သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-07-01
မန္တလေးမြို့မှာ မနေ့ညနေပိုင်းကနေ သန်းခေါင်ကျော်အထိ ဆူပူမှုဖြစ်ပွားလို့ လူငါးဦးခန့် ဒဏ်ရာရပြီး မွတ်စလင်တွေပိုင်တဲ့ ဈေးဆိုင်နဲ့ ကားတချို့ ဖျက်ဆီးခံခဲ့ရတယ်လို့ သိရပါတယ်။
2014-07-01
မြန်မာနိုင်ငံရဲ့ သတင်းမီဒီယာလွတ်လပ် ခွင့် နောက်ကြောင်းပြန်သွားနေတယ်လို့ အမေရိကန် ပြည်ထောင်စု နယူးယောက် မြို့အခြေစိုက် လူ့အခွင့်ရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ HRW က ဝေဖန်လိုက်ပါတယ်။
2014-07-01
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီး မြို့ အေးသာယာရပ်ကွက် အနောက်ဘက် က လယ်ယာမြေဧက ၃၀၀ ကျော်ကို ရှမ်းပြည်နယ် အစိုးရက အိမ်ခြံကွက်တွေဖော်ပြီး ရောင်း ချနေတဲ့အတွက် လျော်ကြေးမရတဲ့ လယ်သမားတစ် ရာကျော်လောက်က ဒီနေ့ တောင်ကြီးမြို့ပေါ်နဲ့ အေးသာယာ စက်မှုဇုန်မှာ ကန့်ကွက်ဆန္ဒပြကြပါတယ်။
2014-07-01
သတင်းဂျာနယ်တိုက်တွေက တာဝန်ရှိ သူတွေကို မြန်မာနိုင်ငံ ရဲသတင်းအထူး တပ်ဖွဲ့က ခေါ်ယူမေးမြန်းနေတာနဲ့ ပတ်သက်ပြီး လွှတ်တော် ကိုယ်စားလှယ်တွေဘက်က ကူညီပေးဖို့ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)က ဒီနေ့ လက်မှတ်တွေ စတင်ကောက်ခံနေပါတယ်။
2014-07-01
မန္တလေးတိုင်းဒေသကြီး ရမည်းသင်း အကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ သာသနာရေး ဝန်ကြီးဟောင်း ဦးဆန်းဆင့် ကို လွှတ်ပေးဖို့ ဧရာဝတီတိုင်းက လယ်သမားတွေနဲ့ ဒေသခံ တချို့ဟာ ပုသိမ်မြို့ ကန်သုံးဆင့်ပန်းခြံက လူထုဟစ်တိုင်ရှေ့ မှာ ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
2014-07-01
ရခိုင်ပြည်နယ်ရဲ့အရေးကို နိုင်ငံရဲ့ အရေးအကြီးဆုံး နံပါတ် (၁) ကိစ္စရပ်အဖြစ် ခံယူပြီး ရခိုင်ပြည် သူ ပြည်သားတွေရဲ့ အမျိုးသားအကျိုးစီးပွား အတွက် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်သစ်အဖြစ် ဒီကနေ့ စတင်တာဝန် ထမ်းဆောင်တဲ့ ဦးမောင်မောင်အုန်းက RFA ကို ပြော ပါတယ်။
2014-07-01
ထိုင်းနိုင်ငံကို သွားရောက် အလုပ် လုပ်နေကြတဲ့ မြန်မာ၊ ကမ္ဘောဒီးယား နဲ့ လာအို ရွှေ့ပြောင်းအလုပ်သမားတွေ အတွက် ကျန်းမာရေး အာမခံ ကဒ်ပြားတွေကို ထိုင်း ကျန်းမာရေးဝန်ကြီးဌာန က ရောင်းချနေပါတယ်။
2014-07-01
တရုတ်၊ အိန္ဒိယ၊မြန်မာ၊ ဘင်္ဂလားဒေ့ရှ် တို့ ပါဝင်တဲ့ ခေတ်သစ် ရေကြောင်းပိုးလမ်းမ ကြီး ပေါ်ထွန်းရေးဆိုတဲ့ တရုတ်အစိုးရရဲ့ အစီအစဉ်အပေါ် အိန္ဒိယအနေနဲ့ သဘောတူ ထောက် ခံသော်လည်း၊ ကိုယ်တိုင်ကိုယ်ကျ မပါဝင်သေးခင် အစီအစဉ်အသေးစိတ်ကို သိရှိလိုကြောင်း အိန္ဒိယ ဒုသမ္မတ ဟာမစ် အန်ဆရီ က ပြောပါတယ်။