သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-02-19
ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးက ကိုးကန့်ဒေသ မှာ ဖေဖော်ဝါရီ ၁၇ နေ့က မြန်မာနိုင်ငံ ကြက်ခြေနီအဖွဲ့ ယာဉ်တန်းတိုက်ခိုက်ခံရပြီး လူသားချင်းစာနာကူညီသူ နှစ်ဦး ဒဏ်ရာရရှိခဲ့မှုအတွက် ရှုတ်ချလိုက်ပါတယ်။
2015-02-19
မြန်မာအစိုးရ ပညာရေးဝန်ကြီးဌာနက ပညာရေးဘက်မှာ လွတ်လွတ်လပ်လပ် စီမံခွင့်မရတဲ့အတွက် Johns Hopkins တက္ကသိုလ်က ရန်ကုန်တက္ကသိုလ်မှာ သင်ကြားပို့ချနေတာတွေကို ပြန်လည် ရုပ်သိမ်းလိုက်တယ်လို့ သိရပါတယ်။
2015-02-19
လာမယ့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ မတိုင်ခင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ကို ပြင်ဆင်ပေးဖို့ ပအိုဝ်းအမျိုးသားညီလာခံက တောင်းဆို လိုက်ပါတယ်။
2015-02-19
မူဆယ်ခရိုင်၊ ကောင်းခါးကျေးရွာမှာ အဓမ္မပြုကျင့်သတ်ဖြတ်ခံခဲ့ရတဲ့ ကျောင်းဆရာမနှစ်ဦးအတွက် တစ်လပြည့်အထိမ်းအမှတ်အဖြစ် ကချင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ်က ဘုရားရှိခိုးကျောင်း ၄၀၀ နီးပါးမှာ ဝတ်ပြု ဆုတောင်းပွဲ ပြုလုပ်ကြပါတယ်။
2015-02-19
၂၀၀၈ ဖဲ့ွစည်းပုံ အခြေခံဥပဒေ ကို ပြင်ဆင်ရေးဆွဲနိုင်ဖို့အတွက် အားလုံးပါဝင်နိုင်မယ့် ပြည်ထောင်စုအဆင့် ညီလာခံ တစ်ရပ်ဖြစ်အောင် ကြိုးပမ်းသွားမယ်လို့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖဲ့ွ UNA က ဆုံးဖြတ်လိုက်ပါတယ်။
2015-02-19
ကိုးကန့်နယ်မှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ မှာ ကိုးကန့်အဖွဲ့တွေနဲ့အတူ တပ်မတော်ကို တိုက်ခိုက်တာမှာ SPPP/SSA ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် ပါဝင်တယ်လို့ စွပ်စွဲပြောဆိုမှုနဲ့ပတ် သက်ပြီး ကန့်ကွက်ကြောင်း SSPP/SSA က RFA ကို ပြောပါတယ်။
2015-02-19
ပြည်ထောင်စုလွှတ်တော်က လာမယ့် ဖေဖေါ်ဝါရီလ ၂၈ ရက်နေ့ နောက် ဆုံးထားပြီး အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်ပြ ဌာန်းပေး ဖို့ လက်ပံတန်းမြို့ကို ရောက်ရှိနေတဲ့ ပင်မကျောင်း သူကျောင်း သားသပိတ်စစ်ကြောင်းက ဒီနေ့ ကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
2015-02-19
တိုက်ပွဲတွေဖြစ်နေတဲ့ ရှမ်းပြည်မြောက် ပိုင်း လောက်ကိုင်မြို့တဝိုက်မှာ အရပ်သား တစ်ထောင်ကျော်လောက် ပိတ်မိနေသေး တယ်လို့ ကွမ်လုံမြို့အခြေစိုက် ကယ်ဆယ်ရေးလုပ်နေသူ တစ်ဦးက ပြောပါတယ်။
2015-02-18
ရွှေပြည်သာနဲ့လှိုင်သာယာ စက်မှုဇုန်တွေ မှာ လစာတိုးပေးဖို့တောင်းဆို ဆန္ဒပြနေ တာတွေမှာ ဥပဒေချိုးဖေါက်မှုတွေရှိရင် အလုပ်ရှင်၊ အလုပ် သမားမခွဲခြားဘဲ အရေးယူမှာဖြစ်ကြောင်း ရန်ကုန်တိုင်းဒေ သကြီး အစိုးရအဖွဲ့က သတိပေးကြေညာ လိုက်ပါတယ်။
2015-02-18
မျိုးစောင့်ဥပဒေကြမ်း ၄ ခုထဲက လူဦးရေ တိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ကျန်းမာရေး စောင့်ရှောက်မှု ဥပဒေကြမ်းကို အမျိုးသား လွှတ်တော်က အတည်ပြုလိုက်ပါတယ်။
2015-02-18
ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ ကျောင်း သား ကျောင်းသူ ၃၀ နီးပါးလောက်က အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်နေကြတဲ့ ကျောင်းသားတွေကို ထောက်ခံ ဆန္ဒပြကြပါတယ်။
2015-02-18
ရန်ကုန်မြို့မြို့တော်ခန်းမဝင်ပေါက်ကို ပိတ်ဆို့ဆန္ဒပြခဲ့တဲ့အတွက် တရားစွဲဆိုခံ ထားရသူ မိကျောင်းကန်သပိတ်စခန်းက ဆန္ဒပြသူ ၁၄ ဦးကို ကျောက်တံတားမြို့နယ် တရားရုံး က ထောင်ဒဏ် ၆ လစီ ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။
2015-02-18
ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့ကို ရောက်ရှိနေ တဲ့ ပညာရေးဥပဒေ သပိတ်မှောက်စစ်ကြောင်းဟာ သပိတ်ကို ဒီလ၂၆ ရက်နေ့ အထိ ယာယီရပ်နား လိုက်ပါတယ်။
2015-02-18
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကာမိုင်း မြို့နယ်ခွဲ ကပ်မှော်ဇွပ်ကျေးရွာအနီးမှာ အစိုးရစစ်ယာဉ်တန်း တိုက်ခိုက်ခံရတဲ့ အတွက် အနီးဝန်းကျင်က ခရီးသွားတစ်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိတယ်လို့ ကချင်ပြည်နယ် ရဲတပ်ဖွဲ့က ပြော ပါတယ်။
2015-02-17
မြန်မာ့တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တာဝန်ယူခဲ့တဲ့ ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦးက ကိုးကန့်ဒေသမှာ ဖြစ်ပွားနေတဲ့တိုက်ပွဲတွေဟာ ပြည်တွင်းက တရုတ်ကုမ္ပဏီတွေရဲ့ အကျိုးစီးပွားနဲ့ ဆက်စပ်မှုရှိနိုင်တယ် လို့ ဝေဖန်ပြောကြားလိုက်ပါတယ်။