သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-02-17
ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာ စက်မှုဇုန် ၃ မှာ အခြေခံလုပ်ခလစာ တိုးပေးဖို့ သပိတ်စခန်းဖွင့် တောင်းဆိုနေ ကြတဲ့ အလုပ်သမားတွေဟာ အလုပ်ရှင်နဲ့ အလုပ်သမား ဝန်ကြီးဌာန ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးရာမှာ ပြေလည်မှု မရခဲ့ဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။
2015-02-17
တိုင်းရင်းသားပေါင်းစုံပါဝင်တဲ့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဖွဲ့စည်းနိုင်ဖို့ ကြိုးစားကြမှာဖြစ်ကြောင်း ရှမ်းပြည်နယ် တိုင်းရင်းသားပေါင်းစုံ ညီလာခံကနေ ဆုံးဖြတ်လိုက်ပါတယ်။
2015-02-17
တိုင်းရင်းသားပါတီ ၈ ပါတီနဲ့ ဖွဲစည်းထားတဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA ရဲ့ ဒုတိယ အကြိမ်မြောက် ညီလာခံကို မဟာမိတ်အဖွဲ့တွေနဲ့အတူ ရန်ကုန်မြို့ ဗဟန်းမြို့နယ် တော်ဝင်နှင်းဆီခန်းမမှာ ဒီနေ့ စတင်ကျင်းပနေပါတယ်။
2015-02-17
အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်ပေး ဖို့ တောင်းဆိုနေတဲ့ ပင်မသပိတ် စစ်ကြောင်း ဟာ ရန်ကုန်အထိ ဆက်လက်ချီတက်ဖို့ မသေ ချာသေးပဲ မနက်ဖြန်မှာ ဆွေးနွေးဆုံးဖြတ်မယ်လို့ ကျောင်း သားခေါင်းဆောင်တွေက ပြောပါတယ်။
2015-02-17
မကွေးတိုင်း ရေနံချောင်းမြို့ မြို့မဈေးကြီးမှာ ဒီနေ့မနက် လင်းအားကြီးက မီးလောင်ကျွမ်း ရာမှာ ဈေးအနောက်ဘက်၊ ဈေးအရှေ့ ထိပ်နှင့် အရှေ့တောင်ထောင့်ရှိ ဆိုင်ခန်းများမှအပ ဈေး အတွင်းနှင့် ဘေးပတ်လည်ရှိ ဆိုင်ခန်းပေါင်း ၃၁၂ ခန်း ပျက်စီးဆုံးရှုံးသွားပါတယ်။
2015-02-17
အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်တဲ့ ဥပဒေမူကြမ်းပါအချက်တွေနဲ့ ပတ်သက်ပြီး ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေက ပြည်ထောင်စု လွှတ်တော် နာယကနဲ့ အမျိုးသားလွှတ်တော်ဥက္ကဌတွေကို တင်ပြခဲ့ကြပါတယ်။
2015-02-16
ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဧရာဝတီ တိုင်းစစ်ကြောင်းဟာ စောင့်ကြည့်ရေး သပိတ်စခန်းတွေ ဖွင့်လှစ်မယ်လို့ ဒီမို ကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီက ကျောင်း သားကိုယ်စားလှယ် ဒဂုံတက္ကသိုလ်ကျောင်းသား ကိုပိုင်ရဲသူ က မနေ့က ပြောကြားလိုက်ပါတယ်။
2015-02-16
ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ကိုးကန့်ဒေသ မှာဖြစ်ပွားခဲ့တဲ့ စစ်ပွဲတွေရပ်တန့်သွားပြီ ဆိုပေမဲ့ လောက်ကိုင်မြို့တွင်းမှာ ပစ်ခတ် မှုတွေနေစဉ်ရှိနေပြီး ကိုးကန့်တပ်တွေလည်း ရှိနေဆဲဖြစ် တယ်လို့ လောက်ကိုင်မြို့က တိမ်းရှောင်လာသူတစ်ဦး က ပြောပါတယ်။
2015-02-16
ပြည်လုံးကျွတ်ဆန္ဒခံယူပွဲဥပဒေမှာ ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူတွေကို မဲပေးခွင့်ပြုတာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီကြောင်း ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးက ဆုံးဖြတ်လိုက်ပါတယ်။
2015-02-16
အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်နေကြတဲ့ သပိတ်စစ်ကြောင်း ၂ ကြောင်းက သပိတ်ရပ်နားလိုက်ကြောင်း ကြေညာပါတယ်။
2015-02-16
အမျိုးသားပညာရေးဥပဒေ ပြင်ဆင်တဲ့ ဥပဒေကြမ်းကို ပညာရေးဝန်ကြီးဌာနက ဒီနေ့ လွှတ်တော်မှာ တင် သွင်းမယ်လို့ ပြင်ဆင်ခဲ့ပေမဲ့ တင်သွင်းခြင်းမရှိသေး ဘူးလို့ ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီဝင်တစ်ဦးက ပြောပါတယ်။
2015-02-16
ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်ဒေ သတိုက်ပွဲအတွင်း ကိုးကန့်သူပုန်အလောင်း ၁၈ လောင်းရရှိထားပြီး အပြင်းအထန် ဒဏ်ရာရရှိထားသူ ၈ ဦးကိုလည်း ဖမ်းဆီးရမိ ထားတယ်လို့ အစိုးရက သတင်း ထုတ်ပြန်ပါတယ်။
2015-02-15
သပိတ်မှောက်ကျောင်းသားတွေ မိမိတို့ အရပ်ဒေသတွေမှာရှိတဲ့ မိဘဆရာတွေ ဆီ ပြန်ကြဖို့ သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရ က ကြေညာချက် တစ်စောင်ထုတ်ပြန်ပြီး မေတ္တာရပ်ခံလိုက် ပါတယ်။
2015-02-15
ပြည်ထောင်စုလွှတ်တော်က အတည်ပြု ခဲ့တဲ့ ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူတွေ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲမှာ မဲပေး ခွင့်ရှိကြောင်း ဆုံးဖြတ်ချက်ကို ရခိုင်ပြည်နယ် စစ်တွေမြို့မှာ လူ ၂ သောင်းကျော်လောက်က ကန့်ကွက်ခဲ့ကြပါတယ်။
2015-02-15
ကယားပြည်နယ် ဖရူဆိုမြို့နယ် ဆိုလျား ကူးကျေးရွာမှာ ဒေသခံတောင်သူ လယ် သမားတွေ စုပေါင်းပြီး ညီလာခံတစ်ရပ် ကျင်းပနေပါတယ်။