သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-11-15
ပြည်ထောင်စု လွှတ်တော်က အတည်ပြုပြဌာန်းခဲ့တဲ့ အမျိုးသားပညာရေး ဥပဒေကို ဒီနေ့ ကျောင်းသား ကျောင်းသူ ၃၀၀ ကျော်လောက်က ရန်ကုန်မြို့မှာ ဆက်လက် သပိတ်မှောက် ဆန္ဒပြနေကြပါတယ်။
2014-11-15
ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသမှာ ထိုင်းနိုင်ငံ PTTEP ကုမ္ပဏီက ဇောတိက သဘာဝဓါတ်ငွေ့ပိုက်လိုင်း ကို မြေဖို့နေစဉ် တားမြစ်ခဲ့တဲ့ ဥယျာဉ်ခြံပိုင်ရှင် ၁၆ ဦးကို စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်း က ပိုင်နက်ကျူးလွန်မှု၊ ဝတ္တရားနှောင့်ယှက်မှုတွေနဲ့ အမှုဖွင့် လိုက်ပါတယ်။
2014-11-14
မြန်မာပြည်ရဲ့ အခြေအနေကို အမှန်ပကတိ အတိုင်းသိရှိဖို့ အရေးကြီးကြောင်း သမ္မတ အိုဘားမားနဲ့ မိမိတို့နှစ်ဦးလုံး ရှုမြင်ကြတယ် လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က ပြောကြားလိုက်ပါတယ်။
2014-11-14
သမ္မတ အိုဘားမားဟာ မြန်မာပြည်ကနေ သြစတြေးလျားနိုင်ငံကို မနေ့ညနေက ထွက်ခွာသွားပါတယ်။ မနေ့မနက်ပိုင်းက အတွင်းဝန်ရုံးဟောင်းကို သွားရောက်ကြည့်ရှုခဲ့ရာ မှာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ကြိုဆိုခဲ့ပြီး သမိုင်းပညာရှင် ဒေါက်တာ သန့်မြင့်ဦးက လိုက်လံပြသ ခဲ့ပါတယ်။
2014-11-14
ပြည်သူ့လွှတ်တော်အတွက် ကိုယ်စားလှယ်တွေ ရွေးချယ်ရာမှာ လက်ရှိကျင့်သုံးနေတဲ့ မဲအများဆုံးရသူ အနိုင်ယူ FPTP ရွေးကောက်ပွဲစနစ်ကို ဆက်လက်ကျင့်သုံးသွား ဖို့ ပြည်သူ့လွှတ်တော်က ဒီနေ့ ဆုံးဖြတ်လိုက်ပါတယ်။
2014-11-14
နေပြည်တော်မှာ ဒီကနေ့ကျင်းပတဲ့ ပြည်သူ့ လွှတ်တော်အစည်းအဝေးကို NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လေ့လာသူတွေ ဝင်ခွင့် မရပေမယ့် ပြည်ထောင်စုကြံခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ က လေ့လာသူတွေ ဝင်ရောက်လေ့လာခွင့် ရရှိခဲ့တယ်လို့ သိရပါတယ်။
2014-11-14
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၂ ရက်နေ့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ရခိုင်ပြည် နယ်မှာရှိတဲ့ မွတ်စလင်တွေကို "ရိုဟင်ဂျာ"လို့ ခေါ်ဝေါ်သုံးစွဲ ခဲ့တာကို ကန့်ကွက်ကြောင်း ပြည်ထောင်စုလွှတ်တော်က ဒီကနေ့ ကြေညာခဲ့ပါတယ်။
2014-11-14
မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန်သမ္မတ အိုဘားမားက အရပ်ဘက်လူမှုအဖွဲ့အစည်း ကိုယ်စားလှယ်တွေနဲ့ ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းမှာရှိတဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန်သံရုံးမှာတွေ့ဆုံပြီး ပြည်တွင်းငြိမ်း ချမ်းရေး၊ သတင်းမီဒီယာဖွံ့ဖြိုးရေးနဲ့ လူ့အခွင့်အရေး ကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။
2014-11-14
အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်တဲ့ ဆန္ဒပြပွဲကို ကျောင်းသား ကျောင်းသူ ၃၀၀ ကျော်က ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ ဒီနေ့ ပြုလုပ် ခဲ့ပါတယ်။
2014-11-14
အလွတ်သတင်းထောက် ကိုပါကြီး ခေါ် ကိုအောင်ကျော်နိုင် သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ပြီး တပ်မတော် အရာရှိတွေအပါအဝင် ၈ ဦး ကို မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် က မော်လမြိုင်မြို့မှာ ဒီကနေ့ စတင်စစ်ဆေးနေပါတယ်။
2014-11-14
လက်ရှိမြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင် ကူးပြောင်းရေးအဆင့်ဟာ ပြီးပြည့်စုံမှုမရှိသေးသ လို၊ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့်ကို တားဆီးပိတ်ပင်ထားတာဟာ အဓိပ္ပါယ် သိပ်မရှိဘူးလို့ အမေရိကန်သမ္မတ အိုဘားမား က ပြောကြားလိုက်ပါတယ်။
2014-11-13
အမျိုးသားပညာရေးဥပဒေကို တစ်နိုင်ငံ လုံးအတိုင်းအတာနဲ့ သပိတ်မှောက် ဖို့ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထု အရေးပေါ်အစည်းအဝေးတွင် မနေ့က ဆုံးဖြတ်လိုက် ပါတယ်။
2014-11-13
အမေရိကန်ပြည်ထောင်စုရဲ့ Peace Corps ခေါ် ငြိမ်းချမ်းရေး ကူညီဆောင်ရွက် မှု အစီအစဉ်သစ်တစ်ရပ်ကို မြန်မာနိုင်ငံမှာ ရှေ့နှစ် ၂၀၁၅ ခုနှစ်အတွင်း စတင်မယ်လို့ သမ္မတ အိုဘားမားကနေ ပြည်တော်မှာ မနေ့က ကြေညာခဲ့ကြောင်း AP သတင်း က ဖေါ်ပြပါတယ်။
2014-11-13
လွှတ်တော်ကို ဖျက်သိမ်းနိုင်တဲ့အထိ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင် စီရဲ့ လုပ်ပိုင်ခွင့်ကို တိုးမြှင့်ပေးဖို့ ဒီကနေ့ နေပြည်တော်မှာကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ တပ်မတော်သားလွှတ်တော် ကိုယ်စား လှယ်တွေက ဦးဆောင်ဆွေးနွေးခဲ့ကြပါတယ်။
2014-11-13
နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်ရေးဆွဲရေး လုပ်ငန်းကော်မတီ ရဲ့ ဒီနေ့ ၇ ကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲမှာ မူဘောင် အကြမ်းကို အပြီးသတ် ရေးဆွဲသဘောတူခဲ့တယ်လို့ သိရပါတယ်။
2014-11-13
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ် တစ်ရာကျော် ဝင်ရောက်ဆွေးနွေးဖို့ စာရင်းပေးထားတဲ့အထဲက ကိုယ်စားလှယ် ၁၁ ဦး က ပြည်ထောင်စုလွှတ်တော်မှာ ဒီနေ့ စတင်ဆွေးနွေး ခဲ့ကြပါတယ်။
2014-11-13
အမေရိကန်သမ္မတ အိုဘားမားဟာ ဒီနေ့ နေပြည်တော်က နန်းဝတီဟိုတယ် မှာ ပြည်ထောင်စု လွှတ်တော်နာယက သူရရွှေမန်း၊ အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြားလွှတ်တော် ကိုယ်စားလှယ် ၁၀ ဦး နဲ့ ဒီနေ့ တံခါးပိတ်ဆွေးနွေးခဲ့ပါတယ်။
2014-11-13
ကုလသမဂ္ဂနဲ့ နိုင်ငံတကာ သတင်းမီဒီ ယာတွေက သုံးစွဲနေတဲ့ ရိုဟင်ဂျာ ဆိုတဲ့အခေါ်အဝေါ် ကို မြန်မာအစိုးရအနေနဲ့ လက်မခံကြောင်းနဲ့ ဒီအခေါ်အဝေါ် နဲ့ ပတ်သက်ပြီး ကုလသမဂ္ဂကိုလည်း လက်မခံကြောင်း အကြိမ်ကြိမ်ပြောထားသလို ဒီအသုံးအနှုန်းနဲ့ ပတ်သက် လို့ ငြင်းခုန်မှုတွေ ဆက်လက်ရှိနေဦးမှာဖြစ်ကြောင်း နိုင်ငံခြားရေးဒုတိယဝန်ကြီး ဦးသန့်ကျော်က ဒီနေ့ ပြော ပါတယ်။
2014-11-13
ရိုဟင်ဂျာ ဒါမှမဟုတ် ဘင်္ဂါလီ ဆိုပြီး ခေါ်ဝေါ်ပြောဆိုတာထက် မိမိတို့ ကုလသမဂ္ဂ အဖွဲ့အစည်းအနေနဲ့ ရခိုင်ပြည်နယ်က လူ့အဖွဲ့ အစည်းနှစ်ခုစလုံး သဟဇာတရှိရှိ အတူနေသွားနိုင်ဖို့ကို အဓိကထား ဦးတည်ပြောတာဖြစ်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ဒီနေ့ ပြောပါတယ်။
2014-11-13
ရခိုင်ပြည်နယ်အတွင်းက မွတ်စလင်တွေ ကို နိုင်ငံတကာအသိုင်းအဝိုင်းက ရိုဟင်ဂျာ လူမျိုးလို့ ခေါ်ဝေါ်သုံးနှုန်းတာဟာ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနဲ့ ရခိုင်တိုင်းရင်းသားတွေနဲ့ မွတ်စလင်တွေအကြား နှစ်ဘက်ယုံကြည်မှု တည်ဆောက်ရေးအပေါ် ထိခိုက်စေကြောင်းနဲ့ ရိုဟင်ဂျာလို့ သုံးနှုန်းတာကို ကန့်ကွက်ကြောင်း ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းထံ ဒီနေ့ စာရေးသားပေးပို့လိုက်ပါတယ်။
2014-11-13
မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင် ကူးပြောင်းရေးလုပ်ငန်းစဉ်ဟာအရေးအကြီးဆုံး အချိုးအကွေ့ကာလတစ်ခုကို ရောက်ရှိနေပြီလို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်း က ပြောကြားလိုက်ပါတယ်။
2014-11-13
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်ဟာ အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာမိုဒီနဲ့ မနေ့ကတွေ့ဆုံခဲ့ပါတယ်။ မိုဒီတည်းခိုရာ Park Royal ဟိုတယ်မှာ တွေ့ဆုံခဲ့တာပါ။
2014-11-13
အမေရိကန်သမ္မတ ဘားရက်အိုဘားမား ဟာ (၂၅) ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲနဲ့အရှေ့အာရှ ဆွေးနွေးပွဲတွေ တက်ရောက်ဖို့အတွက် နိုဝင်ဘာ ၁၂ ရက် ညနေပိုင်းက နေပြည်တော်ကို ရောက်ရှိခဲ့ပါတယ်။
2014-11-12
ဟံသာဝတီ ဦးဝင်းတင်ဖောင်ဒေးရှင်းရဲ့ ၁၇ ကြိမ်မြောက် ထောက်ပံ့ငွေပေးအပ်ပွဲကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ ဒီနေ့ ကျင်းပရာ အလွတ်သတင်းထောက် ကိုပါကြီး ခေါ် ကိုအောင်ကျော်နိုင်၊ မွန်းတည့်နေဂျာနယ်က သတင်းသမား ၅ ဦး၊ မိကျောင်းကန်သပိတ်စခန်း ခေါင်းဆောင် ဦးစိန်သန်း နဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ၂ဝ ကျော်တို့အတွက် စုစုပေါင်းငွေကျပ် ၅၇ သိန်း ထောက်ပံ့လှူဒါန်းခဲ့ပါတယ်။
2014-11-12
၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ပေးဖို့နဲ့ PR ခေါ် အချိုးကျကိုယ်စားပြုရွေးကောက်ပွဲစနစ်ကို လက်မခံကြောင်း ပြည်သူ့လှုပ်ရှားမှု မြှင့်တင်ရေးကွန်ရက်က ဦးဆောင်ပြီး ရန်ကုန်မြို့ ကမာရွတ်မြို့နယ် လှည်းတန်းမှာ ဒီနေ့ ဆန္ဒပြခဲ့ကြပါတယ်။
2014-11-12
လာမယ့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် ကစပြီး နိုင်ငံ့ဝန်ထမ်းတွေ၊ တပ်မတော် သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ လစာနဲ့ စရိတ်တွေကို တိုးမြှင့်သတ်မှတ်ပေးဖို့ ပြည်ထောင်စုအစိုးရထံ တိုက်တွန်းကြောင်း အရေးကြီးအဆိုကို ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ အမျိုးသားလွှတ်တော် ကိုယ်စား လှယ် ဦးဇော်မြင့်ဖေက ဒီကနေ့ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော်မှာ တင်သွင်းခဲ့ပါတယ်။
2014-11-12
လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် ကရင်နိုင်ငံရေးပါတီ သုံးခုပူးပေါင်း သွားမယ်လို့ ပါတီတာဝန်ရှိသူတွေ က ပြောပါတယ်။
2014-11-12
တစ်နိုင်ငံလုံးမှာရှိတဲ့ ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေ၊ တက္ကသိုလ်ကျောင်းသား သမဂ္ဂအဖွဲ့ဝင်တွေ တက်ရောက်နေ တဲ့ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထု အရေးပေါ်အစည်း အဝေးကို ရန်ကုန်မြို့ ဒဂုံမြို့သစ် (မြောက်ပိုင်း)မှာရှိတဲ့ နာရေးကူညီမှုအသင်း (ရန်ကုန်)က သုခခန်းမမှာ ဒီကနေ့ စတင်ကျင်းပနေပါတယ်။
2014-11-12
အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ သဘာဝဘေး အန္တရာယ်တွေ၊ အီဘိုလာရောဂါလို ကူးစက်ရောဂါ အန္တရာယ်တွေနဲ့ အကြမ်းဖက် အစွန်းရောက်ဝါဒ စတဲ့စိန်ခေါ်မှုတွေကို တွန်းလှန်နိုင်တဲ့ စွမ်းအားတွေ စဉ်ဆက်မပြတ် ထူထောင်ထားဖို့ လိုအပ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဒီကနေ့ အာဆီယံ ထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေး ဖွင့်ပွဲအခမ်းအနားမှာ တိုက်တွန်းပြောကြားလိုက်ပါတယ်။
2014-11-12
အမေရိကန်သမ္မတ အိုဘားမားနဲ့ မြန်မာ လွှတ်တော်ကိုယ်စားလှယ်တချို့ဟာ မြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်အတွင်းက လွှတ်တော်ရဲ့အခန်းကဏ္ဍဆို တဲ့ ခေါင်းစဉ်နဲ့ နေပြည်တော် နန်းဝတီဟိုတယ်မှာ မနက်ဖြန် ဆွေးနွေးကြမယ်လို့ သိရပါတယ်။