သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-04-30
လန်ဒန်အခြေစိုက် Burma Campaign UK အဖွဲ့က ဗြိတိသျှအစိုးရအနေနဲ့ မြန်မာနိုင်ငံ ကလူ့ အခွင့်အရေးချိုးဖေါက်ခံရမှုတွေကို ဦးစားပေးဆောင်ရွက်မှုမရှိတော့ပဲ ကုန်သွယ်ရေးအမြင် အရပဲကြည့်ပြီး အကောင်းမြင်လွန်းနေတယ်ဆိုပြီး ဒီမူဝါဒ ကို ပြန်လည် သုံးသပ်ဖို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဝီလီယံဟိတ်ခ် ဆီ အနီရောက်မျက်မှန်တွေပေးပို့မယ့် လှုပ်ရှားမှုတခုကို စတင်ဆောင်ရွက်နေပါတယ်။
2014-04-30
တရုတ်ဝမ်ပေါင်နဲ့ မြန်မာစစ်တပ်ရဲ့ ဦးပိုင် ကုမ္ပဏီတို့ပူးပေါင်းလုပ်ဆောင်နေတဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဧရိယာက လယ်တီ ဆရာတော်ရဲ့ သိမ်တော်နဲ့ စေတီတွေကို လုံးဝဖြိုဖျက်လိုက် ပြီလို့ သတင်းရရှိပါတယ်။
2014-04-30
အမေရိကန်အစိုးရက ဖွဲ့စည်းထားတဲ့ USCIRF ခေါ် နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့် ကော်မရှင် ရဲ့ ၂ဝ၁၄ ခုနှစ် အစီရင်ခံစာကို မနေ့ကထုတ်ပြန်ခဲ့ရာမှာ မြန်မာနိုင်ငံဟာ အထူးစိုးရိမ်ဖွယ် အခြေအနေမှာရှိတဲ့ နိုင်ငံစာရင်းထဲမှာ ပါဝင်နေပါတယ်။
2014-04-30
ကချင်လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အိုက ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ အစိုးရနဲ့ သီးသန့်ဆွေးနွေးလိုကြောင်း ကမ်းလှမ်းချက်ကို အစိုးရဘက် က လက်ခံကြောင်းနဲ့ လတ် တလော တွေ့ဆုံနိုင်မယ့်ရက်ကို ညှိနှိုင်းနေတယ်လို့ မြန်မာငြိမ်းချမ်းရေးစင်တာက ပြော ပါတယ်။
2014-04-30
ရခိုင်ပြည်နယ်ရဲ့ လူဦးရေအများစုဖြစ်တဲ့ လယ်သမားအရေးကို ရခိုင်အမျိုးသား ညီလာခံမှာ တက်ရောက်နေကြတဲ့ ပါတီတွေ အဖွဲ့ အစည်းတွေက ဆွေးနွေးကြဖို့ နဲ့ လယ်သမားအရေးကို ကိုယ်စားပြု တောင်းဆိုနိုင်မယ့် အစည်းအရုံး ဖွဲ့စည်းပေးဖို့ လိုအပ်ကြောင်း မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ဒီနေ့ကျင်းပနေတဲ့ ရခိုင် အမျိုးသား ညီလာခံမှာ အဆိုတင်သွင်းခဲ့ပါတယ်။
2014-04-30
ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ UNICEF အဖွဲ့ရဲ့ ရခိုင်ပြည်နယ်အတွင်း အကူအညီပေးရေးလုပ်ငန်းတွေဟာ လူမျိုးရေး၊ ဘာသာရေး ကွဲပြားချက်တွေအပေါ်မှာ အခြေခံမှာ မဟုတ်ဘဲ လုပ်ငန်းလိုအပ်ချက်အပေါ်မှာသာ အခြေခံပြီး အကူအညီပေးသွားမှ ဖြစ်တယ်လို့ UNICEF အဖွဲ့က ဒီကနေ့ ပြောလိုက်ပါတယ်။
2014-04-30
ကရင်ပြည်နယ် ဘားအံမြို့နယ် မိကရင်ကျေးရွာအနီးက ကော့ပြန်တောင်ဒေသမှာ တစ်ရက်ကို ဘိလပ်မြေ တန် ၅ဝဝဝ ထုတ်လုပ်နိုင်မယ့် ဘိလပ်မြေစက်ရုံတည်ဆောက်ဖို့ ဒေသခံအဖွဲ့အစည်းတွေနဲ့ ဒေသခံတွေနဲ့ သဘောတူညီမှုရရှိပြီးဖြစ်တယ်လို့ Myanmar Jidong Cement ကုမ္ပဏီလီမီတက် တာဝန်ရှိသူတွေ က ပြောလိုက်ပါတယ်။
2014-04-30
နယ်မြို့ နာရေးကူညီမှုအသင်းတွေမှာ သုံးနေတဲ့ လိုင်စင်မဲ့ မော်တော်ယာဉ်တွေ တရားဝင်ဖြစ်ဖို့ အစိုးရအနေနဲ့ ကူညီသင့်ကြောင်းနဲ့ လိုင်စင်မဲ့ မော်တော်ယဉ်တွေကိုသုံးနေတဲ့ နယ်ဒေသ နာရေးကူညီမှုအသင်းတွေအနေနဲ့လည်း လွှတ်တော်ထံ စာရေးသားအကူအညီတောင်းကြဖို့ နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဌ ဦးကျော်သူက ဒီနေ့ ပြောပါတယ်။
2014-04-30
အမေရိကန်ပြည်ထောင်စု အနောက် ဖက်ခြမ်း လော့စ်အိန်ဂျလိစ်မြို့မှာ ကျင်းပနေ တဲ့ Global Conference ခေါ်ကမ္ဘာလုံး ဆိုင်ရာညီလာခံမှာ မြန်မာ့အရေးနဲ့ပတ်သက်လို့ မြန်မာ့အသွင်ကူးပြောင်း ရေး ဆိုတဲ့ခေါင်းစဉ်နဲ့ ဒီနေ့ဗုဒ္ဓဟူးနေ့ ဒေ သစံတော်ချိန် နေ့လည်၂ နာရီ ၄၅ မိနစ်ကနေ ၃နာရီ ၄၅ မိနစ်ထိဆွေးနွေးမယ်လို့သိရ ပါတယ်။
2014-04-29
မန်မာနိုင်ငံအပါအဝင် လူကုန်ကူးမှု တိုက်ဖျက်ရေးအတွက် ထိရောက်စွာဆောင် ရွက်ခြင်း မရှိတဲ့နိုင်ငံတွေကို အရေးယူ အပြစ်ပေးဖို့ အမေရိကန်လွှွတ်တော်အမတ်တွေက သမ္မတ အိုဘားမားကို မနေ့ကတောင်းဆိုလိုက် ပါတယ်။
2014-04-29
ဒီမိုကရက်တစ် မြန်မာ့အသံ သတင်းထောက် ကိုဇော်ဖေအပါအဝင် ဖမ်းဆီးခံထားရတဲ့ သတင်းထောက်တွေ လွတ်မြောက် ဖို့အတွက် ဒီမိုကရေစီအင်အားစုအဖွဲ့က ရန်ကုန်မြို့ ဆူးလေဘုရားမှာ ဒီကနေ့ ညနေပိုင်းက ဆုတောင်းခဲ့ကြ ပါတယ်။
2014-04-29
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ် ခရိုင် လောင်းလုံမြို့နယ် ညင်းမော်ကျေးရွာ အုပ်စုမှာ တည်ဆောက်မယ့် ရေနံချက် စက်ရုံကို အလို မရှိကြောင်း ညင်းမော်ကျေးရွာအုပ်စု က ဒေသခံ ၃၀၀ လောက်က ဒီနေ့ လောင်းလုံမြို့မှာ ကန့်ကွက်ဆန္ဒပြခဲ့ ကြပါတယ်။
2014-04-29
မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့မှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အတွက် ဦးဆောင်ဆန္ဒပြခဲ့သူ ၅ဦးကို တရားမဝင် စီတန်း လှည့်လည်ခြင်းဆိုင်ရာ ပုဒ်မ ၁၈၊ ခွင့်ပြုချက်နဲ့မညီဘဲ ဆန္ဒပြ မှု ပုဒ်မ ၁၉ တို့နဲ့ မနေ့က တရားစွဲလိုက်ပြီး မြို့နယ်တရားရုံး မှာ ဒီနေ့ ရုံးထုတ်ခဲ့ပါတယ်။
2014-04-29
ရခိုင်ပြည်နယ်အတွင်းက ပဋိပက္ခတွေ ကို ဖြေရှင်းနိုင်ဖို့အတွက် အစိုးရအနေနဲ့ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဖြစ်မှု ဥပဒေအတိုင်း အမြန်ဆုံး အကောင်အထည်ဖော်ပေးဖို့ လိုအပ်တဲ့အကြောင်း ဒီနေ့ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှာ ကျင်းပနေတဲ့ ရခိုင်အမျိုးသား ညီလာခံ ၃ ရက်မြောက်နေ့ မှာ ဆွေးနွေးကြတယ်လို့ သိရ ပါတယ်။
2014-04-29
ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့ အစည်းတွေနဲ့ နိုင်ငံတကာက လူမှုရေး အကူအညီတွေပေးနေတဲ့ အဖွဲ့အစည်းတွေအနေနဲ့ ရခိုင်ပြည် နယ်တွင်း အကူအညီပေးရေးလုပ်ငန်းတွေ ပုံမှန်လည် ပတ်နိုင် ဖို့အတွက် ပြည်ထောင်စုအစိုးရအဖွဲ့၊ နယ်စပ်ရေးရာ ဒုတိယဝန်ကြီး ဗိုလ်ချုပ် မောင်မောင်အုန်း၊ ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းတို့ ဟာ စစ်တွေမြို့က ရပ်မိရပ်ဖတွေနဲ့ ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ ဒီကနေ့ သီးသန့်တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။