သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-02-21
မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့လယ် မှာရှိတဲ့ မုံကွင်းမှာ ကျောက်မျက်လုပ်ငန်း ရှင်များ အသင်းက ကျောက်မျက်ဈေး ဆောက်လုပ်ဖို့ ပြင် ဆင်နေတာကို မြို့ခံတွေက ကန့်ကွက်ဆန္ဒပြကြပါတယ်။
2015-02-21
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရုံးသစ် အဆောက်အဦး ဆောက်လုပ်ဖို့အတွက် ပန္နက်တင် အခမ်းအနားမှာ ဒေါ်အောင် ဆန်းစုကြည်က ဖွင့်လှစ်ပေးခဲ့ပါတယ်။
2015-02-21
ရွှေပြည်သာစက်မှုဇုန် အလုပ်သမား စုပေါင်း သပိတ်စခန်းကနေ မနေ့ညက ဖမ်းဆီးခံရ တဲ့ အလုပ်သမား ၂၄ ဦးထဲက ၈ ဦး ပြန် လည်လွတ်မြောက်လာပါတယ်။
2015-02-21
ကိုးကန့်ဒေသမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေ မှာ အရပ်သားတွေ သေဆုံးတာဟာ ကိုးကန့်တပ်မတော်ဘက်က ပစ်ခတ်တာကြောင့် သေဆုံး တာမဟုတ်ဘူးလို့ ယုံကြည်ကြောင်း ညီညွတ်သောတိုင်းရင်း သား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
2015-02-21
ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ် ခွင့်ရဒေသမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေဖြစ်တဲ့ KIA ၊ TNLA ၊ UWSA ၊ မိုင်းလား နဲ့ SSA/SSPP အဖွဲ့တို့က ကိုးကန့်အဖွဲ့နဲ့အတူ ပူးပေါင်း တိုက်ခိုက်နေတာဖြစ်ကြောင်း ကာကွယ်ရေးဦးစီချုပ်ရုံး (ကြည်း) ထိပ်တန်းအရာရှိတွေက ပြောပါတယ်။
2015-02-20
ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ်က ကြံခင်း- ပခုက္ကူ ရထားလမ်းဖောက်လုပ်မှုစီမံကိန်းအတွက် အစိုးရက သိမ်းဆည်းခဲ့တဲ့ မင်းဘူးမြို့နယ်က လယ် ယာမြေတွေ အတွက်က လျော်ကြေးငွေ ကျပ် သိန်းလေးထောင်ကျော်ကို မင်းဘူးမြို့နယ်အုပ်ချုပ်ရေးရုံး မှာ ပေးအပ်ခဲ့ပါတယ်။
2015-02-20
ရန်ကုန်တိုင်း ရွှေပြည်သာစက်မှုဇုံမှာ အခြေ ခံလစာတိုးပေးဖို့ သပိတ်မှောက် တောင်း ဆိုနေတဲ့ အလုပ်သမားတွေကို မနေ့ညနေ ၅ နာရီကျော်လောက်မှာ ရဲအင်အားအလုံးအရင်းနဲ့အကြမ်း ဖက် နှိမ်နင်းလိုက်ပါတယ်။
2015-02-20
သပိတ်မှောက်ကျောင်းသားကျောင်း သူတွေ တောင်းဆိုထားတဲ့အတိုင်း ဖေဖော်ဝါရီလ ၂၈ ရက်နေ့ နောက်ဆုံးထားပြီး အမျိုးသားပညာရေးဥပဒေကို လွှတ်တော်က ပြင်ဆင်ပြဌာန်းပေးဖို့ဆိုတာ အချိန်တိုတောင်း တဲ့အတွက် မဖြစ်နိုင်ကြောင်း ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းကော်မတီက ပြောပါတယ်။
2015-02-20
ကိုးကန့်ဒေသမှာ ဖုန်ကြားရှင်ရဲ့တပ်တွေ နဲ့ ဖြစ်ပွားခဲ့တဲ့ စစ်ရေးပဋိပက္ခတွေ ရဲ့နောက်ကွယ်မှာ တရုတ်အစိုးရ မပါရှိကြောင်း ပြည်ထောင် စုဝန်ကြီး ဦးအောင်မင်းက ပြောပါတယ်။
2015-02-20
လတ်တလောဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ဟာ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို အဟန့်အတားဖြစ်စေသလို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ကိုလည်း အနှောက်အယှက်ဖြစ်စေကြောင်း ကာကွယ်ရေး ဝန်ကြီးဌာန ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်က ပြော ပါတယ်။
2015-02-20
ဒီနေ့ကျရောက်တဲ့ ၆၇ နှစ်မြောက် ချင်း အမျိုးသားနေ့ကို ချင်းပြည်နယ် ဟားခါးမြို့ ဝမ္မသူးမောင်အားကစားကွင်းမှာ ကျင်းပခဲ့ ပြီး နိုင်ငံတော် သမ္မတ ဦးသိန်းစိန် တက်ရောက်ခဲ့ပါတယ်။
2015-02-20
ကိုးကန့်ဒေသ လောက်ကိုင်ပဋိပက္ခအပါ အဝင် ရှမ်းပြည်နယ်နဲ့ တစ်နိုင်ငံလုံးက စစ်ရေးပဋိပက္ခတွေကို စားပွဲဝိုင်းမှာအဖြေရှာဖို့ မိမိအနေနဲ့ တိုက်တွန်းကြောင်း ရှမ်းပြည်တပ်မတော်တောင်ပိုင်း RCSS /SSA ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောပါတယ်။
2015-02-20
မန္တလေးတိုင်း ဒေသကြီးမတ္တရာမြို့နယ်မှာ လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီး ဌာနက သိမ်းယူထားတဲ့ ရေနံ့သာစိုက်ကွင်း က မြေဧက ၆ဝဝ ကျော်ပေါ်မှာ ဒီနေ့မနက်က ဒေသခံတောင် သူ ၁ဝဝ ကျော်က ဝင်ရောက်ထွန်ယက်ခဲ့ကြပါတယ်။
2015-02-19
ရန်ကုန်တိုင်း ရွှေပြည်သာစက်မှုဇုံမှာ သပိတ်မှောက်နေတဲ့ အလုပ်သမားတွေက မျက်မှောက်ကာလ ကုန်ဈေးနှုန်းတွေအရ၊ လူတစ်ယောက်အတွက် တစ်လကို၊ အနည်းဆုံး ကျပ်ငွေ ၁ သိန်း ၃ သောင်းခန့် ဝင်ငွေရမှ ရှင်သန်ရပ်တည်နိုင်မယ်လို့ တွက်ချက်ပြထားတဲ့ အစီရင်စာတစ်စောင်ကို အလုပ်သမား ဝန်ကြီးထံ မနေ့က တင်ပြလိုက်ပါတယ်။
2015-02-19
ကျန်းမာရေးစနစ် ပြန်လည်ကောင်းမွန်ဖို့ ဆယ်စုနှစ်များစွာကြာဦးမည့် မြန်မာပြည်အရှေ့ပိုင်း ဆိုတဲ့ အစီရင်ခံစာတစ်စောင်ကို ကျန်းမာရေးသတင်းစနစ်အလုပ် အဖွဲ့ HISWG က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ နိုင်ငံခြားသ တင်းထောက်များအသင်း ရုံးခန်းမှာ မနေ့က သတင်းစာ ရှင်းလင်းပွဲ ကျင်းပထုတ်ပြန်ခဲ့ပါတယ်။