သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-05-31
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့ ရန်အောင်မြင် ရပ်ကွက် ဒေသခံတွေက စာသင်ကျောင်းဆောက်ဖို့ဆိုပြီး သတ်မှတ်ထားတဲ့ မြေနေရာတွေထဲက ၂ ဧကလောက်ကို ရပ်ကွက်အုပ်ချုပ်ရေးမှူးက မြေကွက်တွေရိုက် ပြီးပြန်ရောင်း စားနေတာကြောင့် ဒေသခံ ၁၀၀ ကျော်လောက် ဒီနေ့ ဆန္ဒပြခဲ့ကြပါတယ်။
2014-05-31
လျော်ကြေးယူမထားတဲ့ မြေယာတွေပေါ်မှာ ဒီကနေ့ ထွန်ယက်ဖို့အသွား ရဲတပ်ဖွဲ့ အင်အား ၅၀၀ လောက်ရဲ့ တားဆီးမှုခံခဲ့ရ တယ်လို့ လက်ပံတောင်းဒေသခံတွေက ပြောပါတယ်။
2014-05-31
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် အတွင်း မြို့နယ်လေးမြို့နယ်မှာ တပ်မတော် က သိမ်းယူထားတဲ့ တပ်သိမ်းမြေတွေထဲက လယ်မြေဧက ၅၀၀ ကျော် မူလပိုင်ရှင်တွေဆီ ပြန်လည်ပေး အပ်ပွဲကို ထားဝယ်မြိုတော်ခန်းမမှာ ဒီကနေ့ ပြုလုပ်ခဲ့ပါတယ်။
2014-05-31
တိုင်းရင်းသားဒေသတွေမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုဟောပြောပွဲနဲ့ လက်မှတ်ရေးထိုးရေးအတွက် တိုင်းရင်းသားပါတီတွေနဲ့ ဖွဲ့စည်းထားတဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA အဖွဲ့ဝင်တွေက စတင်လုပ်ဆောင်နေပြီလို့ သိရပါတယ်။
2014-05-31
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ အခုလ ၂၈ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုအတွင်း ကျဆုံးသွားသူတစ်ဦးရဲ့ ရုပ်အလောင်းကို ဘင်္ဂလားဒေ့ရှ် အရာရှိတွေ လက်ထဲကို ဒီကနေ့ လွှဲပြောင်းပေးလိုက်ပြီလို့ သိရပါတယ်။
2014-05-31
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ နဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေကနေရရှိတဲ့ သဘောတူ ညီချက်တွေပေါ် မူတည်ပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လိုအပ်သလို ပြင်ဆင်၊ ပယ်ဖျက်၊ ဖြည့် စွက်ရေးသားတာတွေ ပြုလုပ်သင့်တယ်လို့ နိုင်ငံတော် သမ္မတဦးသိန်းစိန်က ပြောကြားလိုက်ပါတယ်။
2014-05-30
မြန်မာအစိုးရက နိုင်ငံခြားဘဏ် ၁ဝ ခု ကို မြန်မာနိုင်ငံမှာ လုပ်ငန်းဆောင်ရွက်ဖို့ အတွက် လာမယ့် စက်တင်ဘာ လကုန်မှာ ခွင့်ပြုချက် လိုင်စင်တွေ ထုတ်ပေးတော့မယ်လို့ သောကြာနေ့နောက် ဆုံးရ ရိုက်တာသတင်းတစ်ပုဒ်မှာ ဖေါ်ပြထားပါတယ်။
2014-05-30
ဒီကနေ့ ကျရောက်တဲ့ ဒီပဲယင်းအရေး အခင်း ၁၁ နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားကို ဒီပဲယင်းမြို့ကျည်ရွာ က ကျောင်းကြီး ဘုန်းကြီးကျောင်းမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင်တွေစုပေါင်းပြီး သေဆုံးသွားကြ သူတွေ အတွက် ဆွမ်းကပ်လှူဒါန်းခဲ့ကြပါတယ်။
2014-05-30
နိုင်ငံတကာက စာရေးဆရာ၊ ကဗျာဆရာနဲ့ ထုတ်ဝေသူတွေနဲ့ ဖွဲ့စည်းထားတဲ့ PEN International အဖွဲ့ဝင် PEN Myanmar ရဲ့ ရုံးခန်းဖွင့်ပွဲကို ရန်ကုန်မြို့ အထက်ပုဇွန်တောင်လမ်းမှာရှိတဲ့ ရုံးခန်းမှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။
2014-05-30
မတရားအသင်း ပုဒ်မ ၁၇ (၁) နဲ့ တရားစွဲဆိုထားတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD က ကျိုင်းတုံမြို့နယ် ရပ်/ကျေးတာဝန်ခံ စိုင်းအိုက်ကိန်းကို မေလ ၂၉ ရက်နေ့က ကျိုင်းတုံတရားရုံးက ပြန်လွှတ်ပေးလိုက် ပါတယ်။
2014-05-30
အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ပေးရေး ကိစ္စကို သင့်တော်တဲ့အခြေအနေ အချိန် အခါမှာ စဉ်းစားသုံးသပ် ဆောင်ရွက်သွား မှာဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက ဒီနေ့ ပြည်သူ့လွှတ်တော် မှာ ပြောကြားခဲ့ပါတယ်။
2014-05-30
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ခြင်း ပုဒ်မ ၄၃၆ ကို ပြင်ဆင်ဖို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ကြိုးစားနေတာဟာ ဒေါ်အောင်ဆန်း စုကြည် သမ္မတဖြစ်ရေးအတွက်သာ ဖြစ်ကြောင်းနဲ့ တိုင်းပြည် နဲ့လူမျိုးအတွက် မဟုတ်ကြောင်းဖော်ပြချက်တွေပါတဲ့ လက် ကမ်းစာစောင်တွေကို ဒီနေ့ မနက်အစောပိုင်းက မန္တလေးမြို့ က မြို့နယ် ၅ မြို့နယ်မှာ လူတစ်ချို့က ဖြန့်ဝေခဲ့ကြပါတယ်။
2014-05-30
မြန်မာဘက်က ဖမ်းဆီးထားတဲ့ ဘင်္ဂလားဒေ့်ရှ် နယ်ခြားစောင့်တပ်ဖွဲ့ဝင် တစ်ဦးကို လွှဲပြောင်းပေးအပ်ဖို့ ဘင်္ဂလားဒေ့်ရှ်အစိုးရက ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။
2014-05-30
လွှတ်တော်ထဲမှာ NLD လွှတ်တော် ကိုယ်စား လှယ်တွေအနေနဲ့ နှုတ်ဆိတ်မနေဘဲ ပြည်သူတွေ အတွက် အကျိုးရှိမယ့်ကိစ္စပေါ်မူတည်ပြီး ဆန့်ကျင်မှု ၊ ထောက်ခံမှုတွေလုပ်နေတယ်လို့ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းကြည်က ဒီကနေ့ ပြောကြားလိုက်ပါတယ်။
2014-05-29
မြန်မာ နဲ့ ဂျပန် နှစ်နိုင်ငံကြား ကာကွယ်ရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအစီ အစဉ်တွေ ပြန်လည်ထူထောင် တိုးမြှင့်ဖို့ သဘောတူညီခဲ့ကြပါတယ်။