သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-05-30
လွန်ခဲ့တဲ့ ၂ဝဝ၃ ခုနှစ် မေလ ၃ဝ ရက်နေ့ က စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် ကျီရွာ မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှု ၁၀ နှစ်မြောက် နှစ် ပတ်လည်အခမ်းအနားကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တွေက ဒီကနေ့ကျီရွာမှာ ကျင်းပခဲ့ပါတယ်။
2013-05-30
တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ ကြိုးပမ်းနေချိန် မှာ တည်ငြိမ်အေးချမ်းရေးဟာ အရေးကြီး တာကြောင့် ပြည်သူလူထုတစ်ရပ်လုံးရဲ့ ပူးပေါင်းပါဝင်မှု လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဒီနေ့ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ကေအိုင်အို ကချင် လွတ်မြောက်ရေးအဖွဲ့နဲ့ ဆွေးနွေးစဉ် တိုက်တွန်းပြောကြား လိုက်ပါတယ်။
2013-05-30
အစိုးရနဲ့ ကေအိုင်အို ကချင်လွတ်မြောက်ရေးအဖွဲ့တို့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ကျင်းပတဲ့ သုံးရက်ကြာတွေ့ဆုံဆွေးနွေးပွဲ ဒီကနေ့ နောက် ဆုံးနေ့မှာ အပစ်အခတ်ရပ်စဲရေးကို ခိုင်မာစေမယ့် သဘောတူညီချက် (၇) ချက် သဘောတူလက် မှတ်ရေးထိုး ထုတ်ပြန်ခဲ့ပါတယ်။
2013-05-29
မြန်မာနိုင်ငံ ပညာရေး ပြုပြင်ပြောင်းလဲ မှု နိုင်ငံလုံးဆိုင်ရာကွန်ရက်ဟာ ပညာရေး စနစ် ပြုပြင်ပြောင်းလဲရေးအတွက် အောက်ခြေအဆင့်ဒေသခံတွေရဲ့ အမြင်သဘောထားတွေကို ဒီနေ့ ရခိုင်ပြည်နယ် စစ်တွေမြို့မှာ မေးမြန်းဆွေးနွေးခဲ့ပါတယ်။
2013-05-29
ရန်ကုန်တိုင်း လှိုင်သာယာ ငွေပင်လယ် စက်မှုဇုန် စံကောင်း ပီနံအိတ်စက်ရုံမှာ အခုလ ၂၇ ရက်နေ့ ညက စတင်အစာ ငတ်ခံဆန္ဒပြနေကြတဲ့ စက်ရုံအလုပ်သမား ၁၆ ဦးထဲက အမျိုးသမီးနှစ်ဦး ဒီကနေ့ မူးလဲသွားတဲ့အတွက် လှိုင်သာယာဆေးရုံမှာ ကုသမှုခံယူခဲ့ရတယ်လို့ သိရပါတယ်။
2013-05-29
လက်ပံတောင်းတောင် သပိတ်စခန်း ဖြိုခွင်းခံရမှု ၆ လပြည့်မြောက်တဲ့ အထိမ်းအမှတ်အဖြစ် စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ဒေသမှာ အင်အားရာချီရှိတဲ့ ဒေသ ခံတွေ ဒီကနေ့ လမ်းလျှောက်ဆန္ဒပြခဲ့ကြပါတယ်။
2013-05-29
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မှာ ကေအိုင်အို ကချင်လွတ်မြောက်ရေး အဖွဲ့နဲ့ အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တို့ကြား ဒီကနေ့ဆက်လက်ကျင်းပခဲ့တဲ့ ဒုတိယမြောက်နေ့ဆွေးနွေး ပွဲမှာ နှစ်ဖက်စစ်တပ်ပိုင်းဆိုင်ရာ အကြီးအကဲတွေ သီးသန့်ဆွေးနွေးခဲ့ကြပါတယ်။
2013-05-29
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှာ မနေ့က လမ်းဘေးဓါတ်ဆီရောင်းသူ အမျိုးသမီးတစ်ယောက် နဲ့ အမျိုးသားတစ်ယောက် ပြဿနာပေါ်ပေါက်ခဲ့ရာ ကနေတဆင့် ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းဟာ ဒီကနေ့မှာ တခြားရပ်ကွက်တွေပါကူးစက်ပြီး မီးရှို့ဖျက်ဆီးတာတွေ ဆက်လက်ဖြစ်နေတယ် လို့ ဒေသခံတွေက ပြောပါတယ်။
2013-05-29
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ အင်္ဂါနေ့ညနေပိုင်းက အမှတ်(၈)ရပ်ကွက်၊ မိခင်နဲ့ကလေးစောင့်ရှောက်ရေး အဆောက်အဦးဟောင်းအနီး လမ်းဘေးဓါတ်ဆီရောင်းချသူ အမျိုးသမီးတစ်ယောက်နဲ့ အမျိုးသားတစ်ယောက် ပြဿ နာပေါ်ပေါက်ခဲ့ရာက အဓိကရုဏ်းတစ်ရပ်အထိ ဖြစ်ပွားသွား ခဲ့ပြီး အဆောက်အဦနဲ့ ဆိုင်ခန်းတွေ မီးလောင်ကျွမ်းခဲ့ရပါ တယ်။
2013-05-28
ရခိုင်ပြည်နယ်က ရိုဟင်ဂျာ မွတ်စလင်တွေ အပေါ် တစ်မိသားစုမှာ ကလေးနှစ်ယောက် သာ ယူခွင့်ပြုတဲ့မူဝါဒကို ရုတ်သိမ်းပေးဖို့ မြန်မာအစိုးရကို အမေရိကန်ပြည်ထောင်စုက တိုက်တွန်းလိုက်ပါတယ်။
2013-05-28
မြန်မာအစိုးရရဲ့ တားဆီးကန့်သတ် မှုတွေကြောင့် ရခိုင်ပြည်နယ် အနောက်ပိုင်း ဒုက္ခသည်စခန်းတွေက ဒုက္ခသည်တွေမှာ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ အခြေခံစောင့်ရှောက်မှုတွေ မရရှိပဲဖြစ်နေတယ်လို့ MSF နယ်စည်းမခြား ဆရာဝန်များ အဖွဲ့က ပြောပါတယ်။
2013-05-28
ရန်ကုန်မြို့၊ လှိုင်သာယာ ငွေပင်လယ် စက်မှုဇုန် စံကောင်း ပီနံအိတ်စက်ရုံမှာ အလုပ်သမား ၄၉ ဦးကို အလုပ်ထုတ်လိုက်တဲ့အတွက် ပြီးခဲ့တဲ့ မေလ ၁၁ ရက်နေ့ကတည်းက ဆန္ဒပြနေကြတဲ့ အလုပ်သမားတွေဟာ မနေ့ညနေပိုင်းကစလို့ အစာငတ်ခံ ဆန္ဒပြနေကြပြီဖြစ်ကြောင်း ဒီကနေ့မှာ သတင်းစာရှင်းလင်း ပွဲလုပ်ပြီး ပြောဆိုလိုက်ပါတယ်။
2013-05-28
အလုပ်ရှင်နဲ့ အလုပ်သမားတွေ အကြား ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေရဲ့ အဓိကအကြောင်းရင်းတွေကို သိရှိဖို့ အတွက် လွှတ်တော်ကိုယ်စားလှယ်တွေ၊ အလုပ်သမား ဝန်ကြီးဌာနနဲ့ ဥပဒေပညာရှင်တွေပါဝင်တဲ့ အလုပ်ရှင်၊ အလုပ်သမား အခွင့်အရေး လေ့လာရေးကော်မရှင်က စက်မှုဇုန် ၃ ခုကို မကြာခင် သတင်းပတ်အတွင်း လိုက်လံစစ်ဆေးဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
2013-05-28
ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့နယ်မှာ လက်နက်တွေပါတဲ့ ပိုင်ရှင်မဲ့ကားတစီးကို မနေ့မနက်က ဖမ်းမိခဲ့တယ်လို့ သတင်းရရှိပါတယ်။
2013-05-28
အမေရိကန်ပြည်ထောင်စုကို ရောက်ရှိနေ တဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် က မြန်မာနိုင်ငံကကျောင်းသားတွေဟာ သူတု့ိရဲ့ကိုယ်ပိုင် အတွေးအခေါ်ဆင်ခြင်ဉာဏ်ကို အသုံးချခွင့်မရကြဘူးလို့ မနေ့က ပြောဆိုလိုက်ပါတယ်။