သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-10-19
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်ဟာ လာမယ့် အောက်တိုဘာလ ၂၁ ရက်နဲ့ ၂၂ ရက်တို့မှာ ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ် မြို့နယ်နဲ့ ကျိုင်းတုံမြို့နယ်တို့မှာ ဟောပြောပွဲတွေ ကျင်းပမှာ ဖြစ်ပါတယ်။
2015-10-19
သတင်းဌာနတွေအနေနဲ့ မိမိတို့ရဲ့သိက္ခာ ကိုလေးစားပြီး မီဒီယာကျင့်ဝတ်တွေနဲ့ အညီ ရေးသားထုတ်လွှင့်ကြဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာလ ၁၈ ရက် မနေ့က ကြေညာ ချက်ထုတ်ပြန်လိုက်ပါတယ်။
2015-10-19
လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ ဥရောပ သမဂ္ဂ ရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့က အဖွဲ့ဝင် အင်အား ၁၅ဝ ကျော်နဲ့ လေ့လာစောင့်ကြည့်သွားမယ်လို့ သိရပါတယ်။
2015-10-19
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့နဲ့ မြန်မာအစိုးရတို့ ပြီးခဲ့တဲ့ ကြာသပတေးနေ့က အပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ် ရေးထိုးလိုက်တဲ့ ဂယက်ကြောင့် အိန္ဒိယနယ်စပ်ကနေ တချို့စိမ့်ဝင်လာကောင်း လာနိုင်တဲ့ အတွက် မြန်မာနဲ့ နယ်စပ်ချင်းထိစပ်နေတဲ့ မဏိပူရပြည် နယ်က ခရိုင်သုံးခုက အလျားကီလိုမီတာ ၃၈ဝ တလျှောက် မှာ ၆ လ ညမထွက်ရအမိန့် ထုတ်ပြန်ထားပါတယ်။
2015-10-18
မြန်မာနိုင်ငံမှာ ဟိုတယ်တွေ ကနေ ဆေးရုံတွေအဆုံး အမေရိ ကန်ဒေါ်လာနဲ့ ငွေချေစနစ်သုံးစွဲနိုင်ဖို့ ထုတ်ပေးထားတဲ့လိုင်စင်တွေကို ဗဟိုဘဏ်က ပြန်လည် သိမ်းယူဖို့ ဆုံးဖြတ်လိုက်ပြီလို့ ရိုက်တာ သတင်းဌာန က ဖေါ်ပြလိုက်ပါတယ်။
2015-10-18
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် မှာ ပလောင်လက်နက်ကိုင်အဖွဲ့နဲ့ အစိုးရ တပ်တွေကြား မနေ့က တိုက်ပွဲအပြင်း အထန် ဖြစ်ပွားခဲ့ပါတယ်။
2015-10-18
တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ်မှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးတပ်မတော် RCSS/SSA လက်မှတ်ထိုးတဲ့ အကြောင်းတရားနဲ့ စာချုပ်လက်မှတ်ရေး ထိုးပြီးတဲ့နောက် စောင့်ကြည့်ရမယ့်အချက် ၂ ချက်ကို RCSS /SSA ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ယွက်ဆစ်က မန္တလေးမြို့က ရှမ်းသာရေး/နာရေး အဆောက်အဦမှာ တနင်္ဂနွေနေ့ မနက်က ရှင်းလင်းဟောပြောခဲ့ပါတယ်။
2015-10-18
လာမယ့် နိုဝင်ဘာ ၈ ရက်နေ့မှာကျင်းပ မယ့် ရွေးကောက်ပွဲအတွက် မြန်မာ-ဘင်္ဂလားဒေ့ရ်ှ နယ်စပ်တစ်လျှောက်မှာ တပ်မတော်လုံခြုံရေး အင်အားတွေကို တိုးမြှင့်ချထားမှာဖြစ်တယ်လို့ သိရပါတယ်။
2015-10-18
နိုင်ငံတကာမှာရှိတဲ့ မြန်မာနိုင်ငံသားတွေ ကြိုတင်မဲမေးတဲ့အခါ မဲစာရင်းမှာယွင်း မှုတွေနဲ့ မဲပေးခွင့်ဆုံးရှုံးနေတာတွေဟာ ရိုးသားမှုမရှိဘူးလို့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့ အဖွဲ့အစည်းခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောလိုက် ပါတယ်။
2015-10-18
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်၊ ဖြူး မြို့နယ် မဲဆန္ဒနယ်ကနေ ဝင်ရောက် ယှဉ်ပြိုင်မယ့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း တစ်သီးပုဂ္ဂလကိုယ်စား လှယ်လောင်း ဒေါ်မြတ်နုခိုင်ကို ဖြူးမြို့နယ်ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။
2015-10-18
နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ဇီးဖြုကုန်းရွာမှာ ဒီနေ့မနက်က မဲဆွယ် စည်းရုံးရေးဆင်းခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းတွေနဲ့ အဖွဲ့ကို ဒေသခံကြံ့ခိုင် ဖွံ့ဖြိုးရေးပါတီဝင် မိသားစုတစ်စုက အကြမ်းဖက်တိုက် ခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။
2015-10-18
ရွေးကောက်ပွဲအတွက် ခြိမ်းခြောက် သွေးထိုး စကားတွေနဲ့ ပြောဆိုစည်းရုံးနေတာတွေကို မယုံကြည်ကြဖို့နဲ့ အဲ့ဒီလို စည်းရုံးပြောဆိုတာတွေ ဟာ ပြည်သူတွေကို အထင်သေး စော်ကား တာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြော ပါတယ်။
2015-10-18
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ကျွန်းစုမြို့နယ်မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ရိုက်ကူးဖြန့်ဝေနေ တဲ့ ပြောင်းလည်းချိန်တန်ပြီ ဇာတ်ကားမှာ နိုင်ငံတော် အကြည်ညို ပျက်စေတဲ့ အကြောင်း အရာတွေပါဝင်တဲ့ အခွေတွေ ဖြန့်ဖြူးနေတာကို အရေးယူပေး ဖို့ ပြည်ခိုင်ဖြိုးပါတီက ကျွန်းစုမြို့နယ်ရွေးကောက်ပွဲကော်မရှင် ကို တိုင်ကြားထားတယ်လို့ မြို့နယ်ကော်မရှင် ဥက္ကဌက ပြော ပါတယ်။
2015-10-18
ဒေါ်အောင်ဆန်းစုကြည်က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ လာမယ့် ရွေးကောက်ပွဲမှာ မဲလိမ် မဲခိုးမှာကို စိုးရိမ်မိကြောင်းနဲ့ မဲပေးတာတွေ မှန်ကန်ဖို့ အတွက် လာမယ့် အောက်တိုဘာလ ၂ဝ ရက်နေ့ကစပြီး ဧရာဝတီတိုင်းမှာ မဲဘယ်လိုပေးရမယ်ဆိုတာ သင်တန်းပေး သွားမယ်လို့ ပြောပါတယ်။
2015-10-18
ရှမ်းပြည်မြောက်ပိုင်းတပ်မတော် SSPP /SSA နဲ့ အစိုးရတပ်မတော်တို့ မိုင်းရှုးမြို့ နဲ့ ကျေးသီးမြို့နယ်ထဲမှာ တိုက်ပွဲဖြစ်ပွားနေတာကြောင့် ထွက်ပြေးနေရတဲ့ စစ်ဘေး ဒုက္ခသည် ၂၇ဝဝ ကျော်ရှိနေပြီး သူတို့ကို မိုင်းရှုးမြို့နယ် ဟိုင်းပါနဲ့ ဝမ်ဆော့ ဘုန်းတော် ကြီးကျောင်းတွေမှာ နေထိုင်ရေးအတွက် ကူညီထားရတယ် လို့ ကယ်ဆယ်ရေး လုပ်ဆောင်ပေးနေသူတွေက ပြော ပါတယ်။