သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-03-27
နိုင်ငံတကာ မီဒီယာညီလာခံကျင်းပတဲ့ ရန်ကုန်မြို့ ကန်တော်ကြီးပတ်လမ်းက Chatrium Hotel ရှေ့နဲ့ ညီလာခံ ခန်းမအတွင်းမှာ ပြည်တွင်းသတင်းထောက်တချို့က မီဒီယာ တိုက်ခိုက်မှုရပ်တန့်ဖို့ ဆန္ဒပြခဲ့ပါတယ်။
2015-03-27
လက်ပံတန်းမြို့ကျောင်းသားသပိတ် စစ်ကြောင်းကိုဖြိုခွဲစဉ်က ဖမ်းဆီးခံ ထားရတဲ့ ကျောင်းသား ကျောင်းသူတွေနဲ့ အားပေးကူညီသူတွေကို ပြန်လွှတ်ပေးဖို့ ရန်ကုန်၊ မန္တလေး ၊ တောင်ငူ၊ မြင်းခြံ စတဲ့မြို့နယ် ၁၁ မြို့နယ်မှာ ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) အဖွဲ့ဝင်တွေ နဲ့ တက်ကြွလှုပ်ရှားသူတွေက ဆန္ဒပြတောင်းဆိုကြပါတယ်။
2015-03-27
ဒီနေ့ ကျရောက်တဲ့ နှစ်ပေါင်း ၇ဝ ပြည့် ဖက်ဆစ်တော်လှန်ရေးနေ့ အခမ်းအနားကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD က ရန်ကုန်မြို့မှာကျင်းပခဲ့ပါတယ်။
2015-03-27
လာမယ့် နိုဝင်ဘာလဆန်းမှာကျင်းပမယ့် ၂ဝ၁၅ အထွေထွေရွေးကောက်ပွဲမှာ လက်နက်နဲ့ ခြိမ်းခြောက်ပြီးမဲဆွယ်တာကို လက်ခံမှာ မဟုတ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီနေ့ကျရောက်တဲ့ အနှစ် ၇ဝ မြောက် တပ်မတော်နေ့ အခမ်းအနား မှာ ပြောကြားခဲ့ပါတယ်။
2015-03-27
မြန်မာနိုင်ငံက တိုင်းရင်းသားဒေသတွေမှာ ရာဘာစိုက်ခင်းတွေအတွက် စီးပွားရေး လုပ်ငန်းရှင်တွေ၊ စစ်တပ်နဲ့ အစိုးရ ကမြေတွေ အကြီးအကျယ်သိမ်းယူခဲ့တယ်လို့ ဗြိတိန်အခြေစိုက် Global Witness သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့က မနေ့က အစီရင်ခံစာ ထုတ်ပြန် ခဲ့ပါတယ်။
2015-03-27
မြန်မာနိုင်ငံသားတွေကို ငွေဝယ်ကျွန်သဖွယ် အဓမ္မခိုင်းစေနေတဲ့ ငါးဖမ်းလုပ်ငန်းပိုင် ရှင်တွေနဲ့ လူမှောင်ခိုဂိုဏ်းတွေကို ထိထိရောက်ရောက် အရေးယူအပြစ်ပေးဖို့ ထိုင်းအစိုးရကို အမေရိကန်ပြည်ထောင်စုက ကြသပတေးနေ့ မနေ့ က တောင်းဆိုလိုက်ပါတယ်။
2015-03-27
မလေးရှားနိုင်ငံရောက် တရား မဝင် မြန်မာနိုင်ငံသား တစ်ရာကျော် ကို မြန်မာအစိုးရက ရေတပ်သင်္ဘောနဲ့ ပြန်လည်ခေါ်ဆောင်လာခဲ့ရာမှာ မြန်မာနိုင်ငံကို ဒီလ ၂၉ ရက်နေ့ ပြန်ရောက်မယ် လို့ သိရပါတယ်။
2015-03-27
ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်မှာ အခုရက်ပိုင်းအတွင်း အစိုးရတပ်နဲ့ TNLA ခေါ် ပလောင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်နေတာကြောင့် မြို့ပေါ်ကို ထွက်ပြေးတိမ်းရှောင် လာတဲ့ ဒုက္ခသည်ဦးရေဟာ မနေ့ကအထိ တစ်ထောင့်ခြောက်ရာကျော်သွားပြီလို့သိရပါတယ်။
2015-03-27
မြန်မာနဲ့ ရုရှနိုင်ငံကြား နျူကလီယား အနုမြူစွမ်းအင် ပူးပေါင်းဆောင်ရွက်ရေး ထပ်မံအတည်ပြု သဘောတူညီခဲ့ကြကြောင်း WNN ကမ္ဘာ့နျူကလီယားသတင်းဌာန က ဖေါ်ပြပါတယ်။
2015-03-26
လေးပွင့်ဆိုင်ဆွေးနွေးပွဲမှာ သဘောတူ ထားတဲ့ ပညာရေးအသုံးစရိတ်ကို နိုင်ငံတော်အစိုးရရဲ့ အသုံးစရိတ် ၂၀ ရာခိုင်နှုန်းအထက် အထိ သတ်မှတ်ဖို့ဆိုတဲ့အချက်ကို အမျိုးသားလွှတ်တော်က သဘောမတူဘဲ ရာခိုင်နှုန်း သတ်မှတ်ချက်မထားတော့ ဘဲ ပြင်ဆင်အတည်ပြုလိုက်ပါတယ်။
2015-03-26
အစိုးရဝန်ထမ်းတွေရဲ့ အနိမ့်ဆုံးလစာကို ကျပ် ၄သောင်းခွဲနဲ့ အမြင့်ဆုံးလစာကို ကျပ် ၂ သိန်းခွဲစီ အစိုးရက တိုးမြှင့်ပေးဖို့တင်ပြချက်ကို ပြည်ထောင်စု လွှတ်တော်က အတည်ပြုလိုက်ပါတယ်။
2015-03-26
လက်ပံတန်းကျောင်းသားသပိတ်ကို အကြမ်းဖက်ဖြိုခွင်းတာကို ကန့်ကွက်တဲ့ အနေနဲ့ ပဲခူးတက္ကသိုလ် ကျောင်းသားများ သမဂ္ဂက လက်ပတ်အဖြူနဲ့ အနက်တွေ ဝတ်ဆင်ပြီး စာမေး ပွဲဖြေဆိုဖို့ ကြိုးစားသူတွေကို ပါမောက္ခချုပ်က တားမြစ်ခဲ့ ပါတယ်။
2015-03-26
၂၀၁၅ အထွေထွေရွေးကောက်ပွဲအတွက် မဲပေးပိုင်ခွင့်ရှိပြီး ရွေးကောက်ပွဲကော်မရှင် က ထုတ်ပြန်တဲ့စာရင်းမှာ အမည်စာရင်း မပါသူတွေကို ကူညီနိုင်ဖို့အတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD က ဗဟိုမဲစာရင်း စိစစ်ရေးအဖွဲ့ကို ဖွဲ့စည်း လိုက်ပါတယ်။
2015-03-26
မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်က မြို့နယ် တချို့မှာ မနေ့က မိုးသီးတွေ ကြွေကျခဲ့ တာကြောင့် သီးနှံစိုက်ခင်းတွေ ပျက်စီး ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2015-03-26
မြန်မာအစိုးရ ရေးဆွဲလိုက်တဲ့ ရင်းနှီ်းမြှုပ်နှံမှု ဥပဒေသစ်မူကြမ်းဟာ လူ့အခွင့်အရေးနဲ့ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုရှိနိုင်တဲ့ အတွက် အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ တိုင်ပင်ဆွေးနွေး မှုတွေ အလုံအလောက်ပြုလုပ်ပြီးမှ လွှတ်တော်ကိုတင်သွင်းဖို့ နယူးယောက်မြို့အခြေစိုက် HRW လူ့အခွင့်အရေး စောင့် ကြည့်ရေးအဖွဲ့က ဒီကနေ့ တိုက်တွန်းလိုက်ပါတယ်။