သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-06-22
၂၀၁၅ရွေးကောက်ပွဲမှာ မဘသအဖွဲ့ အနေနဲ့ ဘယ်ပါတီ၊ ဘယ်ပုဂ္ဂိုလ်ကို မဲပေးဖို့ ဝေဖန်အကြံပြုတာမျိုး လုပ်မှာ မဟုတ်ဘူးလို့ ကျင်းပပြီးစီးသွားတဲ့ ဒုတိယအကြိမ် ညီလာခံက ထုတ်ပြန်ကြေညာချက် မှာ ဖေါ်ပြထားပါတယ်။
2015-06-22
နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတတွေ နဲ့ ပြည်ထောင်စုအစိုးရ အဖွဲ့ဝင်တွေအတွက် သက်ဆိုင်ရာ နိုင်ငံရေးပါတီလုပ်ငန်းတွေ ဆောင် ရွက်ခွင့်ပေးထားတဲ့ ဥပဒေ ၇ ခုအပေါ်၊ ပြင်ဆင်တဲ့ ဥပဒေကြမ်းတွေကို ပြည်သူ့လွှတ်တော်မှာ လက် ခံဆွေးနွေးဖို့ ဒီကနေ့ အတည်ပြုလိုက်ပါတယ်။
2015-06-21
သြစတြေးလျနိုင်ငံ အနောက်မြောက်ပိုင်း Perth ပါ့သ်မြို့မှာ အခြေချနေထိုင်နေ တဲ့ မြန်မာ ချင်း မိသားစုတစ်စုအကြောင်း ရိုက်ကူးထားတဲ့ မှတ်တမ်းတင် ရုပ်ရှင်ကားတစ်ကားဟာ ဒုက္ခသည်များ သီတင်းပတ်အတွက်ကျင်ပတဲ့ နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ ပထမဆုရရှိသွားပါတယ်။
2015-06-21
မြန်မာနိုင်ငံဟာ လုံခြုံရေးနဲ့ နိုင်ငံရေးဆိုင်ရာ ပြဿနာတွေနဲ့ ပတ်သက်ပြီး အတော်များများ ဆောင်ရွက်ဖို့လိုနေသေးတယ် လို့ တီမောသမ္မတဟောင်း က ပြောပါတယ်။
2015-06-21
ရွှေတိဂုံစေတီတော်ကြီးအနီးမှာ တည်ဆောက်မယ့် ဒဂုန်စီးတီး အိမ်ရာ စီမံကိန်းကို ရပ်ဆိုင်းပေးမယ်လို့ ရန်ကုန် တိုင်း ဒေသကြီးအစိုးရအဖွဲ့က မဘသ ဆရာတော်တွေကို ကတိပေးပြောကြားလိုက်ပါတယ်။
2015-06-21
ပြည်ထောင်စုလွှတ်တော်က ဇွန်လ ၁၈ ရက်နေ့က အတည်ပြုလိုက်တဲ့ အမျိုးသား ပညာရေးဥပဒေဟာ ကျောင်းသားထု တောင်းဆိုထားတဲ့ အချက် ၁၁ ချက်နဲ့ မကိုက်ညီခဲ့ရင် သပိတ်တိုက်ပွဲပြန်စမယ် လို့ ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီ က RFA ကို ပြောဆိုပါတယ်။
2015-06-21
လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက် ပွဲတွေ ချောချောမွေ့မွေ့ ဖြစ်ရေး နဲ့ ရွေးကောက်ပွဲ အလွန်မှာ လည်း ချောချောမွေ့မွေ့ဖြစ်ရေးဟာ ဒီနှစ်အတွက် အရေးကြီး ဆုံးကိစ္စဖြစ်တယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။
2015-06-20
ထိုင်းမြန်မာနယ်စပ်မြို့ဖြစ်တဲ့ ရှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့မှာ မြန်မာကျပ်ငွေ သိန်းပေါင်း နှစ်ထောင်ကျော် တန်ဖိုးရှိတဲ့ မူးယစ်စိတ်ကြွဆေးပြားတွေနဲ့အတူ တရားခံတွေကို မဲခေါင် စစ်ဆင်ရေး မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးပူးပေါင်းအဖွဲ့ က ဇွန်လ ၁၉ ရက်နေ့ ညနေပိုင်းမှာ ဖမ်းဆီးရမိခဲ့ပါတယ်။
2015-06-20
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ကျောက်စိမ်း တွင်းနယ်မြေ ဖားကန့်မြောက်ဘက်ပိုင်းမှာ KIA တပ်ဖွဲ့တွေနဲ့ အစိုးရတပ်တွေ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားရခြင်းဟာ ကျောက်စိမ်းတွင်း နယ်မြေရှိ ကျောက်ကုမ္ပဏီတွေရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့ အစိုးရတပ်တွေက ဆောင်ရွက်နေတာဖြစ် တယ်လို့ ကချင်လူမှုရေးကွန်ရက်တွေက ပြောပါတယ်။
2015-06-20
အစိုးရ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ပုံနှိပ်စက်ဝယ်ယူမှုဆိုင်ရာ သတင်းရေးသားဖော်ပြမှုနဲ့ပတ်သက်လို့ The Daily Eleven နေ့စဉ်သတင်းစာက အယ်ဒီတာအဖွဲ့ ၁၇ ဦး တရားစွဲဆိုခံထားရမှုကို မိမိတစ်ဦးတည်း တာဝန်ခံဆောင်ရွက်သွားမယ်လို့ သတင်းစာရဲ့ အယ်ဒီတာချုပ် ကိုဝေဖြိုးက ပြောကြားလိုက်ပါတယ်။
2015-06-20
ပြည်ထောင်စုလွှတ်တော်က ပြင်ဆင် အတည်ပြုလိုက်တဲ့ အမျိုးသားပညာရေး ဥပဒေမှာ ကျောင်းသားတွေ တောင်းဆိုထားတဲ့ ကိုယ်ပိုင်ပြ ဌာန်းခွင့်ရှိတဲ့ ပညာရေးစနစ်နဲ့ ကျောင်းသားသမဂ္ဂ လွတ်လပ် စွာဖွဲ့ွှစည်းခွင့် အချက်တွေမပါဝင်ဘူးလို့ ပညာရေး စနစ်ပြုုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်(NNER) တာဝန်ရှိသူတွေက ပြောပါတယ်။
2015-06-20
ရခိုင်ပြည်နယ် မောင်တောမြို့ နယ် တောင်ပြိုလက်ဝဲမြို့နယ်ခွဲမှာ ယာယီကယ်တင်ထားတဲ့ လှေစီးဒုက္ခ သည်တွေထဲက စစ်တွေ၊ မြောက်ဦး ၊ ကျောက်တော်၊ မင်းပြား၊ ပေါက်တော စတဲ့မြို့နယ်တွေက လူ ၅၅ ဦးကို နေရပ်အသီးသီးကို ဒီနေ့ ပြန်လည်ပို့ဆောင် လိုက်ပါတယ်။
2015-06-20
၂ဝ၁၅ ရွေးကောက်ပွဲမှာ NLD အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ်က ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေဟာ မိမိတို့ရဲ့ ပိုင်ဆိုင်မှုစာရင်းတွေကို စစ်ဆေးခံနိုင်ရမယ်လို့ ဒေါ်အောင် ဆန်းစုကြည်က ပြောပါတယ်။
2015-06-19
အိန္ဒိယ မြန်မာနယ်စပ်၊ မြန်မာနိုင်ငံပိုင်နက် အတွင်း ခိုအောင်းပြီး အိန္ဒိယအစိုးရကို ပုန်ကန်တိုက်ခိုက်နေတဲ့ NSCN ခေါ် နာဂ သူပုန်အဖွဲ့ရဲ့ အမာခံတပ်တွေ ကို နှစ်နိုင်ငံ အတူ ပူးပေါင်းပြီး စစ်ဆင်ရေးဆင်နွဲတိုက်ခိုက်ဖို့ အိန္ဒိယအစိုးရရဲ့ အဆိုပြုချက် ကို မြန်မာအစိုးရက လက်မခံပယ်ချလိုက်တယ်လို့ အိန္ဒိယ သတင်းစာတွေက ဖေါ်ပြကြပါတယ်။
2015-06-19
ကမ္ဘာ့နိုင်ငံတွေရဲ့ တည်ငြိမ်နိုင်စွမ်း အခြေအနေတွေနဲ့ ပတ်သက်ပြီး ထုတ်ပြန်ခဲ့တဲ့ စာရင်းဇယားတစ်ခု အရ မြန်မာနိုင်ငံရဲ့ တည်ငြိမ်မှုအဆင့်ဟာ သတိထားစောင့် ကြည့်ရမယ့်အဆင့်မှာ ရှိနေဆဲဖြစ်ကြောင်း တွေ့ရှိရပါတယ်။