သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-02-07
အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေး အတွက် မန္တလေးကနေ ရန်ကုန်ကို ချီတက်ဆန္ဒပြနေတဲ့ ကျောင်းသားတွေဟာ မနေ့မနက်က တောင်တွင်းကြီးမြို့နယ် ဆတ်သွားရွာကနေ ထွက်ခွါခဲ့ကြပြီး၊ အောင်လံမြို့ကို ည ၉ နာရီလောက် မှာ ရောက်ရှိခဲ့ကြပါတယ်။
2015-02-07
ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် ပ လ န ကျေးရွာက စိန့်ဂျိုးဇက် ကက်သလစ် အသင်းတော် ကယ်ဆယ်ရေး စခန်းမှာ ဒီနေ့ မနက်လေးနာရီလောက်က မီးလောင်တာကြောင့် အိမ်ထောင်စု ၃ဝ နီးပါး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ပါတယ်။
2015-02-07
ပြည်မြို့မှာရှိတဲ့ တက္ကသိုလ်အဆင့်နဲ့ အထက်တန်းကျောင်းသူ ကျောင်းသားတွေ သပိတ်မှောက်ဆန္ဒပြမှုတွေမှာ မပါဝင်ကြဖို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ဆရာ ဆရာမတွေ ၊ ကျောင်းသူ ကျောင်းသားတွေနဲ့ တွေ့ဆုံပြီး သတိပေးခဲ့ ပါတယ်။
2015-02-07
အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေး အတွက် ပညာရေးဝန်ကြီးဌာနက တာဝန် ရှိသူတွေ၊ ပညာရေးစနစ် ပြုပြင်ပြောင်း လဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် NNER နဲ့ သပိတ်မှောက် ကျောင်းသား ကိုယ်စားလှယ်တွေဟာ လာမယ့် ၉ ရက်နေ့မှာ ထပ်မံတွေ့ဆုံ ဆွေးနွေးကြမှာဖြစ် ပါတယ်။
2015-02-07
၂ဝ၁၅ အထွေထွေရွေးကောက်ပွဲ၊ တစ်နိုင် ငံလုံးအပစ်ခတ်ရပ်စဲရေး၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေး စတဲ့ ကိစ္စရပ်တွေဟာ ၂ဝ၁၅ ခုနှစ် အတွက် မြန်မာနိုင်ငံရဲ့ စိန်ခေါ်မှုတွေ ဖြစ်တယ်လို့ နိုင် ငံတော် သမ္မတ ဦးသိန်းစိန်က ပြောပါတယ်။
2015-02-07
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့မှာ ၇ ရက်ကြာ ကျင်းပမယ့် ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁ဝဝ ပြည့် မွေးနေ့ဂုဏ်ပြုပွဲကို ဒီနေ့ စတင်ဖွင့်လှစ် ရာမှာ ဒေသခံတစ်သောင်းနီးပါး တက်ရောက်ကြ ပါတယ်။
2015-02-07
ဗကသများအဖွဲ့ချုပ်ဦးဆောင်တဲ့ မန္တလေး-ရန်ကုန်ကျောင်းသားသပိတ်စစ်ကြောင်း ဟာ တောင်တွင်းကြီးမြို့ကနေ ဆက်လက် ထွက်ခွာရာမှာ မနေ့နေ့လည် က ဆတ်သွားရွာ ကိုရောက်ရှိ သွားပြီး ဒေသခံပြည်သူတွေက နယ်လုံးကျွတ်နီးပါး ကြိုဆိုခဲ့ ကြပါတယ်။
2015-02-06
အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေး အတွက် အစိုးရ၊ လွှတ်တော်၊ NNER ပညာရေးကွန်ရက်နဲ့ ကျောင်းသားတွေရဲ့ ၄ ပွင့် ဆိုင်ဆွေးနွေးပွဲတွေပြန်စနိုင်ဖို့ ပညာရေးဒုဝန်ကြီး ဦးသန့်ရှင်းက NNER ပညာရေးကွန်ရက် က ဒေါက်တာ သိန်းလွင်ကို ဖိတ်ခေါ်ပြီး ရန်ကုန်မြို့ အဆင့်မြင့်ပညာဦးစီး ဌာနရုံးမှာ မနေ့နေ့လယ် ကဆွေးနွေးခဲ့ပါတယ်။
2015-02-06
အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်ဆန္ဒပြနေတဲ့ မုံရွာမြို့ကနေ ထွက်လာကြတဲ့ သပိတ်မှောက် ကျောင်းသူ ကျောင်းသားတွေ နဲ့ ပခုက္ကူမြို့က သပိတ်အဖွဲ့နဲ့ ပူးပေါင်းလိုက်ကြပြီး ဒီနေ့ ပခုက္ကူ မြို့မှာ ဆန္ဒပြခဲ့ကြပါတယ်။
2015-02-06
သတင်းမီဒီယာသမားတွေ အစိုးရဌာန ဆိုင်ရာတွေမှာ သတင်းယူတဲ့အခါ လွတ်လပ်စွာ သတင်းရယူခွင့်ရှိဖို့အတွက် အစိုးရက ဆောင်ရွက်ပေးဖို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းက ဒီနေ့ ပြည်သူ့လွှတ်တော်မှာ တင်သွင်း ရာမှာ အဆိုရံှုးနိမ့်ခဲ့ပါတယ်။
2015-02-06
၂ဝဝ၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် ပြည် လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပတဲ့အခါ ဝှိုက်ကဒ် (ခေါ်) ယာယီသက်သေခံ လက်မှတ်ကိုင်ဆောင် သူတွေကို မဲပေးခွင့်ရှိတယ်ဆိုပြီး ပြည်ထောင်စုလွှတ်တော် က ဆုံးဖြတ်လိုက်တာကို ကန့်ကွက်ဆန္ဒပြသွားမယ်လို့ ယာယီသက်သေခံလက်မှတ် မဲပေးခွင့်ပယ်ဖျက်ရေး ကော် မတီက ပြောပါတယ်။
2015-02-06
ဝိုက်ကဒ်လို့ခေါ်တဲ့ ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူတွေဟာ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးအတွက် လူထုဆန္ဒခံယူပွဲ ကျင်းပတဲ့အခါမှာ White Card လို့ ခေါ်တဲ့ “ယာယီသက်သေခံကဒ်ပြား” ကိုင်ဆောင်ထား သူတွေကို မဲပေးခွင့်ပြုလိုက်တာဟာ အခြေခံဥပဒေပါ ပုဒ်မတွေကို ချိုးဖောက်မှုရှိမရှိ အဆုံးအဖြတ်ပေးဖို့အတွက် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၂၈ ဦးက လက်မှတ်ရေးထိုးပြီး ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကို ဒီကနေ့ တင်သွင်းလိုက်ပါတယ်။
2015-02-06
ဒီမိုကရေစီပညာရေး ကျောင်းသားသပိတ် ကို ထောက်ခံတဲ့လှုပ်ရှားမှုကို ရန်ကုန်မြို့မှာ လာမယ့် ဖေဖေါ်ဝါရီလ ၈ ရက် တနင်္ဂနွေနေ့ မနက် ၁ဝ နာရီမှာ စတင်ပြုလုပ်မယ်လို့ သိရပါတယ်။
2015-02-06
ကျောင်းသားတွေရဲ့ သပိတ်မှောက်ဆန္ဒပြ ပွဲတွေနဲ့ ပတ်သက်လို့ သမ္မတရုံးက မနေ့ကရက်စွဲနဲ့ ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။
2015-02-05
မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်း ရှမ်းပြည် နယ်နဲ့ ကချင်ပြည်နယ် ဒေသတွေမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ အစိုးရတပ်တွေကြား ဒီသီတင်းပတ်အတွင်း တိုက်ပွဲတွေပြင်း ထန်လာခဲ့ရာမှာ နှစ်ဖက်အကျအဆုံး အနည်းဆုံး ၂ဝ ဝန်း ကျင်ရှိမယ်လို့ ရိုက်တာသတင်းက ဖေါ်ပြပါတယ်။