သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-07-03
ပြည်တွင်း ဒီမိုကရက်တစ်အင်အားစု ၅ ဖွဲ့ကို ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC က ဖိတ်ကြားပြီး မြန်မာနိုင်ငံ ဒီမိုကရေစီဖော်ဆောင်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်မှုနဲ့ စစ်မှန်သောနိုင်ငံရေးတွေ့ဆုံဆွေးနွေး မှုပေါ်ပေါက်ရေး တို့အတွက် ညှိနှိုင်းဆွေးနွေးပွဲတစ်ရပ်ကို ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့မှာ ဒီကနေ့ မနက်ပိုင်းက စတင်ကျင်းပပြုလုပ်ခဲ့ပါတယ်။
2014-07-03
ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်နေ့က မကွေး မြို့၊ အေးစေတီဘုရားဝင်းမှာ ခွင့်ပြုချက်မရှိဘဲ ပုဒ်မ ၄၃၆ ပြင် ဆင်ရေးဟောပြောပွဲ ကျင်းပခဲ့လို့ဆိုပြီး ဟောပြောပွဲကို ဦးဆောင်ကျင်းပခဲ့တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက တာဝန်ရှိသူ ၁၁ဦးကို ပိုင်နက်ကျူးလွန်မှုနဲ့ မကွေးမြို့နယ် ရဲစခန်းက အမှုဖွင့်လိုက်ပါတယ်။
2014-07-03
တိုင်းရင်းသားတွေအနေနဲ့ ဒီမိုကရေစီ အရေးဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင် ဆင်ရေးမှာ ပူးပေါင်းပါဝင်ပေးကြဖို့ လိုအပ်ကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင် ကိုမင်းကိုနိုင်က ဒီကနေ့ ပြောလိုက်ပါတယ်။
2014-07-03
နိုင်ငံတော်ဘဏ္ဍာငွေ အလွဲသုံးစားမှုနဲ့ ဖမ်းဆီးခံထားရတဲ့ သာသနာရေး ဝန်ကြီးဟောင်း ဦးဆန်းဆင့်က သူ့အနေနဲ့ ဘဏ္ဍာငွေ အလွဲသုံးစားမှု မလုပ်ခဲ့ကြောင်း ဒီနေ့ ပြောကြားလိုက် ပါတယ်။
2014-07-03
ထောင်ဒဏ် ၁ နှစ်ချမှတ်ခံထားရတဲ့ ဒီမိုကရက်တစ် မြန်မာ့အသံ DVB ရဲ့ နယ်သတင်းထောက် ကိုဇော်ဖေကို မကွေးတိုင်းတရားရုံး က ပြစ်ဒဏ် ၃ လသာ ကျခံဖို့ ဒီနေ့ အမိန့်ချမှတ်လိုက် ပါတယ်။
2014-07-03
အစိုးရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေအောင်မြင်ဖို့အတွက် ပြည် သူတွေအကြားမှာ မုန်းတီးမှုတွေဖြစ်စေမယ့် လှုံ့ဆော်မှုတွေနဲ့ ပြုမူပြောဆိုမှုတွေ ကို ရှောင်ရှားကြ ဖို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားပါတယ်။
2014-07-03
မန္တလေးမြို့မှာ နှစ်ညဆက်တိုက်ဖြစ် ပွားခဲ့တဲ့ ဆူပူမှုတွေကြောင့် ည ၉ နာရီကနေ မနက် ၅ နာရီအထိ အပြင်မထွက်ရအမိန့် ပုဒ်မ ၁၄၄ ကို ကြာသပတေးနေ့ ညနေပိုင်းက ထုတ်ပြန်လိုက် ပါတယ်။
2014-07-03
မန္တလေးမြို့မှာ ဗုဒ္ဓဟူးနေ့ မနေ့ညက အဓိကရုဏ်းထပ်မံဖြစ်ပါွးပြီး လူ ၂ ဦးသေဆုံးကာ တချို့ဒဏ်ရာ ရရှိခဲ့ပါ တယ်။ သေဆုံးမှုတွေနဲ့ ပတ်သက်လို့ သက်ဆိုင်ရာရဲ့ အတည်ပြုချက်ကိုတော့ မရရှိသေးပါဘူး။
2014-07-02
ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အတွက် ရခိုင်တိုင်းရင်းသားအားလုံး ပါဝင်ပူးပေါင်း ဆောင်ရွက်သွားဖို့ အရေးကြီးကြောင်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ဒီနေ့ စတင်တာဝန်ယူ လိုက်တဲ့ ဗိုလ်ချုပ် မောင်မောင်အုန်းက ဒီနေ့ ပြောပါတယ်။
2014-07-02
မြန်မာတစ်နိုင်ငံလုံးမှာ သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေထဲက ဧက တစ် သိန်းနှစ်သောင်းကျော်ကို တောင်သူတွေဆီ ပြန်လည်ပေးအပ်သွားမှာဖြစ်ကြောင်းနဲ့ လာမယ့် ဒီဇင်ဘာလမှာ မြေယာပြဿ နာ တွေအားလုံးကို ဖြေရှင်းပေး သွားမယ်လို့ ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က ဒီကနေ့ ပြည်ထောင်စုလွှတ်တော်မှာ ပြောကြားလိုက်ပါတယ်။
2014-07-02
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် အရှေ့ ပိုင်း ရန်ကုန်စီးပွားရေးတက္ကသိုလ်မှာ ဒီနေ့ ကျင်းပဖို့စီစဉ်ထားတဲ့ လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာ ရုပ်ရှင် ပွဲတော်မှာ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်း ခေါင်းဆောင် ကိုမင်းကိုနိုင်ကို တက္ကသိုလ်အုပ် ချုပ်ရေးက အဖွင့်အမှာစကားပြောခွင့် ပိတ်ပင်ခဲ့တာကြောင့် အဲဒီ ရုပ်ရှင်ပွဲတော်ကို ကျောင်းသားသမဂ္ဂက ဖျက်သိမ်းလိုက် ပါတယ်။
2014-07-02
မန္တလေးမြို့မှာ မနေ့ည ရ နာရီလောက်က စပြီး သန်းခေါင်ကျော်အထိ ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းမှာ လူ ၅ ဦး ဒဏ်ရာရပြီး ဈေး ဆိုင်တွေနဲ့ ကား ၁၁ စီး ပျက်စီးခဲ့တယ်လို့ မန္တလေးတိုင်းဒေ သကြီး ရဲတပ်ဖွဲ့ က ပြောပါတယ်။
2014-07-02
မန္တလေးမြို့မှာဖြစ်ခဲ့တဲ့ ပဋိပက္ခနဲ့ပတ်သက် ပြီး ပြည်သူတွေအနေနဲ့ ကောလာဟလ သတင်းတွေကို သတိထားကြဖို့ လိုအပ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒီနေ့ ကြေညာချက်ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။
2014-07-02
လာမယ့် မြန်မာနိုင်ငံက ရွေးကောက်ပွဲတွေ မှာ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ခွင့်ပေးဖို့ အမေရိကန် သမ္မတဟောင်း Jimmy Carter က ကမ်းလှမ်း ထားကြောင်း၊ သမာသမတ်ကျတဲ့ ရွေးကောက်ပွဲအဖြစ် သက်သေပြလိုတဲ့ အတွက် ကော်မရှင်အနေနဲ့ တရားဝင် ဖိတ်ကြားသွား မှာဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးက ဒီနေ့ ပြောပါတယ်။
2014-07-02
သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး Julie Bishop ဟာ မြန်မာနိုင်ငံကို သုံးရက်ကြာ ခရီးစဉ်အဖြစ် ဒီကနေ့ ရောက်ရှိမှာဖြစ်ပါတယ်။