သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-02-23
ထိုင်းနိုင်ငံက ကမ္ဘာလှည့်ခရီးသွား နေရာတစ်ခုဖြစ် တဲ့ ကော့စမွီကျွန်းမှာ တနင်္လာနေ့က မြန်မာအမျိုးသမီး တစ်ဦးရဲ့ အလောင်းတွေ့ရှိ ခဲ့ရတယ်လို့ ဘန်ကောက်ပို့စ် သတင်းက ဖေါ်ပြပါတယ်။
2015-02-23
၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ ကာလမှာ ဖြစ်ပေါ်လာနိုင်တဲ့ အကြမ်းဖက် မှုတွေကို ကာကွယ်နိုင်ဖို့အတွက် ပြည်နယ် နဲ့တိုင်းဒေသကြီးတွေမှာ ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးသင် တန်းတွေပေးနေပါတယ်။
2015-02-23
နေပြည်တော်အပါအဝင် ရှမ်းပြည်နယ် အတွင်းက ပါတီခေါင်းဆောင်တွေ နဲ့ ဒေသခံပြည်သူတွေထံ သွားရောက်ခဲ့တဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA ရှမ်းပြည်တပ်မတော် တောင်ပိုင်းအဖွဲ့ရဲ့ ဥက္ကဌ ဒုဗိုလ်ချူပ်ကြီး ယွက်ဆစ်ဟာ ထိုင်းမြန်မာ နယ်စပ်တစ်နေရာမှာ ဒီနေ့ နေ့လယ်ပိုင်းက သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့ပါတယ်။
2015-02-23
ပဲခူးတိုင်းဒေသကြီး ပြည်မြို့မှာ လာမယ့် မတ်လ ၁ ရက်နေ့ ကျင်းပမယ့် ဗိုလ်ချုပ်အောင်ဆန်းရာပြည့် အခမ်းအနားကို အမျိုးသား ဒီမိုကရေအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မိန့်ခွန်းပြောမှာ ဖြစ်ပါတယ်။
2015-02-23
ကိုးကန့်နယ်မြေအတွင်း အခုလ ၂၁ရက်နေ့က ဖုန်းရွှေကျန်းဒေသမှာ တိုက်ပွဲကြီးတွေ ဖြစ်ပွား ခဲ့ပြီးနောက် ဒီကနေ့ အခြေအနေငြိမ်သက်နေပေမဲ့ ကွတ်ခိုင်နဲ့ သိန္နီခရိုင်အတွင်း တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေ ပါတယ်။
2015-02-23
သပိတ်မှောက်ကျောင်းသား ကျောင်း သူတွေ နဲ့ တွေ့ဆုံခဲ့တဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ UNA ခေါင်းဆောင်တွေကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌက ရန်ကုန်မြို့ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး မှာ ခေါ်ယူတွေ့ဆုံခဲ့ပါတယ်။
2015-02-23
လောက်ကိုင်မြို့မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး ကိုးကန့် လက်နက်ကိုင်အဖွဲ့ကို ဆက်သွယ်မေးမြန်းတဲ့ သတင်း မီဒီယာတွေအနေနဲ့ မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁) နဲ့ ငြိစွန်းနိုင်တယ်ဆိုတဲ့ တပ်မတော်ရဲ့ပြောဆို ချက်တွေဟာ ခြိမ်းခြောက်မှုဖြစ်ကြောင်း PEN Myanmar အဖွဲ့က ကြေညာချက်ထုတ်လိုက်ပါတယ်။
2015-02-23
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အစိုးရ တပ်မတော်နဲ့ စစ်ရေးတင်းမာမှုတွေ ရပ်ဆိုင်းပြီး အစိုးရနဲ့ တွေ့ဆုံဆွေးနွေး လိုကြောင်း ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF/TNLA က ကြေညာချက်ထုတ်ပြန်ပါတယ်။
2015-02-23
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂ဝ ရက်နေ့ညက ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာစက်မှုဇုန်က Eland Myanmar စက်ရုံရှေ့မှာ ဆန္ဒပြအလုပ်သမားတွေနဲ့ ရဲတပ်ဖွဲ့ကြား ပဋိပက္ခဖြစ်ခဲ့တာဟာ ဆန္ဒပြအလုပ်သမားတွေ က အကြမ်းဖက်ခဲ့တာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး အလုပ်သမားရေးရာ ညှိနှိုင်းဆွေးနွေးရေးအဖွဲ့က ပြော ပါတယ်။
2015-02-23
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ဟာ ဖေဖော်ဝါရီလဆန်းပိုင်း က မြန်မာနိုင်ငံကို သွားရောက်ခဲ့ကြောင်း ဘန်ကောက်ပို့စ်သတင်းက ဖေါ်ပြပါတယ်။
2015-02-22
အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ပေး ဖို့ တောင်းဆိုတဲ့ ကျောင်းသား သပိတ်ကို ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့က ကျောင်းသား ကျောင်း သူတွေနဲ့ ဒေသခံ ၄၀ ကျော်က ထောက်ခံကြောင်း တောင်ငူ မြို့မှာ ဒီနေ့ ဆန္ဒပြကြပါတယ်။
2015-02-22
တက္ကသိုလ်တချို့မှာ သပိတ်မှောက်ကျောင်းသား ကျောင်း သူတွေကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေ ပြု လုပ်နေတာကို ရပ်တန့်ပေးဖို့ မြန်မာနိုင်ငံ ပညာရေး စနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် NNER နဲ့ ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီတို့က ပူးတွဲတောင်းဆိုလိုက်ပါတယ်။
2015-02-22
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့မှာ တယ်လီဖုန်းဆက်သွယ်ရေးလိုင်းတွေ ညံ့ဖျင်းလွန်းတာကြောင့် ကသာမြို့ခံ ၃ဝဝ လောက်က ဆက်သွယ်ရေး ဝန်ကြီးဌာနကို ဒီနေ့ ဆန္ဒပြ ကြပါတယ်။
2015-02-22
ရှမ်းပြည်မြောက်ပိုင်း ကိုးကန့်ဒေသအတွင်း ဖြစ်ပွားနေ တဲ့ တိုက်ပွဲတွေမှာ UWSA ဝပြည် သွေးစည်း ညီညွတ်ရေးအဖွဲ့ရဲ့ တပ်ဖွဲ့တွေ ပါဝင်ခြင်းမရှိပဲ UWSA အနေနဲ့ ဒီ စစ်ပွဲတွေမှာ ကြားနေရပ်တည်သွားမှာဖြစ် တယ်လို့ UWSA ပြောရေးဆိုခွင့်ရှိသူက RFA ကို ပြော ပါတယ်။
2015-02-22
တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ကိုးကန့်ဒေသ လောက်ကိုင်မြို့ကနေ ချင်းရွှေဟော်ကို ပြန်လာတဲ့ ကြက်ခြေနီ ယာဉ်တစ်စီး စနေနေ့က တိုက်ခိုက်ခံရပြီး ကြက်ခြေနီ ဝန်ထမ်းတစ်ဦး၊ သတင်းထောက်တစ်ဦး နဲ့ယာဉ်ပေါ် ပါလာ သူ ဒေသခံ ၃ ဦး၊ စုစုပေါင်း ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြန် မာနိုင်ငံ ကြက်ခြေနီအသင်းက ကြေညာချက်ထုတ်ပြန် ပါတယ်။