သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-01-31
ကချင်ပြည်နယ် မိုးမောက်ဒေသမှာ အစိုးရတပ်နဲ့ ကေအိုင်အေတပ်တွေ မနေ့က တိုက်ပွဲ ၄ ကြိမ်ဖြစ်ခဲ့ပြီး ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်။
2014-01-31
ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဒုချီးရားတန်းကျေးရွာရဲ့ ဖြစ်စဉ်အမှန်ကိုသိရှိနိုင် ဖို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်က ဒီကနေ့ကစတင်ပြီး ဖေဖေါ်ဝါရီလ ၃ ရက်နေ့အထိ ၄ ရက်ကြာ စုံစမ်းစစ်ဆေးသွားမယ်လို့ သိရပါတယ်။
2014-01-31
ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေ တဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ အတွက် ထုတ်ပြန်ထားတဲ့မူဝါဒဟာ ရှင်းလင်းပြတ်သားမှု မရှိတဲ့အတွက် ဗီဇာသက်တမ်းကုန်သွားတဲ့ မြန်မာအလုပ် သမားတွေ စတင်အဖမ်းခံနေရပြီလို့ ထိုင်းအလုပ်သမား အဖွဲ့တွေက ပြောပါတယ်။
2014-01-31
တစ်နိုင်ငံလုံးက ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူး အများစုဟာ ပြည်သူ လူထုက စိတ်တိုင်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အုပ်ချုပ်ရေးမှူးတေ ွမဟုတ်ဘူးလို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ဒီနေ့ ပြောလိုက်ပါတယ်။
2014-01-31
မတူကွဲပြားတဲ့ ဘာသာဝင်တွေအကြား ပိုမိုရင်းနှီးလာကြဖို့နဲ့ သဟဇာတဖြစ်တဲ့ လူ့ပတ်ဝန်းကျင် အသိုင်းအဝိုင်းတစ်ခု ဖြစ်ပေါ်လာရေး အတွက် ရည်ရွယ်ပြီး လူငယ် ၂၇ ယောက်ဟာ မန္တလေးမြို့ က ခရစ်ယန်ဘုရားကျောင်း၊ ဗလီ၊ ဟိန္ဒူဘုရားကျောင်းနဲ့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတွေကို ဒီနေ့ သွားရောက်လေ့လာခဲ့ကြပါတယ်။
2014-01-31
ရခိုင်ပြည်နယ်ကို ရောက်ရှိနေ တဲ့ မြန်မာနိုင်ငံဆိုင်ရာ EU ဥရောပသမဂ္ဂ အဖွဲ့ရုံး သံအမတ်ကြီး Mr. Roland Kobia ဦးဆောင်တဲ့ ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံ ၇ နိုင်ငံက သံအမတ်ကြီးတွေဟာ ဒီကနေ့ညနေပိုင်းမှာ စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက်က မွတ်စလင် ရပ်မိရပ်ဖတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
2014-01-31
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာ သုံးသပ်ရေးကော်မတီက လက်ခံရရှိတဲ့ အကြံပြုချက် အစီရင်ခံစာကို ဒီနေ့ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော်မှာ တင်သွင်းရာမှာ အခြေခံဥပဒေထဲက ပုဒ်မတစ်ချို့ကို မပြင်ဆင်ဘဲ လက်ရှိအတိုင်းဆက်လက် ထားဖို့ လူပုဂ္ဂိုလ် တစ်သိန်းခြောက်ထောင်ကျော် စုပေါင်းလက်မှတ်ရေးထိုးပြီး တင်ခဲ့တယ်လို့ ကော်မတီရဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။
2014-01-30
အမေရိကန်အစိုးရရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထက်တန်းအကြံပေးအရာရှိ Ms.Judith Cefkin ဟာ မြန်မာနိုင်ငံကို ဖေဖေါ်ဝါရီလဆန်းပိုင်းမှာ လာရောက်မယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက ကြာသပတေးနေ့ မနေ့က သတင်းထုတ်ပြန်ပါတယ်။
2014-01-30
ပဲခူးတိုင်း ပဲခူးမြို့နယ် သာယာကုန်းကျေး ရွာအုပ်စု ရွာ ၈ ရွာက လယ်သမားတွေ ရဲ့ မြေတွေကို CAD ခဲယမ်းမီးကျောက်တပ် နဲ့ လေတပ်ကသိမ်းထားပြီး အဲဒီမြေတွေ ကို ခြံစည်းရိုးခတ်နေတဲ့အတွက် လယ်သမားတွေနဲ့ပဋိ ပက္ခဖြစ်နေတယ်လို့သိရပါတယ်။
2014-01-30
မြန်မာဒုက္ခသည်တွေ အမေရိကန်ပြည်ထောင်စု လာရောက် အခြေချနေထိုင်ဖို့ ခေါ်ယူနေတဲ့အစီအစဉ်ကို ရပ်နားတော့မှာဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနက ကြာသပတေးနေ့ မနေ့က အတည်ပြု ပြောကြားလိုက်ပါ တယ်။
2014-01-30
ဆက်သွယ်ရေးနဲ့ သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနက ကာတာနိုင်ငံ အခြေစိုက် Ooredoo ကုမ္ပဏီကို ဆက်သွယ်ရေးလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင် ပေးအပ်တဲ့အခမ်းအနားနဲ့ Ooredoo ကုမ္ပဏီကို လိုင်စင်ချပေးတဲ့အကြောင်း သတင်းစာရှင်းလင်း ပွဲကို နေပြည်တော်ရှိ ဆက်သွယ်ရေးနဲ့ သတင်းအချက် အလက်နဲ့ နည်းပညာဝန်ကြီးဌာနမှာ ဒီကနေ့ ကျင်းပခဲ့ ပါတယ်။
2014-01-30
ရန်ကုန်မြို့ တာမွေမြို့နယ် မြန်မာ့ ဂုဏ်ရောင် ရပ်ကွက်မှာ အရင်ကနေထိုင် ခဲ့သူ လူပေါင်း ၅၀၀ ကျော်လောက်က အဲဒီရပ်ကွက်မှာ ဆောက်လုပ်ထားတဲ့ မြန်မာ့ဂုဏ်ရောင် အိမ်ရာပိုင်ရှင် ဝါဝါ၀င်းကုမ္ပဏီကို နစ်နာကြေးပေးဖို့ ဒီနေ့စတင်ပြီး သပိတ်စခန်းဖွင့် ဆန္ဒပြတောင်းဆိုနေ ကြပါတယ်။
2014-01-30
ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့အဖွဲ့ဟာ ဒီကနေ့ မနက် ၈ နာရီလောက်က ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ RCSS ဥက္ကဌ ဒုဗိုလ်ချူပ်ကြီး ယွက်ဆစ် ဦးဆောင်တဲ့အဖွဲ့နဲ့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး တစ်နာရီကျော်ကြာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
2014-01-30
လွှတ်တော်အတွင်းမှာ အင်အားအကြီးဆုံးဖြစ်တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ တပ်မတော်သား ကိုယ်စား လှယ်တွေဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင် ဆင်ရေးအတွက် ဘယ်လိုရပ်တည်မလဲဆိုတာ ပွင့်ပွင့်လင်းလင်းပြောရမယ့် အချိန်ရောက်နေပြီလို့ ဗြိတိသျှနိုင်ငံခြားရေးဝန်ကြီးဌာန အာရှဒေသဆိုင်ရာ ဒုတိယဝန်ကြီး Mr Hugo Swire က ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
2014-01-30
မြန်မာနိုင်ငံမှာ ဆက်သွယ်ရေးလုပ်ငန်း လုပ်ခွင့် လေလံအောင်မြင်ထားတဲ့ နော်ဝေနိုင်ငံက တယ်လီနောကုမ္ပဏီနဲ့ ကာတာနိုင်ငံက အူရီဒူးကုမ္ပဏီတို့ကို သက်ဆိုင်ရာက ဒီနေ့ လိုင်စင်ထုတ်ပေးတော့မယ် လို့ သိရပါတယ်။