝန်ကြီးချုပ် ဦးခင်မောင်ဦး ခေါင်းဆောင်တဲ့ ကယားပြည်နယ် အစိုးရအဖွဲ့နဲ့ လွိုင်ကော်မြို့မှာ ဒီကနေ့တွေ့ဆုံပြီး မြေမြှုပ်မိုင်းရှင်းလင်းရေး ကိစ္စတွေ ဆွေးနွေးခဲ့ပါတယ်။
2013-03-19
ဒုတိယကမ္ဘာစစ်အတွင်းက မြန်မာနိုင်ငံ မှာ ပျောက်ဆုံးခဲ့တဲ့ အမေရိကန် စစ်သည်တွေရဲ့ ရုပ်ကြွင်းတွေရှာဖွေရေး ပထမအဖွဲ့ရဲ့ လုပ်ငန်းတွေ အောင်အောင်မြင်မြင်ပြီးစီးခဲ့ပြီလို့ အမေရိကန် အစိုးရက မနေ့က ပြောပါတယ်။
2013-03-19
မြန်မာ၊ အင်ဂိုလာနဲ့ ဆူဒန်တောင်ပိုင်းနိုင်ငံတွေကို လာမယ့်လပိုင်းတွေအတွင်း အဖွဲ့ဝင်နိုင်ငံတွေဖြစ်လာဖို့မျှော်လင့်ကြောင်း OPCW ခေါ် ဓါတုလက်နက်ဖျက်သိမ်းရေးအဖွဲ့က ပြောပါတယ်။