သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-03-27
ပြီးခဲ့တဲ့ မတ်လ ၂၁ ရက်နေ့က ပြည်သူ့ လွှတ်တော်က အတည်ပြုလိုက်တဲ့ အမျိုးသားပညာရေး ဥပဒေမူကြမ်းကို နိုင်ငံလုံးဆိုင်ရာ ပညာရေးကွန်ရက် NNER အဖွဲ့ကကန့်ကွက်ကြောင်း အချက် ၁၃ ချက်ပါတဲ့ ကြေညာချက်တစ်စောင် ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။
2014-03-27
ပြည်တွင်းငြိမ်းချမ်းရေးအတွက် အရင်ဆုံး အပစ်အခတ်ရပ်စဲရေးကိုသာ အကောင်အထည်ဖေါ်ရမယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီနေ့ ကျရောက်တဲ့ ၆၉ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားမှာ ပြောလိုက် ပါတယ်။
2014-03-27
ကျားဖြူပါတီခေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP ပါတီရဲ့ မိုင်းတုံမြို့နယ်က ပါတီဝင် ၁၀၀၀ နီးပါးဟာ SNDP ပါတီဝင်အဖြစ်ကနေ နှုတ်ထွက်လိုက်ဖြစ်ကြောင်း ဒီနေ့ တောင်ကြီးမြို့မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲ မှာ ပြောပါတယ်။
2014-03-27
ဘင်္ဂလားဒေ့ရှ်နိုင်ငံ Dhaka Tribune သတင်းစာမှာ ရခိုင်ပြည်နယ် ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီး ရေးသားထားတာကို မန္တလေးမြို့မှာ သံဃာတော် ၃၀၀ နီးပါးက ဒီနေ့ ကန့်ကွက်ဆန္ဒပြ ကြပါတယ်။ သန်းခေါင်စာရင်း ကောက်ယူရာမှာ ရိုဟင်ဂျာ၊ ဘင်္ဂါလီလို့ ထည့်သွင်းမကောက်ဖို့အတွက်လည်း တောင်းဆို ကြပါတယ်။
2014-03-27
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ရခိုင်တိုင်းရင်းသား လူအုပ်စုတွေက နိုင်ငံတကာ အဖွဲ့အစည်းရုံးခန်းတွေကို ခဲတွေနဲ့ ပစ်ပေါက်နေတာကြောင့် စစ်တွေမြို့မှာ ညနေ ၆ နာရီကနေ မနက် ၆ နာရီအထိ ညမထွက်ရအမိန့် ထုတ်ပြန်လိုက်ပါတယ်။
2014-03-27
ပြီးခဲ့တဲ့ မတ်လ ၂၁ ရက်နေ့ မှာ ပြည်သူ့ လွှတ်တော်က အတည်ပြုလိုက်တဲ့ အမျိုးသားပညာရေး ဥပဒေကြမ်းကို ကန့်ကွက်တဲ့လှုပ်ရှားမှုတွေ ရန်ကုန်တိုင်း ဒဂုံတက္ကသိုလ်နဲ့ သမဝါယမတက္ကသိုလ်တွေမှာ ပြီးခဲ့တဲ့နှစ်ရက်အတွင်းဖြစ် ပွါးခဲ့ပါတယ်။
2014-03-27
မြန်မာနိုင်ငံမှာထုတ်လုပ်ပြီး ထိုင်းနိုင်ငံမြောက်ပိုင်း ကနေ မှောင်ခို တင်သွင်းခဲ့တယ်လို့ ယုံကြည်ရတဲ့ ဘိန်းဖြူ ပေါင်ချိန် ၃၂ဝ ကျော်ကို ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းအစိုးရ အာဏာပိုင်တွေက ဗုဒ္ဓဟူးနေ့ မနေ့က ကြေညာ လိုက်ပါတယ်။
2014-03-27
မြန်မာကမ်းလွန်ပင်လယ်မှာ ရေနံနဲ့ သဘာဝ ဓါတ်ငွေ့ရှာဖွေဖို့ ကမ္ဘာကျော် Total, Chevron နဲ့ Shell ကုမ္ပဏီတွေ အပါအဝင် ကုမ္ပဏီ ၁၃ ခုကို လုပ်ပိုင်ခွင့်တွေပြု လိုက်ကြောင်း မြန်မာအစိုးရ စွမ်းအင်ဝန်ကြီးဌာန က ဗုဒ္ဓဟူးနေ့ မနေ့က ကြေညာလိုက်ပါတယ်။
2014-03-26
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကို ရောက် ရှိနေတဲ့ ကမ္ဘာ့ရပ်မိရပ်ဖများအဖွဲ့ The Elders အဖွဲ့က ခေါင်းဆောင်တစ်ဦးဖြစ် သူ နော်ဝေနိုင်ငံ ဝန်ကြီးချုပ်ဟောင်း Mrs. Gro Harlem Brundtland က သူတို့အဖွဲ့ဟာ အစိုးရရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ထောက်ခံကြောင်း ပြောပါတယ်။
2014-03-26
ဘင်္ဂလားဒေ့ရ်ှနိုင်ငံထုတ် Dhaka Tribune သတင်းစာပါ ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး ဒီနေ့ ရန်ကုန်မြို့ ဘင်္ဂလားဒေ့ရ်ှသံရုံးရှေ့မှာ လူပေါင်း ၂ ထောင်ကျော်က ကန့်ကွက်ဆန္ဒပြခဲ့ကြသလို အိတ်ဖွင့်ပေးစာပေးခဲ့ပါတယ်။
2014-03-26
မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့မှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ဒေ သခံလူထုကို ဟောပြောခဲ့ကြတဲ့ ၈၈ မျိုးဆက် ပွင့်လင်းလူမှု အဖွဲ့အစည်းက ကျောင်းသားခေါင်းဆောင်တချို့ကို မြို့နယ် ရဲစခန်းက ဒီနေ့ ပုဒ်မ ၁၈ နဲ့ တရားစွဲလိုက်ပြီး အာမခံပေး လိုက်တယ်လို့ သိရပါတယ်။
2014-03-26
မကြာသေးခင်က ရခိုင်ပါတီ ၂ ပါတီ ပေါင်းစည်းလိုက်ပြီး အသစ်ဖွဲ့လိုက်တဲ့ ရခိုင်အမျိုးသားပါတီ ANP ဟာ ဒီနှစ်ကုန်ပိုင်းကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ လစ်လပ်မဲဆန္ဒနယ် ၃ နေရာမှာ ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ ပါတီခေါင်းဆောင်တွေက ဒီနေ့ စစ်တွေမြို့မှာ သတင်းထောက်တွေကို ပြောပါတယ်။
2014-03-26
တပ်မတော်ဟာ ပြည်သူလူထုလိုလား တဲ့ နိုင်ငံရေးစနစ်အပေါ်မှာ မားမား မတ်မတ် ရပ်တည်ပေးဖို့ လိုအပ်ကြောင်း ဒေါ်အောင်ဆန်း စုကြည်က ဒီကနေ့ တိုက်တွန်းပြောကြားလိုက်ပါတယ်။
2014-03-26
ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ တပ်မတော်ရဲ့ အခန်းကဏ္ဍ ရှိနေရဦးမှာဖြစ်သလို နိုင်ငံရေး ပြဿ နာတွေကို နိုင်ငံရေးနည်းနဲ့ ညှိနှိုင်းအဖြေရှာတဲ့ စားပွဲဝိုင်းတွေမှာလည်း တပ်မတော်ဟာ ဆက်လက် ပါဝင်နေဖို့ လိုအပ်ဆဲဖြစ်တယ်လို့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ဒီနေ့ ပြည်ထောင်စုလွှတ်တော်မှာ ပြောကြားတဲ့မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။
2014-03-26
မကွေးတိုင်းပခုက္ကူမြို့မှာ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး အပါအဝင် နိုင်ငံပြုပြင်ပြောင်းလဲရေးဆိုင်ရာ အချက် ၆ ချက် တောင်းဆိုမယ့်ဆန္ဒပြပွဲကို ခွင့်ပြုဖို့ ဒေသခံကျောင်း သား ခေါင်းဆောင်ဟောင်းတွေက ခွင့်ပြုချက်တောင်း တာကို သက်ဆိုင်ရာက အကြိမ်ကြိမ်ပယ်ချနေတဲ့အတွက် ဆန္ဒပြမယ်ဆိုတဲ့ အကြောင်းကြားစာပဲပို့ပြီး ဆက်လက် ဆောင်ရွက်မယ်လို့ သိရပါတယ်။