သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-12-31
လာမယ့် ၂ဝ၁၅ ခုနှစ်မှာ ထိုင်းနိုင်ငံ မဲဆောက်နဲ့ မြန်မာနိုင်ငံ မြဝတီမြို့ ကြား နှစ်နိုင်ငံကုန်သွယ်မှု ပမာဏ ဘတ်ငွေ ၁၅ဝ ဘီလျံ တိုးတက်လာအောက် ဆောင် ရွက်သွားကြမယ်လို့ TNA ထိုင်းသတင်းဌာနက ဖော်ပြ ပါတယ်။
2014-12-31
၂ဝ၁၅ နှစ်သစ်အကြိုညအတွက် လူငယ်တချို့က ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်မှာ ဖက်ဆစ်စနစ် ဆန့်ကျင်ရေးဖျော်ဖြေပွဲ တစ်ခု ကျင်းပခဲ့ကြပါတယ်။
2014-12-31
ဒီလ ၂၂ ရက်နေ့နဲ့ ၂၃ ရက်နေ့တွေမှာ ဖြစ် ပွားခဲ့တဲ့ လက်ပံတောင်းတောင် ပဋိပက္ခ အတွင်း တောင်သူ ဒေါ်ခင်ဝင်း သေဆုံးမှုနဲ့ ထိခိုက်ဒဏ်ရာရရှိမှု အခြေအနေတွေနဲ့ ပတ်သက်ပြီး စုံစမ်းဖို့ အတွက် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော် မရှင် အဖွဲ့ဝင် ၃ ဦး ဆားလင်းကြီးမြို့နယ်ကို ဒီနေ့ ရောက်ရှိလာ ပါတယ်။
2014-12-31
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ကန်ပိုက်တီမြို့နယ်ခွဲမှာရှိတဲ့ စင်ကြိုင် ဒုက္ခသည်စခန်းမှာ ဒီဇင်ဘာ ၂၉ ရက် ညသန်းခေါင်ချိန်ကနေ ၃၀ ရက်နေ့ မနက်အထိ မီးလောင်မှုဖြစ်ပွားခဲ့ရာ အိမ်ခြေ ၈၀ ကျော် ပျက်စီးပြီး ဒုက္ခသည် ၅၀၀ နီးပါး အိုးမဲ့အိမ်မဲ့ ဖြစ်နေပါတယ်။
2014-12-31
ရခိုင်ပြည်နယ် အချုပ်အခြာကျဆုံးခဲ့ တဲ့ နှစ်ပေါင်း၂၃၀ ပြည့် ဝမ်းနည်းခြင်း အထိမ်းအမှတ် အခမ်းအနား ဟောပြော ပွဲတွေကို စစ်တွေ၊ မြောက်ဦး၊ ဘူးသီးတောင် စတဲ့မြို့ နယ်တွေမှာ နိုင်ငံရေးပါတီတွေ၊ အရပ်ဘက်လူမှုအဖွဲ့ အစည်းတွေက ဒီကနေ့ ကျင်းပခဲ့ကြပါတယ်။
2014-12-31
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့ နယ်၊ အနော်ရထာစက်မှုဇုန်ထဲ က မြစိမ်းရောင်အိမ်ယာစီမံကိန်းမြေမှာ ဝင်ရောက်နေထိုင်နေကြတဲ့ ကျူးကျော်တဲ ၈ဝဝ လောက်ကို အိမ်ယာဆောက်လုပ်နေတဲ့ ဝါဝါ၀င်းကုမ္ပဏီက စက်ယန္တ ရားတွေနဲ့ ဒီနေ့ ဝင်ရောက်ဖြိုဖျက်ခဲ့တယ်လို့ သိရပါတယ်။
2014-12-31
သာသနာညိုးနွမ်းစေမှုနဲ့ စစ်ကိုင်းတိုင်းဒေ သကြီး၊ မုံရွာအကျဉ်းထောင်မှာ ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ စာရေးဆရာ ဦးထင် လင်းဦးကို ချောင်းဦးမြို့နယ်တရားရုံးမှာ ဒီကနေ့ ရုံးထုတ် စစ်ဆေးခဲ့ရာ တရားလိုပြ သက်သေတစ်ဦးဖြစ်တဲ့ သုံးပန်လှ စံပြကျေးရွာက ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်ကို စစ်ဆေးမေးမြန်းခဲ့ပါတယ်။
2014-12-31
မြန်မာနိုင်ငံရဲ့ မြေယာမြေသိမ်းဆည်း မှု ပြဿနာတွေကို အစိုးရအပြင် လွှတ်တော် ကပါ တာဝန်ယူဖြေရှင်းပေးဖို့ လို အပ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက ဒီကနေ့ တိုက်တွန်းလိုက်ပါတယ်။
2014-12-31
အိန္ဒိယ မြန်မာနယ်စပ်က လူမျိုးစု သူပုန်တွေအပေါ် စစ်ဆင်ရေး ပူးတွဲဆောင်ရွက်ဖို့ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာန က မြန်မာ အစိုးရကို ဖိအားပေး တိုက်တွန်းနေတယ်လို့ အိန္ဒိယနိုင်ငံထုတ် The Asian Age သတင်းက ဖေါ်ပြ ပါတယ်။
2014-12-30
မြန်မာနိုင်ငံတွင်းမှာ ပုန်းအောင်းခိုလှုံနေကြတဲ့ မူးယစ်ရာဇာ ၁၀ ယောက်ကို စုံစမ်းရှာဖွေဖမ်းဆီးပေးဖို့ ထိုင်းအစိုးရ မူးယစ်ဆေးဝါးနှိမ်နင်းရေးအဖွဲ့က မြန်မာအစိုးရကို အကူ အညီတောင်းခံလိုက်ကြောင်း ဘန်ကောက်ပို့စ်သတင်း က ဖေါ်ပြပါတယ်။
2014-12-30
မြန်မာနိုင်ငံဟာ ကမ္ဘာတဝှမ်း မြေမြှုပ် မိုင်းကြောင့် သေဆုံးရသူ တတိယ အများ ဆုံးနိုင်ငံဖြစ်ကြောင်း ICBL ခေါ် နိုင်ငံတကာ မြေမြှုပ် မိုင်း သုံးစွဲမှုပပျောက်ရေး လှုပ်ရှားမှုအဖွဲ့ရဲ့ နှစ်ပတ်လည်အစီရင်ခံ စာက ဖေါ်ပြပါတယ်။
2014-12-30
လယ်သမားတွေထံက သိမ်းယူထားတဲ့ လယ်ယာမြေပြဿနာတွေနဲ ပတ်သက်ပြီး အစိုးရအနေနဲ့ ပြေလည်အောင် ဖြေ ရှင်းပေးနိုင်ခြင်းမရှိသေးဘူးလို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်းခေါင်းဆောင် ကိုမင်းကိုနိုင်က ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြော ပါတယ်။
2014-12-30
အစိုးရဝန်ထမ်းတွေကို လစာတိုးပေးသင့် မသင့်ကို နိုင်ငံတော်သမ္မတရုံး ဝက်ဘ်ဆိုက် မှာ မနေ့ကစတင်ပြီး စစ်တမ်းကောက် ယူနေပါတယ်။ အခုလိုအွန်လိုင်းကနေ မဲပေးတဲ့စနစ် နဲ့ ပြည်သူလူထုသဘောထားကို ကောက်ခံတာ ပထမ ဆုံးဖြစ်တယ်လို့ နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောပါတယ်။
2014-12-30
မြန်မာအစိုးရအနေနဲ့ ရိုဟင်ဂျာလူနည်းစု မွတ်စလင်တွေကို နိုင်ငံသားအဖြစ် သတ် မှတ်ပေးဖို့၊ တန်းတူအခွင့်အရေးတွေပေးဖို့ တိုက်တွန်းထားတဲ့ ဆုံးဖြတ်ချက်တစ်ခုကို ကုလသမဂ္ဂ အထွေထွေ ညီလာခံက မနေ့က အတည်ပြုလိုက်ပါတယ်။
2014-12-30
မန္တလေးမြို့မှာ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းက အကြမ်းဖက်ဆူပူမှုအတွင်း အရပ်သား ကိုထွန်းထွန်း သေဆုံးခဲ့တဲ့ အမှုနဲ့ပတ်သက် ပြီး တရားစွဲခံထားရသူ ၁၁ ဦးကို မန္တလေးခရိုင် တရားရုံး က ထောင်ဒဏ် ၁၀ နှစ်ကနေ ၁၃ နှစ်အထိ အသီးသီးချမှတ် လိုက်ပါတယ်။