သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-12-16
ရန်ကုန်တက္ကသိုလ်မှာ ပညာသင်ကြားနေ တဲ့ ကျောင်းသူ၊ ကျောင်းသားတွေက ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂကို ဖွဲ့စည်းကြောင်း ဒီနေ့ကြေညာလိုက်ပါတယ်။
2014-12-15
လာမယ့် ဒီဇင်ဘာလ ၂၇ ရက်နေ့မှာ ကျင်းပမယ့် ရန်ကုန်မြို့တော်စည်ပင် သာယာရေး ကော်မတီဝင် ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်မယ့် လူ့အခွင့်အရေး လှုပ်ရှား ဆောင်ရွက် သူ နော်လှလှစိုး၊ လယ်သမားအရေးဆောင်ရွက်သူ ဦးဝင်းချို နဲ့ ဒေါက်တာအေးမင်းတို့ သုံးဦးက ဒီနေ့ ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ်က Orchid Hotel မှာ သတင်းစာရှင်း လင်းပွဲ ကျင်းပခဲ့ပါတယ်။
2014-12-15
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချူပ် လက်မှတ်ရေးထိုးနိုင် ဖို့အတွက် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC အဖွဲ့နဲ့ ဆက်ဆွေးနွေးသွားဖို့ ဒီကနေ့ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ မှာပြုလုပ်တဲ့ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ တွေ့ ဆုံဆွေးနွေးပွဲမှာ နှစ်ဖက်သဘောတူညီမှု ရရှိသွားပြီဖြစ် တယ်လို့ သိရပါတယ်။
2014-12-15
ဒီမိုကရေစီရေးစဉ်ဆက်မပြတ် လှုပ်ရှားမှုအဖွဲ့ MDCF က အဖွဲ့ဝင် ကိုသိန်းအောင်မြင့်ကို တရားမဝင် စီတန်းလှည့် လည်ခြင်းဆိုင်ရာ ပုဒ်မ ၁၈နဲ့ တရားစွဲဆိုထားတာကို မကျေနပ်တဲ့အတွက် MDCF အဖွဲ့ဝင်တွေက အောင်မြေသာစံ မြို့နယ်တရားရုံးရှေ့မှာ ဒီနေ့ ဆန္ဒပြခဲ့ကြပါတယ်။
2014-12-15
ရခိုင်ပြည်နယ်မှာ လူ့အဖွဲ့အစည်းနှစ်ခု အကြားဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေဟာ တည် ငြိမ်နေပြီဖြစ်တဲ့အတွက် အဲ့ဒီအခြေအနေကို ဆက်လက် ထိန်းသိမ်း ကြဖို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဒီနေ့ ကျရောက်တဲ့ နှစ် ၄၀ ပြည့် ရခိုင်ပြည်နယ်နေ့ အခမ်းအနား ကို ပေးပို့တဲ့သဝဏ်လွှာမှာ တိုက်တွန်းထားပါတယ်။
2014-12-15
စစ်တပ်က ဖမ်းဆီးထိန်းသိမ်းခဲ့ ပြီးနောက် သေဆုံးသွားတဲ့ အလွတ် သတင်းထောက် ကိုပါကြီးအမှုမှန် ပေါ်ပေါက်ရေးအတွက် အများပြည်သူ လက်မှတ်ထိုးတောင်းဆိုမှုတစ်ခု စတင်ဆောင် ရွက်နေပြီလို့ ကိုပါကြီးရဲ့ဇနီး မသန္တာက RFA ကိုပြော ပါတယ်။
2014-12-15
ဧရာဝတီတိုင်းအတွင်းမှာ ဖြစ်ပေါ်နေတဲ့ လယ်ယာမြေပြဿနာတွေကို တိုင်းဒေသ ကြီးအစိုးရအဖွဲ့ အနေနဲ့ ဖြေရှင်းဆောင်ရွက်ပေးဖို့ ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက ဒီနေ့ တိုက်တွန်းလိုက် ပါတယ်။
2014-12-15
နိုင်ငံရေးမှာ အမျိုးသမီးထု ပိုပါဝင်လာဖို့ အတွက် နိုင်ငံရေးပါတီတွေအနေနဲ့ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲအတွက် ကိုယ်စား လှယ်လောင်းတွေ ရွေးချယ်တဲ့အခါ အရည်အချင်းရှိတဲ့ အမျိုးသမီးတွေကိုလည်း ကိုယ်စားလှယ်လောင်းအဖြစ် ထည့်သွင်း စဉ်းစားကြဖို့ ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးက ဒီနေ့ တိုက်တွန်းလိုက် ပါတယ်။
2014-12-15
ရန်ကုန်တိုင်း သင်္ကန်းကျွန်းမြို့နယ်က မိချောင်းကန်ပြည်သူတွေဟာ သပိတ် အရှိန်မြှင့်တဲ့အနေနဲ့ တတိယမြောက်နေ့ အဖြစ် မြို့တော်ခန်းမရှေ့မှာ မနေ့ကဆက်လက် ဆန္ဒပြနေပေမဲ့ သက်ဆိုင်ရာက လာရောက်ဆွေးနွေးတာ မရှိသေးပဲ ညပိုင်းမှာရဲအင်အားချထားလို့ ထိတ်လန့်နေကြ တယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။
2014-12-14
အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းအလုပ် သမားများနေ့အခမ်းအနားကို ရန်ကုန် အခြေစိုက် ရွှေ့ပြောင်းအလုပ်သမား အရေး ဆောင် ရွက်နေတဲ့ အဖွဲ့အစည်းတွေ ပူးပေါင်းပြီး ရန်ကုန်မြို့ ဒဂုံမြို့သစ်မြောက်ပိုင်းက နာရေးကူညီမှု အသင်း(ရန်ကုန်)မှာ ကျင်းပခဲ့ပါတယ်။
2014-12-14
ထောင်ဒဏ် ၁၃ နှစ် ချမှတ်ခံထားရတဲ့ သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်ကို ပြစ်ဒဏ်လျှော့ပေါ့တာ မဟုတ်ပဲအပြီးသတ် တရားသေလွှတ်မြောက်ဖို့အတွက် ဥပဒေဘောင်အတွင်းကနေ ကြိုးစားသွားမယ်လို့ ဦးဆန်းဆင့်ရဲ့ ရှေ့နေတွေက ပြောပါတယ်။
2014-12-14
မွန်ပြည်နယ် ရေးမြို့နယ် အံဒင်ကျေးရွာမှာ တည်ဆောက်မယ့် ကျောက်မီးသွေးလောင် စာသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကို ကန့် ကွက်ကြောင်း ဒေသခံ ၄ဝဝ ကျော်လောက်က ဒီနေ့ ရေးမြို့ မှာ ဆန္ဒပြခဲ့ကြပါတယ်။
2014-12-14
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်ကိုယ်စားလှယ်ဆိုတာ အခက်အခဲတွေကို ရင်ဆိုင်ပြီး ပြည်သူလူထုအကျိုးကို ဆောင်ရွက်ရ တာဖြစ်တဲ့အတွက် အဖွဲ့ဝင်တွေအနေနဲ့ ရာထူးရရှိရေးကို အဓိကထားမက်မောပြီး ကိုယ်စားလှယ်ရောဂါ မထကြပါနဲ့လို့ ဒီနေ့ သတိပေး လိုက်ပါတယ်။
2014-12-13
ကမ္ဘာ့ဘဏ်အုပ်စု အဖွဲ့ဝင်ဖြစ်တဲ့ IFC ခေါ် နိုင်ငံတကာ ငွေကြေး ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့အနေ နဲ့ မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ရင်းနှီးမြှုပ်နှံ မှုတွေကိုလာမယ့်သုံးနှစ်အတွင်း အမေရိကန်ဒေါ်လာ ၁ ဘီလီယံအထိ တိုးမြှင့်သွားမယ်လို့ ဒီဇင်ဘာ ၁၂ ရက်နေ့ နေ့စွဲနဲ့ မနေ့က ထုတ်ပြန်လိုက်ပါတယ်။
2014-12-13
လာမယ့် ၁၂ ကြိမ်မြောက် လွှတ်တော် အစည်းအဝေးတွေမှာ ဆွေးနွေးမယ့် မျိုးစောင့်ဥပဒေထဲက ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာနဲ့ မြန်မာဗုဒ္ဓဘာသာမိန်းမများ အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေကြမ်း ၂ ခုကို ကန့် ကွက်ကြောင်း ချင်းအမျိုးသားပါတီက ဒီနေ့ပြောပါတယ်။
2014-12-13
အလုပ်ရှင်နဲ့ အလုပ်သမားကြား မကြာခဏ ဖြစ်ပေါ်နေတဲ့ လုပ်ခလစာတိုးမြင့်ရေး အငြင်းပွားမှု၊ ဆန္ဒပြမှုတွေ ပပျောက်ရေးအတွက် အနိမ့်ဆုံးလစာငွေ သတ်မှတ်ပေးရေး နည်းဥပဒေ အမြန်ဆုံး အကောင်အထည်ဖော်ဖို့ လိုအပ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဒီနေ့ ပြောပါတယ်။
2014-12-13
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနားက လိပ်ခွံတောင် မှာ ဒီကနေ့မနက်ပိုင်းက ရဲတပ်ဖွဲ့ဝင်တွေနဲ့ မိုးကြိုးပြင် (အလယ်ရွာ)က ဒေသခံတောင်သူတွေကြား ပဋိပက္ခဖြစ် ပွားခဲ့တာကြောင့် ရဲတပ်ဖွဲ့က သေနတ်နဲ့ပစ်ခတ်ခဲ့ရာ မှာ ဒေသခံလယ်သမား ၂ ဦး ဒဏ်ရာရရှိခဲ့ပါ တယ်။
2014-12-13
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ဆလပ်ကျေးရွာနဲ့ နားတီးကျေးရွာ အကြားမှာ အစိုးရနဲ့ တိုင်းရင်းသား ပူးတွဲတပ်တွေကြား ဒီနေ့တိုက်ပွဲတွေ ဆက်လက်ဖြစ်နေပါတယ်။
2014-12-13
မန္တလေးတိုင်း အမရပူရမြို့နယ်အတွင်းက ရတနာပုံတံတား တည်ဆောက်စဉ် သိမ်းထားတဲ့မြေတွေထဲက ပိုနေတဲ့မြေ ၁၀ ဧကကို ပြန်ပေးဖို့ အမရပူရမြို့နယ် ရွေကြက်ယက်ရွာက လယ်သမား တစ်ရာလောက် ဒီကနေ့ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
2014-12-13
လာမယ့်နှစ်ဆန်း ဇန်နဝါရီလ ၁၀ ရက်နေ့မှာ ကျရောက်မယ့် ကချင်ပြည် နယ်နေ့မှာ မနောပွဲကို မဖြစ်မနေ ထည့်သွင်းကျင်းပသွားမယ် လို့ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းက ဒီနေ့ ကချင် လူငယ်အဖွဲ့နဲ့ တွေ့ဆုံစဉ်မှာ ပြောကြားလိုက်ပါတယ်။
2014-12-13
အကျိုးထိရောက်မှုရှိတဲ့ ဆွေးနွေး ပွဲတွေဖြစ်ပေါ် လာခြင်းမရှိအောင် အမျိုးမျိုးလမ်းလွှဲတဲ့ လုပ်ဆောင် ချက်တွေကို လုံးဝအားပေးထောက်ခံမှာ မဟုတ်ဘူး လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည်က ဒီကနေ့ ပြောကြားလိုက်ပါတယ်။
2014-12-13
ထိုင်းနိုင်ငံကို ရောက်ရှိနေတဲ့ The Elders ခေါ် ကမ္ဘာ့ထင်ရှားပုဂ္ဂိုလ်များ အဖွဲ့က ချင်းမိုင်မြို့ရှိ မြန်မာ့အရေး လှုပ်ရှားဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေနဲ့ ဒီကနေ့ တွေ့ ဆုံခဲ့ကြပါတယ်။
2014-12-12
လူ့ဘဝမှာ တကယ် ကြိုးစားရင် တိုးတက်ရုံ သာမက ကိုယ်လဲ စိတ်ချမ်းသာမယ်လို့ ဒီနေ့ အသက် ၈၅ နှစ်ပြည့်သွားပြီဖြစ်တဲ့ စာရေးဆရာ၊ ကဗျာ ဆရာမကြီး ဒေါ်ကြည်အေးက လူငယ်တွေကို ပြောကြားလိုက်ပါတယ်။
2014-12-12
အမေရိကန် ကွန်ဂရက်လွှတ်တော်မှာ မကြာခင် အတည်ပြုမယ့် ကာကွယ်ရေး အသုံးစရိတ် ဥပဒေအရ မြန်မာနဲ့ အမေရိကန် တပ်မတော် အကြား ဆက်ဆံရေးတိုးမြှင့်ဖို့ရှိပါတယ်။
2014-12-12
စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့ အမှတ်(၇) အခြေခံပညာမူလတန်းကျောင်း က ဆရာမ ဒေါ်ဌေးဌေးဝေက ကျောင်းသားသမဂ္ဂလှုပ်ရှား မှုတွေမှာ ပါဝင်ခဲ့တဲ့အတွက်ကြောင့် ကျောင်းအုပ်ဆရာမကြီး က သူ့ကို ကျောင်းပြောင်းခိုင်းတဲ့အတွက် မကျေ နပ်ကြောင်း ပြောကြားလိုက်ပါတယ်။
2014-12-12
တစ်ကမ္ဘာလုံးမှာ နှစ်စဉ်လူကုန်ကူး ခံနေရ တဲ့ ကလေးပေါင်း ၁၂ သန်းလောက်ရှိရာ မှာ မြန်မာနိုင်ငံက ကလေးငယ်အများစုဟာ ထိုင်းနဲ့ တရုတ်နိုင်ငံတွေကို ရောင်းစားခံနေရတယ်လို့ "ရွှေ့ပြောင်း သွား လာနေသော ကလေးများဆိုင်ရာ ကွန်ရက်"က ထုတ်ပြန်ပြောကြားလိုက်ပါတယ်။
2014-12-12
ရခိုင်ပြည်နယ် ကျောက်တော်မြို့ ကုလားတန်မြစ်ဘေး က ဈေးဆိုင်ခန်း တစ်ရာကျော်ကို ဒီဇင်ဘာလ ၇ ရက်နေ့ နောက်ဆုံးထား ဖယ်ရှားပေးဖို့ မြို့နယ်စည်ပင် သာယာရေးအဖွဲ့က အမိန့်ထုတ်ထားတဲ့အတွက် ဆိုင်ခန်း ပိုင်ရှင်တွေက အသနားခံစာပေးပို့ဖို့ ပြင်ဆင်နေကြပါတယ်။ ကုလားတန်မြစ်ကြောင်း သာယာလှပရေးအတွက်ဆိုတဲ့ အကြောင်းပြချက်နဲ့ အခုလို ဖယ်ရှားခိုင်းထားတာလို့လည်း သိရပါတယ်။
2014-12-12
မြန်မာပြည်သူ့ဖိုရမ် ၂ဝ၁၄ လို့ အမည်ပေးထားတဲ့ နှီးနှောဖလှယ်ပွဲ တစ်ခုကို ရန်ကုန်တက္ကသိုလ် စိန်ရတု ခန်းမမှာ ဒီကနေ့ စတင်ကျင်းပခဲ့ရာမှာ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်းခေါင်းဆောင် ဦးကိုကိုကြီးက လေးနှစ်ကျော်ကာလအတွင်း အစိုးရရဲ့ ဒီမိုကရေစီစနစ် ပြောင်းလဲမှုတွေဟာ ပြည်သူတွေ လိုလားတဲ့ပုံစံ မဟုတ်သေးဘူးလို့ ပြောကြားခဲ့ပါတယ်။
2014-12-12
ပြည်ထောင်စုလွှတ်တော်က ၆ ပွင့် ဆိုင် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ဖို့ အတည်ပြုတောင်းဆိုထားပေမဲ့ တိုင်းရင်းသားအဖွဲ့တွေ အားလုံး ပါဝင်နိုင်မယ့် ၁၂ ပွင့်ဆိုင်အဖြစ်ကျင်းပဖို့ ရန်ကုန် တိုင်းဒေသကြီးနဲ့ စစ်ကြီးတိုင်းဒေသကြီးတွေက တောင်းဆို လာတဲ့အပေါ် သမ္မတက လေ့လာသုံးသပ်သွားမှာဖြစ် တယ်လို့ သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က RFA ကို ပြောပါတယ်။
2014-12-12
ဖဲ့ွစည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အတွက် ၁၂ ပွင့်ဆိုင် နိုင်ငံရေးဆွေးနွေးပွဲ ကို ထောက်ခံကြောင်း စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် က ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၉ ရက်နေ့မှာ အတည်ပြုလိုက် ပါတယ်။