သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-03-31
ရခိုင်ပြည်နယ်မှာ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ NGO အဖွဲ့အစည်း ဝန်ထမ်းအားလုံးရဲ့ လုံခြုံရေးနဲ့ အဆောက် အအုံတွေ ၊ ပိုင်ဆိုင်မှု ပစ္စည်းတွေကို ကာကွယ်စောင့်ရှောက်ပေးဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း က မြန်မာ အစိုးရကို တိုက်တွန်းလိုက်ပါတယ်။
2014-03-31
ရန်ကုန်မြို့ ကုန်သည်ကြီးများ ဟိုတယ်ရှေ့ မှာ လက်ပံတောင်းတောင် သပိတ်စခန်း အကြမ်းဖက် ဖြိုခွင်းခံရတဲ့ ၁၆ လပြည့် အထိမ်းအမှတ်အဖြစ် မနေ့က ဗြောက်အိုးဖောက်ဆန္ဒပြခဲ့တဲ့ ကိုအောင်ကိုဦး ကို ကျောက်တံတားမြို့နယ် တရားရုံးက ဒီနေ့ ထောင်ဒဏ် ၈ ရက် ချမှတ်လိုက်ပါတယ်။
2014-03-31
ကယားပြည်နယ်အစိုးရက ထိုင်း-မြန်မာ နယ်စပ် ကရင်နီစစ်ပြေး ဒုက္ခသည် စခန်းတွေမှာ သန်းခေါင်စာရင်း ကောက်ခံ နိုင်ဖို့အတွက် ကမ်းလှမ်းခဲ့တာမရှိတဲ့အတွက် အဲဒီ စစ်ပြေး ဒုက္ခသည်စခန်းတွေမှာ သန်းခေါင်စာရင်း မကောက်ယူနိုင် ဘူးလို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ဒုတိယဥက္ကဌ က ပြောပါတယ်။
2014-03-31
ရန်ကုန်တိုင်း တာမွေမြို့နယ် နတ်ချောင်းရပ်ကွက်က မဟာသန္တိသုခ သာသနာပြုကျောင်းတိုက် တည်ထောင်ခဲ့တဲ့ ပီနန်ဆရာတော် ဦးပညာဝံသနဲ့ တပည့်သံဃာတွေ ကို ကျောင်းတိုက်ကနေ ထွက်ခွာပေးဖို့ သံဃနာယက အကြောင်းကြားတာကို လက်မခံကြောင်း ပီနန်ဆရာတော် က ဒီနေ့ မိန့်ကြားပါတယ်။
2014-03-31
ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ အရေးပေါ် လူနာအဖြစ် တက်ရောက် ဆေးဝါးကုသမှု ခံယူနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယကအဖွဲ့ဝင် သတင်းစာဆရာကြီး ဦးဝင်းတင်ရဲ့ ကျန်းမာရေးအခြေအနေဟာ ဒီနေ့မှာ တိုးတက်မှုရှိလာပြီလို့ မိသားစုဆရာဝန် ဒေါက်တာမြင့်သိန်းက ပြောပါတယ်။
2014-03-31
ပထမဆုံးအကြိမ် ကရင်နီအမျိုးသား နှစ်သစ်ကူးနေ့ အခမ်းအနားတစ်ရပ်ကို ကယားပြည်နယ် ဒီမောဆိုမြို့ မော့ဒူကလားမေးဟိုးရင်ပြင်မှာ ဒီနေ့ မနက်က ကျင်းပခဲ့ပါတယ်။
2014-03-31
၂၀၁၄ ပြည်လုံးကျွတ် သန်းခေါင်စာရင်းကို ကေအိုင်အို ထိန်းချုပ်နယ်မြေက ကျေးရွာတွေမှာ ကေအိုင်အိုက ခွင့်ပြုမှသာ ကောက်ခံဖို့ သန်းခေါင်စာရင်းဝန်ထမ်းတွေ ကို ညွှန်ကြားထားကြောင်း လူဝင်မှုကြီးကြပ်ရေး အရာရှိတွေက ပြောပါတယ်။
2014-03-31
ရန်ကုန်မြို့တော်ခန်းမရှေ့မှာ သပိတ် စခန်းဖွင့် ဆန္ဒပြနေကြတဲ့ သင်္ကန်းကျွန်း မြို့နယ် မိကျောင်းကန် သပိတ်စခန်း ကို ဒီနေ့မနက် ၃ နာရီ ၁ဝ မိနစ်မှာ လူအင်အား တစ်ထောင်လောက်က အကြမ်းဖက်ဖြိုခွင်းခဲ့တဲ့အတွက် ဆန္ဒပြသူ ခြောက်ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြပါတယ်။
2014-03-31
ရခိုင်ပြည်နယ် ဌာနေတိုင်းရင်းသား အခွင့်အရေးနဲ့ ထိခိုက်နစ်နာမှုတွေ ကို ဖြေရှင်းဆောင်ရွက်ပေးမယ့် ရည်ရွယ်ချက်နဲ့ ဌာနေ တိုင်းရင်းသားများအခွင့်အရေး ကာကွယ်စောင့်ရှောက် မှုကော်မတီ ( ယာယီ ) ကို သံတွဲမြို့နယ် ပုဇွန်ဖြေကျေးရွာ မှာ မနေ့က ဖွဲ့စည်းလိုက်ပါတယ်။
2014-03-30
လက်ပံတောင်းတောင် သပိတ်စခန်း အကြမ်းဖက်ဖြိုခွဲခံရမှု ၁၆ လပြည့်အနေနဲ့ ရန်ကုန်မြို့ ကုန်သည်ကြီးများ ဟိုတယ်ရှေ့ မှာ ဒီကနေ့နေ့လည်ပိုင်း က ဗြောက်အိုးပစ်ဖေါက် ဆန္ဒပြခဲ့ သူ ကိုအောင်ကိုဦးကို ကျောက်တံတား ရဲစခန်းက အများပြည်သူ အထိတ်တလန့်ဖြစ်စေမှုနဲ့ ဖမ်းဆီးလိုက် ပါတယ်။
2014-03-30
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့ နယ် မြန်မာ့ဂုဏ်ရောင်အိမ်ရာရှေ့မှာ ဖွင့်လှစ်ထားတဲ့ သပိတ်စခန်း မနေ့ညက ဖျက်ဆီးခံရ တဲ့ကိစ္စအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရ က ဖြေရှင်းပေးဖို့ တင်ပြထားတယ်လို့ ဒဂုံဆိပ်ကမ်း မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်ဒေါက်တာ မျိုးအောင်က ဒီနေ့ ပြောပါတယ်။
2014-03-30
ပြီးခဲ့တဲ့ မတ်လ ၂၁ ရက်နေ့ က ပြည်သူ့လွှတ်တော်က အတည်ပြု လိုက်တဲ့ အမျိုးသားပညာရေး ဥပဒေ မူကြမ်းကို တက္ကသိုလ်ကျောင်းသားသမဂ္ဂများ (တ.က.သ) အဖွဲ့ဝင်တွေက ဒီကနေ့ ညနေပိုင်းက ကန့်ကွက် ဆန္ဒပြ ခဲ့ကြပါတယ်။
2014-03-30
မတ်လ ၃ဝရက်နေ့ကနေ ဧပြီလ ၁ဝ ရက်နေ့အထိ ၁၂ ရက်ကြာ ကောက်ခံမယ့် ၂ဝ၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကို ပြည်နယ်နဲ့ တိုင်းဒေသကြီး အားလုံးမှာ တပြိုင်နက်တည်း စတင်ကောက်ယူနေပြီ လို့ အစိုးရမီဒီယာက ဒီနေ့ ကြေညာလိုက်ပါတယ်။
2014-03-29
စစ်တပ်ကသိမ်းထားတဲ့မြေတွေပြန် ရဖို့ ရန်ကုန်မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလပန်းခြံအနားမှာ ဆန္ဒပြတောင်းဆိုနေတဲ့ ရန်ကုန်တိုင်း မိချောင်းကန်ရပ်ကွက်သူ ရပ်ကွက်သားတွေရဲ့ သပိတ် စခန်းကို ရဲတပ်ဖွဲ့က စည်ပင်သာယာဝန်ထမ်းတွေနဲ့ အရပ်သားတချို့ခေါ်လာပြီး အမိုးအကာတွေ အခု မတ်လ ၃ဝ ရက် မနက် ၃ နာရီကျော်မှာ ဝင်ရောက်ဖျက်သိမ်း လိုက်ပါတယ်။
2014-03-29
NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယကအဖွဲ့ဝင် သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ဟာ ကျန်းမာရေးအခြေအနေ ဆိုးရွားလာတာကြောင့် ဝိတိုရိယဆေးရုံကနေ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို အရေးပေါ် ပြောင်းရွှေ့ကုသမှု ခံနေရပါတယ်။