သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-09-24
ပဲခူးမြို့နယ် သာယာကုန်းကျေးရွာအုပ်စု အတွင်း စစ်တပ်ကသိမ်းယူထားတဲ့ လယ်ဧက ခြောက်ထောင်နီးပါးကို ပြန်ပေးဖို့ တောင်သူလယ်သမားတွေက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ တင်ပြတောင်းဆိုသွားဖို့ ပြင်ဆင်နေကြပါတယ်။
2014-09-24
ကချင်ပြည်နယ် ဟူးကောင်းချိုင့်ဝှမ်းမှာ ပီလောပီနံ စိုက်ပျိုးရေးလုပ်ကိုင်နေတဲ့ ယုဇနကုမ္ပဏီကို ကန့်ကွက်ကြောင်း ဖားကန့်မြို့နယ် ကျေးရွာ ၆ရွာက ဒေသခံတွေက ဆန္ဒမဲပေးခဲ့ကြတယ်လု့ိ သိရပါတယ်။
2014-09-24
တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးဆိုင်ရာ စာချုပ်ထဲမှာပါတဲ့ “နိုင်ငံရေးလမ်းပြမြေပုံ” နဲ့ပတ်သက်ပြီး ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းကော်မတီ UPWC နဲ့ အပစ်ခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖဲ့ွ NCCT တို့အကြား တိကျတဲ့ သဘောတူညီ မှုမရရှိသေးကြောင်း NCCT အဖဲ့ွဝင်တွေက ပြောပါတယ်။
2014-09-24
တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ ၂၆ နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားကို ဒီနေ့ ရန်ကုန်မြို့ ဗဟန်းမြို့နယ်က ပါတီရုံးချုပ်မှာ ကျင်းပခဲ့ပြီး သတင်းစာရှင်းလင်းပွဲလည်း ကျင်းပခဲ့ပါတယ်။
2014-09-24
၂၀၁၅ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတအဖြစ် ရွေးကောက်ခံခွင့် တားမြစ်ခံရမယ်ဆိုရင် ပြည် သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းကို သမ္မတအဖြစ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ထောက်ခံသွားမယ်ဆိုတာ ဟာ သတင်းမှားဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ပြောပါတယ်။
2014-09-23
ကမ္ဘာမှာ ထိပ်တန်းရောက်နေတဲ့ ထိုင်း နိုင်ငံရဲ့ ဆန်ဈေးကွက်ကို မြန်မာအပါအဝင် အိမ်နီးချင်းနိုင်ငံတွေက တနေ့တခြား ယှဉ်ပြိုင်မှု ကြီးထွားလာနေတယ်လို့ ထိုင်းနိုင်ငံ ကုန်သည်ကြီး များအသင်းရဲ့ နိုင်ငံတကာ ကုန်သွယ်မှုလေ့လာရေးဌာနက ဒီနေ့ သတိပေးလိုက်ပါတယ်။
2014-09-23
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို ကိုယ်စားပြုတဲ့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ NCCT ခေါင်းဆောင်တွေ တင်သွင်းတဲ့ "ပြည်ထောင်စု တပ်မတော်ဖွဲ့စည်းရေး" အချက်ကို တပ်မတော်ခေါင်းဆောင်တွေက ပယ်ချခဲ့တဲ့အတွက် ဒီနေ့ဆွေးနွေးပွဲကို သတ်မှတ်ချိန် ထက်စောပြီး ရပ်ဆိုင်း လိုက်ပါတယ်။
2014-09-23
ရန်ကုန်တိုင်း မှော်ဘီမြို့နယ် ဝါးနက်ချောင်းကျေးရွာက ခြံမြေဧက ၁၀၀ကျော်ဟာ ရန်ကုန်တိုင်း စစ်ဌာနချုပ်ပိုင်မြေဖြစ်ကြောင်း အဲ့ဒီခြံမြေတွေမှာ လက်ရှိလုပ်ကိုင်နေတဲ့ တောင်သူတွေကို လက်မှတ်ရေးထိုးခိုင်းတဲ့အတွက် ဒီနေ့ ဝါးနက်ချောင်းကျေး ရွာအုပ်ချုပ်ရေးမှူးရုံးရှေ့မှာ လယ်သမား ၅၀ လောက်က ဆန္ဒပြခဲ့ကြပါတယ်။
2014-09-23
ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ အဖြစ်များလာတဲ့ လူသတ်မှု၊ အုပ်စုဖွဲ့ တိုက်ခိုက်မှု၊ လက်နက်ကိုင် ရမ်းကားမှုတွေကို ထိထိရောက်ရောက် ဥပဒေတွေနဲ့ အရေးယူပေးဖို့အဆိုကို ဒီကနေ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်က အတည်ပြု လိုက်ပါတယ်။
2014-09-23
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အကောင်အထည်ဖော်နေတဲ့ ဝမ်ပေါင် ကုမ္ပဏီက တရုတ်ဝန်ထမ်းနှစ်ဦး ကို ဒေသခံတွေနဲ့အတူ ထိန်းသိမ်းထားရာ မှာ ပါဝင်ခဲ့တဲ့အတွက် ဖမ်းဆီးခံထားရတဲ့ ဗကသများအဖွဲ့ချုပ် အဖွဲ့ဝင် မဖြူနှင်းထွေးကို ဒီနေ့ စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် တရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။
2014-09-23
ရခိုင်တိုင်းရင်းသားတွေအနေနဲ့ အမျိုးသားရေးကိစ္စတစ်ခုတည်းကို ရှေ့ တန်းမတင်ဘဲ သမာသမတ်ကျအောင် ရင်ဆိုင်ဖြေရှင်းကြဖို့လိုအပ်ကြောင်း ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက တိုက်တွန်းလိုက်ပါတယ်။
2014-09-23
မှော်ဘီမြို့နယ် ဝါးနက်ချောင်းကျေးရွာ က တောင်သူတွေ လွန်ခဲ့တဲ့နှစ်ပေါင်း များစွာကတည်းက လုပ်ကိုင်လာခဲ့ တဲ့ ခြံမြေဧက ၁ဝဝ ဝန်းကျင်ကို ရန်ကုန်တိုင်းစစ်ဌာနချုပ်က တပ်မြေအဖြစ်သတ်မှတ်ပြီး၊ လက်ရှိလုပ်ကိုင်နေသူတွေနဲ့ မသက်ဆိုင်ကြောင်း ဒီကနေ့ လက်မှတ်ရေးထိုးခိုင်းမှာဖြစ်တဲ့အတွက် ဒေသခံတောင် သူတွေ ဆန္ဒပြကြမယ်လို့ဆိုပါတယ်။
2014-09-22
ပြန်ကြားရေးဝန်ကြီးဌာနက ဖွဲ့စည်းပေး ထားတဲ့ မြန်မာ့ရုပ်ရှင်လုပ်ငန်း ဗီဒီယို ဆင်ဆာအဖွဲ့ဟာ လာမယ့် ဒီဇင်ဘာလ ကစပြီး ဗွီဒီယိုဇာတ်ကားတွေကို ပြန်လည်စစ်ဆေးတော့ မယ်လို့ သိရပါတယ်။
2014-09-22
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးရဲထွဋ်က သူ့ရဲ့ပိုင်ဆိုင်မှုတွေ သိချင်ရင် မီဒီယာတွေအနေနဲ့ စုံစမ်းထောက်လှမ်းပြီး ဖော် ထုတ်ရေးသား တိုင်ကြားနိုင်တယ်လို့ ဒီနေ့ ပြောကြားလိုက် ပါတယ်။
2014-09-22
မြန်မာနိုင်ငံက တောင်သူလယ်သမားတွေရဲ့ အရေးဟာ တိုင်းပြည်ရဲ့ နိုင်ငံရေး စီးပွားရေး လူမှုရေးတွေနဲ့ သက်ဆိုင်တဲ့အတွက် အထူး အလေးထားရမှာဖြစ်ကြောင်း ဒီတောင်သူတွေအတွက် ပညာပေးရေး အစီအစဉ်တွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အနေနဲ့ တတ်နိုင်သမျှ ဆောင်ရွက်ပေးသွား မှာဖြစ်ကြောင်း ဒေါ်အောင်ဆန်း စုကြည်က ပြောကြားပါ တယ်။