သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-10-31
အမျိုးစောင့်ဥပဒေ လေးရပ်ဟာ နိုင်ငံတော် သမ္မတရဲ့ မေတ္တာကြောင့် ပေါ်ပေါက် လာတာဖြစ်ပြီး မေတ္တာဟာ အသွား အပြန်ရှိသင့်တဲ့အကြောင်း ရမ္မာဝတီ ဆရာတော် ဘဒ္ဒန္တ ဣန္ဒပါလက မိန့်ကြားတော်မူပါတယ်။
2015-10-31
နိုင်ငံရေးအကျဉ်းသားတွေနဲ့ ဖမ်းဆီးခံထားရတဲ့ ပညာရေး ဒီမိုကရေစီ သပိတ်မှောက် ကျောင်းသားနဲ့ ဝိုင်းရံသူတွေကို လွှတ်ပေးဖို့ အမေရိကန်ပြည်ထောင်စု အရှေ့ဖက်ခြမ်း က မြန်မာ့အရေး လှုပ်ရှားနေသူတွေက ဝါရှင်တန်ဒီစီ မြို့တော်မှာရှိတဲ့ မြန်မာသံရုံးနဲ့ အမေရိကန် သမ္မတ အိမ်ဖြူတော်ရှေ့မှာ မနေ့က ဆန္ဒပြကြပါတယ်။
2015-10-31
ပြည်သူတွေအနေနဲ့ မိမိတို့ မကြိုက်တဲ့အစိုးရကို ဖြုတ် ချနိုင်ဖို့အတွက် စည်းလုံးညီညွတ်ပြီး သစ္စာရှိဖို့လိုအပ် တယ်လို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်းက ကိုမင်းကိုနိုင်က ပြောပါတယ်။
2015-10-31
မြန်မာနိုင်ငံမှာ ဒီမိုကရေစီထွန်းကားဖို့ ကြိုးစားမယ်ဆိုရင် ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီ တွင်းမှာလည်း ဒီမိုကရေစီထွန်းကားဖို့ လိုအပ်တယ် လို့ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက ပြော ပါတယ်။
2015-10-31
ဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေ နဲ့ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လည် လွှတ်မြောက်စေဖို့အတွက် သံဃာတော်တွေနဲ့ ကျောင်းသူ ကျောင်းသားတွေ စုပေါင်းပြီး ရန်ကုန်မြို့ ဆူးလေဘုရားမှာ ဆုတောင်းပွဲ ကျင်းပခဲ့ပါတယ်။
2015-10-31
ရှမ်းပြည်နယ် မိုင်းရှူးမြို့နယ် မှာ ရွေးကောက်ပွဲ ကျင်းပပေးဖို့အတွက် အဲဒီမြို့နယ်မှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ် စားလှယ်လောင်းတွေက ဒေသခံတွေဆီကနေ လက် မှတ်ကောက်ယူပြီး လွိုင်လင်ခရိုင် ရွေးကောက်ပွဲကော်မရှင် ထံ တင်ပြတောင်းဆိုထားတယ်လို့ သိရပါတယ်။
2015-10-31
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဓါတ်ပုံကို ပြုပြင်ပြီး ဖေ့ဘွတ်မှာ တင်ခဲ့ တာကြောင့် ရန်ကုန်မြို့ အင်းစိန်ထောင်မှာ နှစ်ပတ်ကြာ ဖမ်းဆီးခံထားရတဲ့ ဒေါပုံမြို့နယ်က ကိုလူဇော်စိုးဝင်း ကို မနေ့က ပြန်လွှတ်ပေးလိုက်ပါတယ်။
2015-10-31
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လက်အောက်ခံတွေ ရခိုင်ပြည်နယ် အစိုးရဖြစ်လာခဲ့ရင် ရခိုင်ပြည်နယ်ရဲ့ အချုပ်အခြာ အာဏာဟာ စိုးရိမ်ဖွယ်ရာအခြေအနေ ရှိလာနိုင်တယ်လို့ ANP ရခိုင်အမျိုးသားပါတီ ဥက္ကဌ ဒေါက်တာအေးမောင် က ပြောပါတယ်။
2015-10-31
၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်းက တိုင်းရင်းသားဒေသတွေက မြေ ယာပြဿနာတွေကို လေ့လာပြုစုထားတဲ့ "တောင်ယာခင်း နဲ့ သွေးချင်းမျက်ရည်"လို့ အမည်ပေးထားတဲ့ အကြံပြုစာတမ်း ကို ထုတ်ပြန်လိုက်ပါတယ်။
2015-10-30
အထက်မြန်မာပြည်ဘက်မှာ လယ်သမား အလုပ်သမားရေး ကူညီဆောင်ရွက်ပေးနေ တဲ့ လယ်သမားအလုပ်သမား အကျိုးစီးပွား ကူညီဆောင်ရွက်သူများကွန်ရက် FNIFL အဖွဲ့ က ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ ကိုမျိုးဝင်းကို ရှမ်းပြည် နယ်မြောက်ပိုင်း မဘိန်းမြို့နယ် ငအိုးရွာမှာ အောက်တိုဘာ လ ၂၈ ရက်နေ့က ဖမ်းဆီးလိုက်ပါတယ်။
2015-10-30
အစိုးရမီဒီယာတွေဟာ အစိုးရတစ်ခုတည်း ကိုသာ အသားပေးရေးသားဖော်ပြကြပြီး ပုဂ္ဂလိက မီဒီယာတွေက အတိုက်အခံပါတီ အန်အယ်လ်ဒီ ကိုသာ ဦးစားပေးဖော်ပြနေကြတာတွေ့ရတယ် လို့ ရွေးကောက်ပွဲကာလအတွင်း သတင်းမီဒီယာတွေ ရဲ့ ရေးသားဖော်ပြ ထုတ်လွှင့်ချက်တွေကို လေ့လာခဲ့တဲ့ Myanmar Institute for Democracy (MID) အဖွဲ့ က ပြောပါတယ်။
2015-10-30
SSPP/SSA ရှမ်းပြည်တပ်မတော်ဌာနချုပ် ဝမ်ဟိုင်းနဲ့ ၅ မိုင်လောက်အကွာ မိုင်းအန်ရွာမှာ ဒီနေ့မနက်ပိုင်းကစပြီး အစိုးရတပ်မတော်နဲ့ SSPP/SSA တို့ တိုက်ပွဲတွေ ပြင်းထန်နေပြီး ရှမ်းပြည် တပ်မတော် မြောက်ပိုင်းဘက်က ၁၀ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
2015-10-30
မနေ့က ဖမ်းဆီးခံလိုက်ရတဲ့ ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဗကသ ဥက္ကဌ ကိုကျော်ကိုကို ကို ကမာ ရွတ်မြို့နယ် တရားရုံးမှာ နိုင်ငံတော် အကြည်ညို ပျက်စေမှု အပါအဝင် ပုဒ်မ ၅ ခုနဲ့ ဒီကနေ့ တရားစွဲဆိုလိုက်ပြီး အင်း စိန်ထောင်ကို ပို့လိုက်ပါတယ်။
2015-10-30
ရန်ကုန်တိုင်းဒေသကြီး၊ သာကေတ မြို့နယ်မှာ မနေ့ညက ဓါးနဲ့ခုတ်ခံရတဲ့ အန်အယ်လ်ဒီပါတီရဲ့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ်လောင်း ဦးနိုင်ငံလင်းကို ခွဲစိတ်မှုအောင်မြင်ပေမယ့် လက်နှစ်ဖက်ဟာ ဓါးဒဏ်ရာတွေကြောင့် လနဲ့ချီလှုပ်ရှားလို့ ရမှာမဟုတ်ဘူးလို့ သိရပါတယ်။
2015-10-30
ရွေးကောက်ပွဲနေ့မှာ တည်ငြိမ်အေးချမ်းပြီး တရားမျှတမှုတွေရှိဖို့ ပြည်သူလူထုအားလုံး ဝိုင်းဝန်းကြိုးပမ်းဖို့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။