သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-12-28
စနေနေ့ကကျင်းပပြီးစီးသွားခဲ့တဲ့ ရန်ကုန်မြို့တော်စည်ပင် သာ ယာရေးကော်မတီဝင် ရွေးကောက်ပွဲမှာ လွတ်လပ်တရားမျှတမှု၊ ပွင့်လင်းမြင်သာမှုမရှိ တာတွေမြင်တွေ့ရသလို၊ မဲပေးခွင့်နဲ့ပတ်သက်ပြီး အားနည်းချက်တွေ အများအပြားတွေ့ရှိရကြောင်း မြို့တော် အဆင့်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတဲ့ ကိုယ်စားလှယ်လောင်း သုံးဦးက ရန်ကုန်မြို့ Orchid Hotel မှာသတင်းစာရှင်းပွဲ ကျင်းပပြီး ပြောဆိုခဲ့ကြပါတယ်။
2014-12-28
မွန်ပြည်နယ် မုဒုံမြို့နယ် နှီးပတော့ကျေးရွာ မှာ တတိယအကြိမ်မြောက် မွန်လူငယ်နေ့ အခမ်းအနားကို ဒီနေ့ ကျင်းပခဲ့ရာမှာ ရေး မြို့နယ်မှာတည်ဆောက်မယ့် အံဒင်ကျောက်မီးသွေးလောင် စာသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကို ကန့်ကွက်ကြဖို့ လက်မှတ်တွေ ကောက်ခံခဲ့ပါတယ်။
2014-12-28
လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ရပ်ဆိုင်းပေးဖို့အတွက် ဒေသခံ ၃၀၀ ဝန်းကျင် က ဒီနေ့ဆန္ဒပြတောင်းဆိုခဲ့ ကြပါတယ်။
2014-12-28
လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ရဲ့ ဇနီး မဟာသီရိသုဓမ္မ ဒေါ်ခင်ကြည် ကွယ်လွန်တဲ့ ၂၆ နှစ်ပြည့် ဆွမ်းဆက်ကပ် လှူဒါန်းပွဲကို ဒေါ်ခင် ကြည် ဇာတိမြို့ဖြစ်တဲ့ ဧရာဝတီ တိုင်းဒေသကြီး မြောင်းမြမြို့မှာ တနင်္ဂနွေနေ့က ကျင်းပရာမှာ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD နာယက ဦးတင်ဦးတို့ တက်ရောက်ခဲ့ပါတယ်။
2014-12-27
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် ဘက်ကနေ တရုတ်ပြည်ကို တရားမဝင် သယ်ပို့မယ့် သစ်တန်ချိန် ၁၈ တန်နဲ့ ကား ၆ စီးကို မြစ်ကြီး နားမြို့အဝင်မှာ ဖမ်းဆီးရမိပြီး အမှုဖွင့်အရေးယူဆောင် ရွက်နေတယ်လို့ မြစ်ကြီးနားမြို့အမှတ် ၂ ရဲစခန်းမှူး က ပြောပါတယ်။
2014-12-27
လက်ပံတောင်းတောင်ဒေသမှာ ဆန္ဒပြ သူတွေကို အာဏာပိုင်တွေဘက်က အကြမ်းဖက်ဖြိုခွင်းမှုနဲ့ ပတ်သက် လို့ မြန်မာနိုင်ငံရှေ့နေ များ ကွန်ရက်က ရှုတ်ချလိုက် ပြီး လက်ပံတောင်းတောင် ပြည်သူတွေရဲ့ ဆန္ဒထုတ်ဖော် မှုတွေကို ထောက်ခံကြောင်း သဘောထား ကြေညာချက် တစ်စောင်ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။
2014-12-27
ရန်ကုန်မြို့မှာ လွန်ခဲ့တဲ့နှစ် ၆၀ အတွင်း ပထမဆုံးအကြိမ် မြို့တော်စည်ပင်သာ ယာရေးကော်မတီ ရွေးကောက်ပွဲတွေကို ဒီကနေ့ ကျင်းပခဲ့ပါတယ်။
2014-12-27
NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် ဇန်နဝါရီလ ၃ ရက်နေ့ ပဲခူးမြို့ရွှေမော်ဓေါဘုရား ကွင်းမှာ ကျင်းပမယ့် ဗိုလ်ချုပ် အောင်ဆန်း နှစ်တစ်ရာပြည့်မွေးနေ့ အကြို အခမ်းအနားမှာ တက်ရောက် မိန့်ခွန်းပြောမယ်လို့ ပါတီ ဗဟိုအလုပ်အမူဆောင်တစ်ဦးဖြစ်သူ ဦးစံဦး က ပြော ပါတယ်။
2014-12-27
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း မှာ သေဆုံး ခဲ့သူ မိုးကြိုးပြင်အလယ်ရွာ က ဒေါ်ခင်ဝင်းနဲ့ ဒဏ်ရာရ သူတွေအတွက် တရားမျှတမှုရှိအောင် ဖြေရှင်းပေးဖို့ မန္တလေးမြို့မှာ ဒီကနေ့ သံဃာတော်တွေ အပါအဝင် လူပုဂ္ဂိုလ်တစ်ထောင်နီးပါး ဆန္ဒပြတောင်းဆိုခဲ့ကြ ပါတယ်။
2014-12-27
အမျိုးသားပညာရေးဥပဒေကို အလို မရှိကြောင်း ကန့်ကွက်တဲ့အနေနဲ့ ဗမာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ်က စတစ် ကာဖြန့်ဝေတဲ့ လှုပ်ရှားမှုကို ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ဒီကနေ့ ညနေပိုင်းက ပြုလုပ်ခဲ့ပါတယ်။
2014-12-26
ဒီဇင်ဘာလ ၂၂ ရက်နေ့က လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ပဋိပက္ခမှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးသွားတဲ့ ဒေါ်ခင်ဝင်းအမှုကို စုံစမ်းဖော်ထုတ်ပြီး ကျူးလွန်သူကို အရေးယူပေးဖို့ ပဲခူး တိုင်းဒေသကြီး ပြည်မြို့က ဗိုလ်ချုပ်အောင်ဆန်းကျောက် ရုပ်ရှေ့မှာ ဒေသခံ ၅၀ လောက်က ဒီနေ့ ဆန္ဒပြတောင်းဆို ခဲ့ပါတယ်။
2014-12-26
လွှတ်တော်ကိုယ်စားလှယ်တွေ ဟာ ပြည်သူတွေထံက မဲကိုတောင်းပြီ ဆိုရင် ပြည်သူလူထုအတွက် ပြန်လုပ်ပေးရမယ်ဆိုတဲ့ ကတိ ကိုပေးထားတာဖြစ်ကြောင်းနဲ့ အဲဒီလို ပြန်လုပ်မပေးနိုင်ဘူး ဆိုရင် လွှတ်တော်ကိုယ်စားလှယ်အဖြစ် အရွေးခံစရာမ လိုကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည်က ဒီကနေ့ ပြောပါတယ်။
2014-12-26
သာသနာညှိုးနွမ်းစေမှုနဲ့ ဖမ်းဆီးခံထားရတဲ့ ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေတောင်ကြား လမ်းက V Gastro Bar ဆိုင်ပိုင်ရှင်၊ မန်နေဂျာ ၂ ဦး စုစုပေါင်း ၃ ဦးကို ဗဟန်းမြို့နယ်တရားရုံးမှာ ဒီနေ့ ဒုတိယ အကြိမ်မြောက် ရုံးထုတ်စစ်ဆေးရာ နယူးဇီလန်နိုင်ငံသား အထွေထွေမန်နေဂျာ Philip Blackwood ကို စစ်ဆေးခဲ့ ပါတယ်။
2014-12-26
ထိုင်းနိုင်ငံ ခိုထောင်းကျွန်းမှာ ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရမှုနဲ့ ဖမ်းဆီးခံထားရတဲ့ မြန်မာအလုပ်သမား နှစ်ဦးကို ဒီနေ့ Koh Samui ခရိုင်တရားရုံးမှာ ရုံးထုတ်ရာ နှစ်ဖက်သက်သေ စာရင်းကို တင်ပြခဲ့တယ်လို့ သိရပါတယ်။
2014-12-26
ပြီးခဲ့တဲ့ရက်ပိုင်းက လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေမှာ စုံစမ်းလေ့လာတွေ့ရှိခဲ့ရတာတွေကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဆီ ဒီနေ့ တင်ပြလိုက်တယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ပြောပါတယ်။