သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-02-05
မြောက်ကိုရီးယားအနေနဲ့ မြန်မာနိုင်ငံကို အတုယူသင့်တယ်လို့ အမေရိကန် အစိုးရ နိုင်ငံခြားေရေးဝန်ကြီးဌာန အရှေ့အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ ဒုလက်ထောက်ဝန်ကြီး မစ္စတာ Daniel Russel က ပြောပါတယ်။
2015-02-05
သမ္မတရုံးဝန်ကြီး ဦးအောင်မင်း ဦးဆောင် တဲ့ အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့ဟာ RCSS/SSA ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) က ဒုဗိုလ်ချုပ်ကြီးယွက်ဆစ် ဦးဆောင်တဲ့အဖွဲ့နဲ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဒီကနေ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
2015-02-05
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်၊ ပလိပ်ချည်မျှင်နဲ့ အထည်စက်ရုံက အလုပ်သမား တစ်ထောင်နီးပါးလောက်က တစ်ပတ် ခွင့်ရက် နှစ်ရက်ရရှိရေး၊ လုပ်သက်ခွင့်နဲ့ ရှောင်တခင်ခွင့် ရရှိရေးအပါအဝင် ဆုံးရံှုးနေတဲ့ အလုပ်သမားအခွင့် အရေးတွေ အပြည့်အဝရရှိရေးအတွက် ဒီနေ့ မန္တလေး မြို့ပေါ်မှာ တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။
2015-02-05
ကချင်ပြည်နယ် ဖားကန့်မြို့ ကံဆီးကျေးရွာ မှာ ခိုလှုံနေကြတဲ့ စစ်ဘေးဒုက္ခသည် ၃၀၀၀ လောက်အတွက် ဆန်အိတ် တစ်ထောင်နဲ့ စားနပ်ရိက္ခာတွေလှူဒါန်းဖို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းဝင်တွေ မြစ်ကြီးနား မြို့ကနေ ဒီနေ့ ထွက်ခွာသွားကြပါတယ်။
2015-02-05
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင် တဲ့ဥပဒေမူကြမ်း အတည်ပြုရေး ပြည်လုံး ကျွတ်ဆန္ဒခံယူပွဲ မှာ ဝှိုက်ကဒ် လို့ခေါ်တဲ့ အဖြူရောင်ယာယီ သက်သေခံ လက်မှတ်ကိုင်ဆောင်ထားသူတွေကို မဲပေးခွင့်ပြု ဖို့ ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်လိုက်တာကို ကန့်ကွက်သွားမယ်လို့ စစ်တွေမြို့ခံတွေက ဆုံးဖြတ်လိုက် ကြပါတယ်။
2015-02-05
အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက် ဆန္ဒပြနေကြတဲ့ ကျောင်းသား ကျောင်းသူတွေ ဖြတ် သွားမယ့် မကွေးတိုင်းဒေသကြီး တောင်တွင်းကြီး မြို့နယ် ဆတ်သွားကျေးရွာမှာ ရဲဝန်ထမ်း ၂၀၀ လောက် ရောက်ရှိနေတယ်လို့ ဒေသခံတွေ က ပြောပါတယ်။
2015-02-05
ဗြိတိန်နိုင်ငံအခြေစိုက် Wanderlust ခေါ် ခရီးသွားမဂ္ဂဇင်းက မြန်မာနိုင်ငံ ပုဂံမြို့ကို ဒုတိယမြောက် ကမ္ဘာ့အကြီးကျယ် အခမ်း နားဆုံးမြို့အဖြစ် ဖော်ပြလိုက်ပါတယ်။
2015-02-05
စင်္ကာပူ ဂုဏ်ထူးဆောင် ဝါရင့်ဝန်ကြီး မစ္စတာ ဂိုချောက်ထောင်ဟာ မြန်မာနိုင်ငံ ကနေ ပြန်လည်မထွက်ခွာခင် ဗုဒ္ဓဟူးနေ့က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ပထမဆုံးအကြိမ် တွေ့ဆုံ ခဲ့ပါတယ်။
2015-02-05
မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေမှာ အဓိကကျော်လွှားရမယ့် ပြဿနာတွေ အများအပြားရှိနေတယ် လို့ မြန်မာ့ရေးရာဆွေးနွေးပွဲတစ်ရပ်မှာ မနေ့က သုံးသပ်ပြော ဆိုခဲ့ကြပါတယ်။
2015-02-05
တရုတ်ဝမ်ပေါင်ကုမ္ပဏီနဲ့ စစ်တပ်ရဲ့ ဦးပိုင် ကုမ္ပဏီတို့ရဲ့ လက်ပံတောင်းတောင် ကြေး နီစီမံကိန်းမှာ မြေယာအသိမ်းခံထားရတဲ့ ဒေသခံတောင်သူတွေကို ကူညီနေတဲ့ လူငယ်ကျောင်းသားတွေနဲ့ ဒေသခံ တချို့ကို ရပ်ရွာအေးချမ်းသာယာရေး ပျက်အောင်သွေးထိုး လှုံ့ဆော်သူတွေအဖြစ် ရဲတပ်ဖွဲ့က စွပ်စွဲပြီး ဖမ်းဝရမ်းကြေ ညာချက် အသစ်တစောင် ထုတ်ပြန်လိုက်တယ်လို့ သိရ ပါတယ်။
2015-02-04
မန္တလေးကနေရန်ကုန်ကို ချီတက်လာနေ တဲ့ ကျောင်းသားသပိတ်စစ်ကြောင်းဟာ မနေ့ညက မကွေးမြို့ကနေ မိုင် ၃ဝ လောက်ဝေးတဲ့ သစ်ရာကောက်ရွာကိုရောက်သွားပြီး၊ အဲ့ဒီရွာက ဓမ္မာရုံမှာ ညအိပ်ရပ်နားနေကြပါတယ်။
2015-02-04
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ် ခရိုင် ရေဖြူမြို့နယ် ကန်ပေါက်ဒေသမှာ မီတာခ တစ်ယူနစ်ကို ၃၅ ကျပ် သတ်မှတ်ပေးဖို့ ဒေသခံ ၃၀၀ ကျော်က ကန်ပေါက်ကျေးရွာမှာ ဒီနေ့ ဆန္ဒပြတောင်း ဆိုကြပါတယ်။
2015-02-04
မန္တလေးနန်းတွင်း စစ်အကျဉ်းထောင်မှာ တာဝန်ကျအစောင့်ကို သတ်ဖြတ်ပြီး ထွက်ပြေးသွားတဲ့ တပ်မတော်သား အကျဉ်းသား ၈ ဦး ထဲက နောက်ထပ် ၁ ဦးကို ရှမ်းပြည်နယ် တန့်ယန်းမြို့မှာ ဖမ်းဆီးရမိတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
2015-02-04
ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁၀၀ ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် မြစ်ကြီးနားမြို့မှာ ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူဖို့စီစဉ်တာကို ဆိုင်းငံ့ထားပေးဖို့ ကချင်အမျိုးသားများ အတိုင်ပင်ခံအဖွဲ့က ကချင်ပြည်နယ် ဝန်ကြီးချုပ်ထံ စာရေးသားတောင်းဆိုထားပါတယ်။
2015-02-04
မိုးကုတ် နဲ့ မိုးမိတ်မြို့နယ်အစပ်မှာ တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA နဲ့ အစိုးရတပ်မတော် တို့ ပြီးခဲ့တဲ့ရက်ပိုင်းကတိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွားခဲ့ တာကြောင့် ဒေသခံ ၂၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေ ရတယ်လို့ တအာင်းအမျိုးသမီးအဖွဲ့နဲ့ တအာင်းကျောင်းသား နဲ့ လူငယ်များအဖွဲ့ကဒီနေ့ ကြေညာ ချက်ထုတ်ပြန်ပါတယ်။