သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-02-25
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင်တရားရုံးနဲ့ မြို့နယ် တရားရုံးတွေမှာ လာဘ်ပေး လာဘ်ယူမှုတွေ ရှိနေတယ်ဆို ပြီး မြောင်းမြမြို့ခံ ၃၀၀ ကျော်က မြောင်းမြမြို့နယ် တရား ရုံးရှေ့မှာ ဆန္ဒပြကြပါတယ်။
2015-02-25
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ပြီးခဲ့တဲ့နှစ် မတ်လက နိုင်ငံတကာ INGO ရုံးတွေ တိုက်ခိုက်ခံရတာနဲ့ ဆက်နွယ်ပြီး ဖမ်းဆီးထိန်းသိမ်းခံထားတဲ့ စစ်တွေမြို့ခံ ၁၀ ဦးထဲက ၇ ဦးကို ထောင်ဒဏ် ၁ နှစ်စီ ချ မှတ်လိုက်ပါတယ်။
2015-02-25
အမျိုးသားပညာရေး ဥပဒေပြင်ဆင်တဲ့ ဥပဒေမူကြမ်းကို အမြန်ဆုံးအတည်ပြုပြ ဌာန်းပေးဖို့ ကျောက်ဆည်ခရိုင်နဲ့ မန္တလေး ခရိုင် ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေက ကျောက်ဆည်မြို့ မှာ ဒီနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။
2015-02-25
ကိုးကန့်တိုက်ပွဲတွေမှာ တရုတ်နိုင်ငံ သားတွေပါဝင်တိုက်ခိုက်နေတယ်ဆိုတာ မဟုတ်မှန်ကြောင်း အစိုးရနဲ့ တိုက် ပွဲတွေဖြစ်နေတဲ့ MNDAA ခေါင်းဆောင် ဦးဖုန်ကြားရှင် က ဒီကနေ့ ငြင်းဆိုလိုက်ပါတယ်။
2015-02-25
လက်ပံတန်းမြို့ကို ရောက်ရှိနေတဲ့ ပင်မ သပိတ်မှောက် ကျောင်းသား ကျောင်းသူတွေက လာမယ့် မတ်လ ၁ ရက်နေ့မှာ မူလ ရည်ရွယ်ချက် အတိုင်း ရန်ကုန်ကို ဆက်လက် ချီတက်ကြမယ် လို့ ပြောပါတယ်။
2015-02-25
အမျိုးသားပညာရေးဥပဒေပြင်ဆင်ဖို့ အစိုး ရနဲ့ ကျောင်းသားတွေအပါအဝင် လေးပွင့်ဆိုင်ဆွေးနွေးပွဲ ရလဒ်ဖြစ်တဲ့ ပညာရေးဥပဒေမူကြမ်းကို အမျိုးသား လွှတ်တော်မှာကြားနာမယ်လို့ ထုတ်ပြန်လိုက်တာ ဟာ လေးပွင့်ဆိုင်သဘောတူညီချက်တွေကို ပြန်ဖျက်တော့ မယ့်လုပ်ရပ်အဖြစ် ခံစားမိတယ်လို့ ကျောင်းသား ကိုယ်စား လှယ်တွေက ပြောဆိုပါတယ်။
2015-02-25
အမျိုးသမီးတွေအပေါ် အစိုးရစစ်တပ်ရဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကို ဖော်ထုတ်ပြီး အမျိုးသမီးတွေအတွက် တရားမျှတမှုရရှိဖို့ ပိုမိုကြိုးပမ်းဆောင်ရွက်သွားမယ်လို့ အဌမအကြိမ်မြောက် အမျိုးသမီးများအဖွဲ့ချူပ် မြန်မာနိုင်ငံ WLB အဖွဲ့ညီလာခံက ဆုံးဖြတ်ခဲ့ပါတယ်။
2015-02-25
ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်က စုပေါင်းအလုပ်သမားသပိတ်ကို ကူညီနေတဲ့ ကိုနိုင်ဇော် ကို အရပ်ဝတ်လူတစ်စုက မနေ့နေ့လယ်ပိုင်းက ဖမ်းဆီးဖေါ်ဆောင်သွားတယ်လို့ သိရပါတယ်။
2015-02-24
မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့နယ်က ပလိပ်ချည်မျှင်နဲ့ အထည်စက်ရုံရှေ့မှာ သပိတ်စခန်းဖွင့်ဆန္ဒပြနေကြတဲ့ အလုပ်သမားတွေထဲ က နှစ်ဦးဟာ ကျန်းမာရေးဆိုးဝါးပြီး ကွယ်လွန်သွားပါတယ်။
2015-02-24
မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့လေဆိပ်တည်ဆောက်ဖို့ ပို့ဆောင်ရေးဝန်ကြီးဌာနကသိမ်းယူခဲ့တဲ့ ယာမြေဧက ၉၀၀ ကျော်အတွက် လျော်ကြေးငွေ ကျပ်သိန်းပေါင်း တစ်သောင်းလေးထောင်ကျော်ကို လယ်သမားတွေ ထံ ပေးအပ်သွားမယ်လို့ ပခုက္ကူမြို့ မြို့နယ်အုပ်ချုပ်ရေး အဖွဲ့က ပြောပါတယ်။
2015-02-24
ရွှေပြည်သာစက်မှုဇုန်မှာ သပိတ်စခန်းဖွင့် ဆန္ဒပြနေတဲ့အလုပ်သမားတွေက အစိုးရက ဥပဒေအရ အရေးယူသွားမယ်လို့ သတိပေး ထားပေမဲ့ လုပ်ခလစာတိုးပေးရေးအတွက် ဆက်လက်ဆန္ဒပြ သွားမှာဖြစ်ကြောင်း ပြောပါတယ်။
2015-02-24
ရခိုင်ပြည်နယ် မောင်တောမြို့မှာ စည်ပင်သာယာရေးကော် မတီကို ပြန်လည်ဖွဲ့စည်းပေးဖို့ မြို့ခံ ၁၀၀ လောက်က ဆန္ဒပြတောင်းဆိုကြပါတယ်။
2015-02-24
နိုင်ငံတကာအစိုးရတွေနဲ့ အဖွဲ့အစည်းတွေ က အကူအညီပေးတဲ့ ချေးငွေ၊ ထောက် ပံ့ငွေတွေကို ရယူသုံးစွဲနေတဲ့ ဝန်ကြီးဌာနတချို့မှာ မသမာ မှုတွေ ၊ အလွဲသုံးစားမှုတွေရှိနေကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သူရဦးအောင်ကိုက ပြောလိုက်ပါတယ်။
2015-02-24
ယာယီသက်သေခံလက်မှတ် ကိုင်ဆောင် ထားသူတွေကို မဲပေးခွင့်ပြုထားတဲ့ ပြည်လုံး ကျွတ်ဆန္ဒခံယူပွဲဥပဒေနဲ့ ရွေးကောက်ပွဲဥပဒေတွေကို ပြန် လည်ပြင်ဆင်မှာဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်လိုက်ပါတယ်။
2015-02-24
ကိုးကန့်ဒေသ လောက်ကိုင်မြို့ စီအော အကျဉ်းထောင်က အကျဉ်းသားတွေကိုတင်ဆောင်ပြီး လားရှိုးဘက်ကို မောင်းလာတဲ့ မော်တော်ယာဉ် တစ်စီး မနေ့က တိုက်ခိုက်ခံရပြီး တိမ်းမှောက်သွား တာကြောင့် အကျဉ်းသူ အမျိုးသမီး ၄၅ ယောက်လုံး ဒဏ်ရာရရှိပြီး အဲဒီအထဲကနှစ်ဦးဟာ ဒဏ်ရာပြင်း ထန်တဲ့အတွက် ကွမ်းလုံဆေးရုံမှာ ဆေးကုသမှု ခံယူနေရပါတယ်။