သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-02-28
မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့လယ် က မုံကွင်းကို အများပြည်သူအသုံးပြုနိုင် တဲ့နေရာအဖြစ်သာ ထားရှိပေးဖို့ မိုးကုတ်မြို့ခံတွေက နိုင်ငံတော်သမ္မတထံ အသနားခံစာ တင်လိုက်ပါတယ်။
2015-02-28
ရခိုင် ဝါရင့်နိုင်ငံရေးသမားကြီးတစ်ဦးဖြစ် တဲ့ ဦးအေးသာအောင်ဟာ ဇာတိရခိုင်ပြည် နယ် မြေပုံမြို့ကနေ လာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲမှာ အမျိုး သားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက် ယှဉ်ပြိုင် ခွင့်ပြုဖို့ ကိုယ်စားလှယ်လောင်းစာရင်းကို မနေ့က ရခိုင် အမျိုးသားပါတီပါတီထံ လျှောက်ထားလိုက်တယ်လို့ သိရ ပါတယ်။
2015-02-28
မြန်မာနိုင်ငံ လွတ်လပ်ရေးကြိုးပမ်းမူ သမိုင်းမှာဦးဆောင်ပါဝင်ခဲ့တဲ့ ဝါရင့်နိုင်ငံရေး သမားကြီးတစ်ဦးဖြစ်သူ သခင်တင်မြဟာ ဒီနေ့မနက် ၇ နာရီခန့်က ဒဂုံမြို့သစ် အရှေ့ပိုင်းနေအိမ်မှာ လူကြီးရောဂါနဲ့ ကွယ်လွန်ခဲ့ပါတယ်။
2015-02-28
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ် က ကျောင်းဆရာ၊ ဆရာမတွေအတွက် လစာကို မြန်မာ့စီးပွားရေးဘဏ်က ထုတ် ယူတဲ့အခါ ပါကင်ထုတ်တွေထဲမှာ ငွေစက္ကူပုံစံ စက္ကူ အလွတ်တွေ သိန်း ၅ဝ နီးပါးပါဝင်နေတယ်လို့ မြို့နယ် ဒုတိယ ပညာရေးမှူးက ပြောပါတယ်။
2015-02-28
အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်ရေး အတွက် ကျောင်းသားစစ်ကြောင်းတွေ ရန်ကုန်ကို ချီတက်လာမယ်ဆိုရင် အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်ဖို့ ကြိုးပမ်းရာမရောက်ပဲ နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားအောင်ဦးတည် ရာ ရောက်စေတဲ့အတွက် တည်ဆဲဥပဒေတွေနဲ့အညီ အရေးယူဆောင်ရွက်သွားမယ်လို့ ပြန်ထဲရေးဝန်ကြီးဌာနက သတိပေးကြေညာချက်တစ်စောင်ကို ဒီနေ့ ဖေဖော်ဝါရီလ ၂၈ ရက် နေ့စွဲနဲ့ထုတ်ပြန်လိုက်ပါတယ်၊
2015-02-28
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC)နဲ့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ NCCT ခေါင်းဆောင်တွေဟာ ခုနှစ်ကြိမ်မြောက် အစည်း အဝေးကို မတ်လ လာမယ့် ၁၆ ရက်နေ့ တွေ့ဆုံဆွးနွေးဖို့ ဒီနေ့ သဘောတူညီလိုက်ပြီ ဖြစ်ပါတယ်။
2015-02-28
အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်ပေး ဖို့ တောင်းဆိုဆန္ဒပြခဲ့ကြတဲ့ ကျောက်ဆည် နည်းပညာတက္ကသိုလ်နဲ့ ရတနာပုံတက္က သိုလ်က ကျောင်းသား ကျောင်းသူ ၅ ယောက်ကို ကျောက် ဆည် ခရိုင်အုပ်ချုပ်ရေးမှူးက တရားမဝင်စီတန်းလှည့်လည်မှု ပုဒ်မ ၁၈ အပါအဝင် ပုဒ်မ ၄ ခုနဲ့ အမှုဖွင့်လိုက်ပါတယ်။
2015-02-28
ဗိုလ်ချုပ်အောင်ဆန်းသာ သက်ရှိထင်ရှားရှိ မယ်ဆိုရင် မြန်မာနိုင်ငံရဲ့တိုးတက်မှုကို အားရမှာ မဟုတ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။
2015-02-27
ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်က စုပေါင်းအလုပ်သမားသပိတ်ကိုကူညီလို့ အဖမ်းခံ ထားရတဲ့ ကိုနိုင်ဇော်ကြည်ဝင်းကို အကျဉ်း ဦးစီးဌာနက မိသားစုနဲ့တွေ့ခွင့် မပြုတဲ့အတွက် အစားအသောက်နဲ့ဆေးဝါး ပေးခွင့်မရခဲ့ဘူးလို့သိရပါတယ်။
2015-02-27
ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာ မြို့နယ်က Eland Myanmar စက်ရုံရှေ့မှာ တစ်လနီးပါးကြာ သပိတ်စခန်းဖွင့် ဆန္ဒပြနေကြတဲ့ အလုပ်သမားတွေက တရားဝင်ဆန္ဒပြခွင့်ရဖို့ ခွင့်ပြုချက်တောင်းရာမှာ ရွှေပြည်သာမြို့နယ်ရဲတပ်ဖွဲ့က ငြင်း ပယ်လိုက်ပါတယ်။
2015-02-27
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ ဆန်းချီရပ်ကွက်က မြေယာပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ လယ်မြေတွေပေါ်မှာ အဆောက်အဦးဆောက်လုပ်တာတွေ ခြံစည်းရိုးခတ်တာတွေမလုပ်ဖို့ တောင်သူတွေက ထားဝယ် မြို့နယ် အထွေထွေအုပ်ချုပ်ရေးအဖွဲ့နဲ့ နှစ်ဖက်တွေ့ဆုံပွဲ မှာ တောင်းဆိုလိုက်ပါတယ်။
2015-02-27
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့က အလွတ်ဓါတ်ပုံသတင်းထောက် ကိုအောင်နေမျိုးကို သတင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။
2015-02-27
သပိတ်မှောက် ကျောင်း သားခေါင်ဆောင်တွေနဲ့ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီဝင် လွှတ်တော်ကိုယ်စားလှယ်တွေ ဒီနေ့ နေပြည်တော်မှာတွေ့ဆုံခဲ့ကြပြီး အမျိုးသား ပညာရေး ပြုပြင်ရေးကိစ္စတွေ ဆွေးနွေးခဲ့ကြရာမှာ ဥပဒေ ကို ပြင်ဆင်နိုင်ဖို့ကို လွှတ်တော်ရဲ့လုပ်ထုံးလုပ်နည်းအဆင့် အတိုင်း လုပ်ဆောင်မှာဖြစ်တဲ့အတွက် သပိတ်မှောက် ကျောင်းသူ ကျောင်းသားတွေက စောင့်ကြဖို့ ကော်မတီဘက်က တိုက်တွန်းလိုက်ပါတယ်။
2015-02-27
ရှမ်းပြည်မြောက်ပိုင်း နမ်းခမ်းမြို့နယ် ပန်ဆေးဒေသမှာ အစိုးရတပ်တွေနဲ့ တအာင်းလွတ်မြောက်ရေး PSLF/ TNLA တပ်တွေ ဒီကနေ့ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတယ်လို့ တအာင်း လွတ်မြောက်ရေးတပ်ကပြောပါတယ်။
2015-02-27
ဦးဖုန်ကြားရှင် ဦးဆောင်တဲ့ ကိုးကန့်တပ်တွေနဲ့အတူ ဝ နဲ့ မိုင်းလားတပ်တွေ ပူးပေါင်းပါဝင်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေဟာ မဟုတ်မမှန်ကြောင်း ဝ နဲ့ မိုင်းလားအဖွဲ့တွေက နိုင်ငံတော်သမ္မတထံ စာရေးသားပေးပို့ပြီး ကန့်ကွက်လိုက်ပါတယ်။