သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-02-04
တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မြေပိုင်ဆိုင် မှုပြဿနာတွေကို ဖြေရှင်းဖို့ အစိုးရမှာ မူဝါဒသတ်သတ်မှတ်မှတ်မရှိကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
2015-02-04
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စရန်ဟီးလီက ရိုဟင်ဂျာဆိုတဲ့ စကားလုံးသုံးနှုန်းမှု အပေါ် မြန်မာအစိုးရက ပြစ်တင် ရှုတ်ချလိုက်ပါတယ်။
2015-02-04
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ များအဖွဲ့ချုပ် ဦးဆောင်တဲ့ ဒီမိုကရေစီ ပညာရေး သပိတ်စစ်ကြောင်းဟာ မနေ့က မကွေးမြို့မှာ လှည့်လည်ဟောပြောခဲ့ကြပြီး အဲဒီ့မှာပဲ ညအိပ် ရပ်နားခဲ့ကြပါတယ်။
2015-02-04
၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းက ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကံဆီးရွာတဝိုက်က စစ်ပြေးဒုက္ခသည်တွေအတွက် ဆန်အိတ် ၁ ထောင်နဲ့ အခြားစားနပ်ရိက္ခာတွေကို လှူဒါန်းဖို့ ဒီနေ့ မြစ်ကြီးနားကို သွားမှာဖြစ်ပါတယ်။
2015-02-03
မြန်မာနိုင်ငံရဲ့ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး လုံးဝလက်လျှော့မှာမဟုတ်ဘူး လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
2015-02-03
ထားဝယ်ရေနက်ဆိပ်ကမ်းနဲ့ ထားဝယ် အထူးစီးပွားရေးဇုန်ကို အမြန်ဆုံး အကောင် အထည်ဖော်ဖို့ ထားဝယ်မြို့ခံ တစ်ထောင်ကျော်က ဆိပ်ကမ်း စီမံကိန်း အကောင်အထည်ဖော်နေတဲ့ နဘုလယ်ကျေးရွာမှာ ဒီနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။
2015-02-03
ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ဥပဒေကြမ်းမှာ ဝှိုက်ကဒ်လို့ခေါ်တဲ့ ယာယီသက်သေခံ လက်မှတ် ကိုင်ဆောင်ထားသူတွေကို ဆန္ဒမဲပေးပိုင်ခွင့် ရှိကြောင်း ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်လိုက်တာကို ရခိုင်အမျိုးသားပါတီက ကန့်ကွက်လိုက်ပါတယ်။
2015-02-03
အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ဖို့ အတွက် လေးပွင့်ဆိုင်ဆွေးနွေးပွဲမှာ တက်ရောက်ဆွေးနွေးနေတဲ့ ဒေါက်တာသိန်းလွင်အနေနဲ့ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် NNER မှာ ဦးဆောင်သူအဖြစ် တာဝန်ထမ်းဆောင်မယ် ဆိုရင် အန်အယ်လ်ဒီမှာ ဗဟိုကော်မတီဝင်အဖြစ် တာဝန် ထမ်းဆောင်ခွင့်မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ပြောပါတယ်။
2015-02-03
အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်တဲ့ ဧရာဝတီတိုင်း က ကျောင်းသားကျောင်းသူ ၈၀ လောက်က ရန်ကုန်မြို့မှာ သပိတ်စခန်းဖွင့် ဆန္ဒပြဖို့အတွက် ပုသိမ်မြို့ ကနေ ဒီနေ့ စတင်လမ်းလျှောက်ကြပါတယ်။
2015-02-03
အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေး အတွက် နေပြည်တော်မှာ ဒီနေ့ဆွေးနွေးဖို့ ပြင်ဆင် ခဲ့ပေမဲ့ နိုင်ငံတော်သမ္မတက ရက်အကန့်အသတ် မရှိ ရွှေ့ဆိုင်းလိုက်ပါတယ်။
2015-02-03
မြန်မာနိုင်ငံရဲ့ အမှတ် ၂ ဘီလူးချောင်း ရေအားလျှပ်စစ်စက်ရုံမှာ ပစ္စည်းဟောင်းတွေ အသစ်လဲလှယ်ရေး အတွက် JICA ခေါ် ဂျပန် နိုင်ငံတကာ ပူးပေါင်းဆောင် ရွက်ရေးအဖွဲ့က မြန်မာလျှပ်စစ်စွမ်းအင်ဌာန EPC ကို အမေရိကန်ဒေါ်လာ ၆၇ သန်း ထောက်ပံ့ကူညီမယ်လို့ သိရပါတယ်။
2015-02-03
မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် အိန္ဒိယနိုင်ငံမှာ မီဇိုသဘောတူညီချက်ကို လာရောက်လေ့လာကြဖို့ မြန်မာအစိုးရအဖွဲ့ဝင်တွေနဲ့ တိုင်း ရင်းသား လက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့က ခေါင်းဆောင်တွေ သဘောတူညီခဲ့ကြတယ်လို့ မီဇိုရမ်ပြည်နယ် ဝန်ကြီး ချုပ်ဟောင်း ဇိုရမ်ထန်ဂါ Zoramthanga က ပြောဆိုကြောင်း အိန္ဒိယသတင်းစာတွေက ဖေါ်ပြကြပါတယ်။
2015-02-03
အမေရိကန်အခြေစိုက် Heritage Foundation အဖွဲ့က နှစ်စဉ်ထုတ်ပြန်နေတဲ့ ကမ္ဘာ့ နိုင်ငံတွေရဲ့ စီးပွားရေးလွတ်လပ်မှု အခြေပြညွှန်းကိန်း ကို မနေ့က ထုတ်ပြန်ခဲ့ရာမှာ မြန်မာနိုင် ငံရဲ့ အဆင့်ဟာ ၁၆၁ နေရာမှာရှိနေပါတယ်။
2015-02-02
မြန်မာနိုင်ငံ မုတ္တမကမ်းလွန်ဒေသ မှာ ရေနံလုပ်ကွက်ရထားတဲ့ ထိုင်းနိုင်ငံပိုင် PTTEP ကုမ္ပဏီမှာ မြန်မာအလုပ် သမားတွေ ခွဲခြားဆက်ဆံခံနေရတာကို ဖြေရှင်းပေး ဖို့ ဇောတိကကမ်းလွန် ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်သားများ အဖွဲ့အစည်းက ကုမ္ပဏီတာဝန်ရှိသူတွေထံ ဒီနေ့ တောင်းဆို လိုက်ပါတယ်။
2015-02-02
မြို့နယ်နဲ့ ကျေးရွာအတော်များများရဲ့ အမည်တွေမှာ နိုင်ငံရေးပါတီတစ်ခုရဲ့ အမည်ကိုထည့်သွင်းပြီး ဆိုင်းဘုတ်တပ်ဆင်တာ ဟာ ပြည်ထောင်စုအစိုးရက တရားဝင်ခွင့်ပြုထားတာ မဟုတ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်က ဒီနေ့ ပြည်သူ့လွှတ်တော် မှာ ပြောပါတယ်။