သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-07-22
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်း တရားမဝင် သစ်ခိုးထုတ်မှုနဲ့ ဖမ်းဆီးခံထားရတဲ့ တရုတ်နိုင်ငံသား ၁၅၅ ယောက်ထဲက ၁၅၃ ယောက် ကို မြစ်ကြီးနား ခရိုင် တရားရုံးက ဒီနေ့ ထောင်ဒဏ်တစ်သက်တစ် ကျွန်းစီ ပြစ်ဒဏ်ချလိုက်ပါတယ်။
2015-07-21
မန္တလေးတိုင်းဒေသကြီးမှာ ဘာသာပေါင်းစုံက လူငယ်တွေနဲ့ ဘာသာရေးခေါင်းဆောင်တွေ စုပေါင်းပြီး ဖွဲ့စည်းထားတဲ့ သင့်မြတ်လိုသူများ အရပ်ဘက်အဖွဲ့က အဖွဲ့ဝင် မပွင့်ဖြူလတ် ကို လဝက ဥပဒေပုဒ်မ ၁၃ တရားမဝင် နယ်စပ်ဖြတ်ကျော်မှု နဲ့ ချမ်းအေးသာစံမြို့နယ် အမှတ် (၈) ရဲစခန်းက ဖမ်းဆီးထိန်း သိမ်းလိုက်ပါတယ်။
2015-07-21
လက်ရှိထုတ်ပြန်ထားတဲ့ အခြေခံမဲဆန္ဒရှင် စာရင်းအမှားအယွင်းတွေကို ပြင်ဆင်ဖို့ အချိန်ရှိသေးကြောင်းနဲ့ နိုင်ငံရေးပါတီတွေက တင်ပြလာ ရင် ပြင်ဆင်ပေးမှာဖြစ်ကြောင်း ကော်မရှင်ဥက္ကဌ ဦးတင်အေး က ပြောလိုက်ပါတယ်။
2015-07-21
အမျိုးသားပညာရေး သပိတ်စစ်ကြောင်းမှာ ပါဝင်ခဲ့တာကြောင့် သာယာဝတီ အကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံ ထားရသူတွေထဲက အဝေးသင်ကျောင်းသား ကိုမင်းမင်းစိုးနဲ့ ဝန်းရံသူ ကိုခင်လှိုင်တို့ကို သာယာဝတီခရိုင်တရားရုံးက အာမခံနဲ့ ဒီနေ့ လွှတ်ပေးလိုက်ပါတယ်။
2015-07-21
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပါတီကိုကိုယ်စားပြုပြီး ရွေးကောက်ပွဲဝင်မယ့် တတ်သိပညာရှင်တွေကို ဖိတ်ခေါ်ထားရာမှာ ပညာရေးကွန်ရက် NNER က ဒေါက်တာသိန်းလွင်တို့လို ပုဂ္ဂိုလ်တွေက ဝင်ရောက်ယှဉ်ပြိုင်ကြမှာ ဖြစ်သလို အရင်ရွေးကောက်ပွဲတုန်းက တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီက ယှဉ်ပြိုင်ခဲ့တဲ့ အာဇာနည်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးအုန်းမောင်ရဲ့ သား ဒေါက်တာမင်းမြင့် တို့က အဆိုပြုလွှာတွေ တင်ထားကြပါတယ်။
2015-07-21
နိုင်ငံတော်သမ္မတကို စော်ကားပုတ်ခတ်တဲ့ အသုံးအနှုန်းတွေပါတဲ့ အင်တာဗျူးကို ဖော်ပြ ခဲ့တာကြောင့် တရားရင်ဆိုင်နေရတဲ့ မြန်မာ သံတော်ဆင့်ဂျာနယ် အယ်ဒီတာအဖွဲ့ကို နေပြည်တော် ပုဗ္ဗ သီရိမြို့နယ်တရားရုံးက ဒီနေ့ ငွေဒဏ် (သို့မဟုတ်) ထောင် ဒဏ် အမိန့်ချမှတ်လိုက်ရာမှာ ငွေဒဏ်ပေးဆောင်လိုက် ပါတယ်။
2015-07-21
အကျဉ်းထောင်တွေထဲမှာ အကျဉ်းသား တချို့ကို နိုင်ငံရေးအကျဉ်းသားအဖြစ် ခွဲခြားသတ်မှတ်ပြီး ထူးခြားတဲ့ အခွင့်အရေးတွေပေးမယ် ဆိုရင် အခွင့်ထူးခံအတန်းအစားတစ်ရပ် ပေါ်ပေါက်လာ မှာဖြစ်တဲ့အတွက် နိုင်ငံရေးအကျဉ်းသားဆိုပြီး သီးခြား သတ်မှတ်ဖို့ အစီအစဉ်မရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်းက ပြောပါတယ်။
2015-07-20
တရုတ်ပြည်ဟာ စီးပွားကျဆင်းမှုနဲ့ စတော့ ရှယ်ယာဈေးကွက် တန်ဖိုးကျဆင်းနေ တာတွေနဲ့ ရင်ဆိုင်နေရပေမယ့် မြန်မာနိုင် ငံတွင်း နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု FDI စာရင်းမှာ ထိပ်ဆုံးက ရှိနေဆဲဖြစ်ပါတယ်။
2015-07-20
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွက် ကူညီထောက်ပံ့မှုတွေ ပိုမိုဆောင်ရွက်ပေးကြဖို့ ကုလသမဂ္ဂဒုက္ခသည်များ ကာကွယ်စောင့်ရှောက်ရေးဌာန လက်ထောက် ကော်မရှင် နာမင်းကြီး Volker Turk က ဆော်သြလိုက်ပါတယ်။
2015-07-20
၂၀၁၅ ရွေးကောက်ပွဲမှာ စာရေးဆရာ ဟိန်းလတ် အပါအဝင် နာမည်ကြီးစာရေး ဆရာတချို့ဟာ ဖက်ဒရယ် ပြည်ထောင်စု ပါတီ FUP ကနေ ဝင်ရောက် ယှဉ်ပြိုင်ကြမယ်လို့ သိရပါ တယ်။
2015-07-20
လာမယ့် နိုဝင်ဘာလမှာ ကျင်းပမယ့် ၂ဝ၁၅ ရွေးကောက်ပွဲရဲ့ ရလဒ်ကို လက်ခံလိုက် နာသွားမှာဖြစ်တယ် လို့ မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
2015-07-20
လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို ကိုယ်စားပြုပြီး ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုယ်စားလှယ်လောင်း ၂၁ ယောက်ခန့် ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ သိရပါတယ်။
2015-07-20
၂၀၁၅ ရွေးကောက်ပွဲ အောင်နိုင်ရေး အတွက် NLD ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်နဲ့ နာယက သူရ ဦးတင်ဦး တို့ဟာ တစ်ပြည်လုံးက မဲဆန္ဒနယ်မြေအတော်များများမှာ မဲဆွယ် စည်းရုံးတာတွေ လုပ်ဆောင်သွားမယ်လို့ NLD ပါတီတာဝန် ရှိသူတွေက ပြောပါတယ်။
2015-07-20
လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ LNDP ဟာ လာမယ့်ရွေးကောက်ပွဲမှာ ကချင်၊ ရှမ်း၊ ကယားနဲ့ မန္တလေးတိုင်းတို့မှာ လွှတ်တော် ကိုယ်စားလှယ်လောင်း ၇၀ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်တယ် လို့ ပါတီခေါင်းဆောင်တွေက ပြောပါတယ်။
2015-07-20
UWSA ဝပြည် သွေးစည်းညီညွတ်ရေးအဖွဲ့ ထိန်းချုပ်ထားတဲ့ လူဦးရေ ၆ သိန်းရှိ နယ်မြေအတွင်း ၂၀၁၅ ရွေးကောက်ပွဲကို ကျင်းပနိုင်မှာ မဟုတ်ကြောင်း ဝပြည်သွေးစည်း ညီညွတ်ရေး အဖွဲ့က RFA ကိုပြောပါတယ်။