သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-08-31
မြန်မာနိုင်ငံမှာ ပီအာ ခေါ် အချိုးကျ ကိုယ်စားပြု ရွေးကောက်ပွဲစနစ်ကျင့်သုံးဖို့ အချိန်စောလွန်းနေသေးတယ်လို့ မြန်မာနိုင်ငံကိုအလည်အပတ်ရောက်ရှိခဲ့တဲ့ သီရိလင်္ကာအမျိုးသမီး သမ္မတဟောင်း Chandrika Kumaratunga က ပြောပါတယ်။
2014-08-31
ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ မနေ့က ကျင်းပခဲ့တဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ် ကောင်စီ UNFC ညီလာခံကနေ KNU ကရင်အမျိုးသားအစည်းအရုံး ထွက်သွားခဲ့တာနဲ့ ပတ်သက်ပြီး၊ ဝေဖန်ချက်မျိုးစုံ ထွက်ပေါ်နေပါတယ်။
2014-08-31
မကွေးတိုင်းဒေသကြီးအတွင်းမြို့နယ် ၂၆ မြို့နယ်က သိမ်းဆည်းခံထားရတဲ့ လယ်ယာမြေအမှုတွေနဲ့ပတ်သက်ပြီး တောင်သူလယ်သမားသမဂ္ဂနဲ့ လယ်သမားတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဥပဒေပညာရှင်တွေဟာ မကွေးမြို့မှာ ဆွေးနွေးခဲ့ကြပါတယ်။
2014-08-31
ပီအာ ခေါ် အချိုးကျ ကိုယ်စားပြု ရွေးကောက်ပွဲစနစ်ကန့်ကွက် တဲ့ လက်မှတ်တွေကို ရန်ကုန်တိုင်းဒေသ ကြီးက မြို့နယ် ၁၁ မြို့နယ်မှာ ပြည်သူ့လှုပ်ရှားမှုမြှင့်တင်ရေး ကွန်ရက်၊ ဒီမိုကရေစီအင်အားစု၊ ကြည့်မြင်တိုင် လူမှု ဖံ့ွဖြိုးရေးကွန်ရက် အဖွဲ့ဝင်တွေ ၂၀၀ လောက်ကကောက် ခံနေကြပါတယ်။
2014-08-31
အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီးနောက် နိုင်ငံရေးဆွေးနွေးပွဲမှာ တက်ရောက်သင့်တဲ့ ပါတီအဖွဲ့အစည်းတွေရဲ့ ကိုယ်စားလှယ်အရေအတွက် အချိုးအစားပုံစံကို အမျိုးသား ဒီမိုကရေစီအင်အားစုပါတီက ရေးဆွဲထားကြောင်း သိရ ပါတယ်။
2014-08-31
ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ရဲ့ ညီလာခံကို ဒီကနေ့ ချင်းမိုင်မြို့မှာ ပြန်လည်ကျင်းပရာ မှာ UNFC ရဲ့ ဖွဲ့စည်းပုံနဲ့ မူဝါဒတချို့ဟာ ကရင်အမျိုးသား အစည်းအရုံး KNU အဖွဲ့ရဲ့သဘောထားကိုက်ညီမှှု မရှိ တာကြောင့် မနက်ပိုင်း ဆွေးနွေးပွဲအပြီး KNU ကိုယ်စားလှယ် တချို့ အစည်းအဝေး တက်ရောက်ခြင်းမရှိတော့ပဲ နှုတ်ထွက် သွားခဲ့ကြပါတယ်။
2014-08-31
ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာကျင်းပခဲ့တဲ့ UNFC ခေါ် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီနဲ့ ပြည်တွင်း တိုင်းရင်းသားပါတီ အဖွဲ့အစည်းတွေ၊ ဒီမိုကရေစီအင်အား စုတွေရဲ့ အစည်းအဝေးကနေ တစ်နိုင်ငံလုံးဆိုင်ရာ အပစ် အခတ်ရပ်စဲရေး၊ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး နဲ့ အင်အားစုအားလုံးပါဝင်တဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေး ပွဲကြီး ပေါ်ပေါက်ရေးစတဲ့အချက်တွေကို ဆွေးနွေးဆုံးဖြတ် ခဲ့ကြတယ်လို့ UNFC ပြောရေးဆိုခွင့်ရှိသူ ဦးနိုင်ဟံသာ က ပြောပါတယ်။
2014-08-30
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတင်တည်ထောင်စဉ် ကတည်းက ခက်ခဲကြမ်းတမ်းတဲ့ကာလတွေမှာ တာဝန်ယူခဲ့ကြတဲ့ လူလတ်ပိုင်းတွေအနေနဲ့ မျိုးဆက် သစ်လူငယ်တွေကို အခွင့်အရေး သို့မဟုတ် ရွေးချယ် ပိုင်ခွင့်တွေ ပေးဖို့လိုအပ်ကြောင်း ဒေါ်အောင်ဆန်း စုကြည်က တိုက်တွန်းပြောကြားခဲ့ပါတယ်။
2014-08-30
တောင်သူလယ်သမားတွေအနေနဲ့ မိမိတို့ လယ်ယာမြေတွေကို အလွယ်တကူ မရောင်းချကြဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ကော့မှူးနဲ့ ကွမ်းခြံကုန်းမြို့နယ်တွေက တောင်သူလယ်သမားတွေ နဲ့ တွေ့ဆုံဆွေးနွေးစဉ်မှာ မေတ္တာရပ်ခံလိုက်ပါတယ်။
2014-08-30
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့ နယ်၊ ဖက်ရှည်ကျေးရွာနဲ့ ဝက်သေကျေး ရွာမှာ ကျေးရွာပိုင် မြေဧက ၂၀၀ လောက် ကို ရွှေတူးဖော်ရေးကုမ္ပဏီတွေက ဝင်ရောက်လုပ်ကိုင်နေ တာ ဖယ်ရှားပေးဖို့အတွက် ဒေသခံရွာသား ၅၀၀ ကျော် ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
2014-08-30
မြန်မာနိုင်ငံမှာ လူဦးရေ ၅၁.၄ သန်းကျော် ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့ အင်အားဦးစီးဌာနက ဒီနေ့ သတင်း ထုတ်ပြန်ပါတယ်။
2014-08-30
ကချင်ပြည်နယ် တနိုင်းမြို့နယ် လမုန်ကျေးရွာက ခရစ်ယာန် သချိၤုင်းမြေတပိုင်းကို ဒေသအာဏာပိုင်တွေက စီးပွားရေး လုပ်ငန်းရှင်ကြီးတွေကို ရောင်းချထားပြီး၊ အခုထိ နေရာအ စား မပေးသေးတဲ့အတွက် ဒေသခံတွေအနေနဲ့ နာရေးကိစ္စ အတွက် ခရီးကွာလှမ်းတဲ့ တခြားရွာမှာ သွားရောက်မြှုပ်နှံနေ ကြရပါတယ်။
2014-08-30
မြန်မာလူငယ်ဒါရိုက်တာ သည်မော်နိုင် ရိုက်ကူးတဲ့ The Monk (ရဟန်း) ဆိုတဲ့ ဇာတ်လမ်းရုပ်ရှင်ဟာ ရိုမေးနီးယားနိုင်ငံ ရုပ်ရှင်ပွဲတော်မှာ အထူးဆု ဆွတ်ခူးသွားပါတယ်။
2014-08-30
မြန်မာနိုင်ငံနဲ့ ကုန်သွယ်မှုကိုလာမယ့် သုံးနှစ်အတွင်း အမေရိကန် ဒေါ်လာ သန်းပေါင်း ၅ဝဝ အထိ တိုးတက် လာအောင် ကြိုးပမ်းသွားမှာဖြစ်ကြောင်း ရုရှားနိုင်ငံ စီးပွားရေး ဖွံ့ဖြိုးမှုဝန်ကြီး မစ္စတာ Alexey V. Ulyukaev က ပြောကြားလိုက်ပါတယ်။
2014-08-30
ယူနက်စ်ကိုလို့ခေါ်တဲ့ ကုလသမဂ္ဂ ပညာရေးနဲ့ ယဉ်ကျေးမှုအဖွဲ့ကြီး ရဲ့ ရှေးဟောင်းအမွေအနှစ်တွေအဖြစ် အသိအမှတ်ပြုထားတဲ့ မြန်မာနိုင်ငံသမိုင်းတစ်ခေတ်က ရှေးပျူမြို့ဟောင်းသုံးမြို့ ထိန်းသိမ်းရေးလုပ်ငန်းမှာ ထိုင်းနိုင်ငံက ကူညီသွားမယ်လို့ ဧရာဝတီ သတင်းမဂ္ဂဇင်းက ရေး သားဖေါ်ပြလိုက်ပါတယ်။