သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-12-23
လက်ပံတောင်းတောင်ကြေးနီစီမံကိန်းမှာ ဒေသခံတွေသေဆုံး၊ ဒဏ်ရာရတဲ့အထိ အကြမ်းဖက်ဖြိုခွဲမှုနဲ့ ရန်ကုန်မြို့တော် ခန်းမရှေ့က မိချောင်းကန် သပိတ်မှောက် ပြည်သူတွေကို ဖမ်းဆီးမှုအတွက် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ များအဖွဲ့ ချုပ်က မနေ့ညက ဆူးလေးဘုရားအနီးမှာ ဆန္ဒပြ ကန့်ကွက်ရှုံ့ချခဲ့ကြပါတယ်။
2014-12-23
မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ရှိ ကျောက်ဝိုင်းကို တိုင်းဒေသကြီးအစိုးရက မြို့နဲ့ ၁၅ မိုင်လောက်ဝေးတဲ့နေရာအ ထိ ပြောင်းရွှေ့ဖို့ ပြင်ဆင်နေတဲ့အတွက် ကျောက်ဝိုင်း လုပ်ငန်းရှင်တွေ၊ အလုပ်သမားတွေနဲ့ မြို့ခံလူထု စုစုပေါင်း တစ်သိန်းနီးပါးခန့် ဒီနေ့ ဆန္ဒပြခဲ့ကြပါတယ်။
2014-12-23
ညီညွတ်သောတိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA ညီလာခံ ဒုတိယနေ့ ဒီနေ့မှာ အခမ်းအနား တက်ရောက် လာသူတွေက၂၀၀၈ ဖွဲ့စည်းပုံကို ပြင်နိုင်မှသာ ဖက်ဒ ရယ်ပြည်ထောင်စုစနစ်ကို ထူထောင်နိုင်မှာဖြစ်ကြောင်း သဘောထားပေးခဲ့ကြပါတယ်။
2014-12-23
နောက်နှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ပြည်ထောင်စုနေ့မှာ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အ စည်းတွေအကြား တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ဖို့ မျှော်မှန်းထားတယ်လို့ တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ NCCT ကိုယ်စား လှယ်တွေက ဒီနေ့ ပြောပါတယ်။
2014-12-23
ဒီကနေ့ မနက်ပိုင်းက လက်ပံတောင်းတောင်ဒေသ ဆည်တည်း ရွာမှာ ဝမ်ပေါင်ကုမ္ပဏီက ခြံစည်းရိုး ကာရံစဉ် ပဋိပက္ခဖြစ်ပြီး အစိုးရလုံခြုံရေးတပ်ဖွဲ့တွေ ပစ်ခတ်တဲအတွက် ဒေသခံကျေးရွာသား ၂ ယောက် ဒဏ်ရာရခဲ့ပါတယ်။ တုံရွာဖက်မှာလည်း ကုမ္ပဏီက ညနေပိုင်းမှာ အလားတူ ခြံစည်းရိုးခတ်ခဲ့တယ် လို့ ဒေသခံတွေကပြောပါတယ်။
2014-12-23
လက်ပံတောင်းတောင် စုံစမ်း စစ်ဆေးရေးကော်မရှင်က တင်ပြထားတဲ့ အစီရင်ခံစာမှာ ပါဝင်တဲ့အချက်တွေကို ဝမ်ပေါင်ကုမ္ပဏီနဲ့ အစီရင်ခံစာ အကောင် အထည်ဖေါ်ရေးကော်မတီက လိုက်နာဆောင်ရွက်ခြင်း မရှိတာကြောင့် အခုလိုပဋိပက္ခတွေ ဆက်လက်ပေါ်ပေါက်နေ တာဖြစ်တယ်လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ် ခင်စန်းလှိုင်က ဒီကနေ့ ပြစ်တင်ဝေဖန်လိုက်ပါတယ်။
2014-12-23
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်မှာ ဗီယက်နမ်ကုမ္ပဏီတစ်ခုက အကောင်အ ထည်ဖော်နေတဲ့ နေပူတောင် မာဘယ်လ် အလှဆင်ကျောက် ထုတ်လုပ်ရေး စီမံကိန်းကို ရပ်ဆိုင်းပေးဖို့ ဒေသခံတွေက ဒီလ ၂၈ရက်နေ့မှာ ဆန္ဒပြတောင်းဆိုသွားမယ်လို့ သိရ ပါတယ်။
2014-12-22
ရန်ကုန်မြို့၊ မြို့တော်ခန်းမရှေ့ဝင်ပေါက်ကို ပိတ်ဆို့ပြီး ဆန္ဒပြနေတဲ့ မိကျောင်းကန် သပိတ်စခန်းက ဆန္ဒပြသူ ၃ဝ လောက်ကို ပုဒ်မ ၃၄၁ မတရားတားဆီးကန့်ကွက်မှုနဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဌာနမှူးက တရားလိုလုပ် ပြီး ကျောက်တံတားမြို့နယ်ရဲစခန်းမှာ အမှုဖွင့်လိုက်ပါတယ်။
2014-12-22
ကချင်ပြည်နယ် အများပိုင်ကုမ္ပဏီလီမိတက် က မြစ်ဆုံမန္တလာအမည်နဲ့ မြစ်ကြီးနား-မန္တလေး အစုန်အဆန်ခရီးစဉ်သစ်တစ်ခုကို တွဲဆိုင်းနှစ်ဆိုင်းနဲ့ ပုဂ္ဂလိကမီးရထားလိုင်းအဖြစ် တနင်္ဂနွေနေ့က စတင်ပြေးဆွဲလိုက်ပါတယ်။
2014-12-22
ပဲခူးတိုင်း တိုင်းဒေသကြီးအစိုးရအနေ နဲ့ ဒေသတွင်းလယ်ယာမြေပြဿနာတွေ ကို ဖြေရှင်းဆောင်ရွက်ပေး ဖို့ ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက ဒီနေ့ ညွှန်ကြားလိုက်ပါတယ်။
2014-12-22
တက္ကသိုလ်တွေမှာ ကျောင်းသားအဖွဲ့ အစည်းတွေ ဖွဲ့စည်းဖို့၊ ကျောင်းအာဏာ ပိုင်တွေက ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက စတင်ဆောင် ရွက်နေကြရာမှာ၊ ကျောင်းသားထုရဲ့ ဆန္ဒသဘောထားကို သိရှိနိုင်ရေးအတွက် ကျောင်းသားတွေနဲ့ တွေ့ဆုံပွဲတစ် ရပ် ခေါ်ယူကျင်းပပေးဖို့ ဒဂုံတက္ကသိုလ် ကျောင်းသားတွေ ဖွဲ့စည်းထားတဲ့ ကျောင်းသားသမဂ္ဂက တောင်းဆိုထားပါတယ်။
2014-12-22
၁၂ ပွင့်ဆိုင် ထိပ်သီးခေါင်းဆောင်တွေ တွေ့ ဆုံဆွေးနွေးရေးကို ထောက်ခံကြောင်း ရှမ်း တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူ) ပါတီက ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
2014-12-22
အစိုးရက ဦးဆောင်ကျင်းပနေတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကနေ တိုင်းရင်းသားတွေ လိုလားတဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မှာ မဟုတ်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ဥက္ကဌ ဦးခွန်ထွန်းဦးက ပြောပါတယ်။
2014-12-22
တရုတ်ဝမ်ပေါင် ကုမ္ပဏီနဲ့ အစိုးရစစ်တပ် ပိုင် ဦးပိုင်ကုမ္ပဏီတို့ကြေးနီထုတ်လုပ်နေ တဲ့ လက်ပံတောင်းတောင်ဒေသမှာ ကုမ္ပဏီတွေ ခြံစည်းရိုးခတ်နေတာကို တားမြစ်ခဲ့ကြ တဲ့ မြေသိမ်းခံတောင်သူတွေကို ရဲတပ်ဖွဲ့က ပစ်ခတ်လူစုခွဲ ခဲ့တဲ့အတွက် အမျိုးသမီးတစ်ဦး သေဆုံးပြီး အနည်းဆုံး ၁၀ ဦး ဒဏ်ရာရရှိခဲ့ကြပါတယ်။
2014-12-22
အစိုးရ ပြည်ထောင်စုငြိမ်းချမ်းရေး လုပ်ငန်းဖေါ်ဆောင်ရေးကော်မတီ UPWC နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့ NCCT ရဲ့လာမယ့် ၇ ကြိမ်မြောက် ဆွေးနွေးပွဲကစပြီး နိုင်ငံတကာအဖွဲ့အစည်းတွေ ကို အသိသက်သေအဖြစ် ဖိတ်ခေါ်ဖို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက အစိုးရကို တောင်းဆိုလိုက် ပါတယ်။