သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-03-31
နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရ တဲ့ မြန်မာနိုင်ငံဒီမိုကရေစီစဉ်ဆက်မပြတ် ထွန်းကားရေးအဖွဲ့ MDCF ခေါင်းဆောင် ကိုထင်ကျော်ကို အင်းစိန်သီးသန့်ဆောင်မှာ ရာဇဝတ် သားတွေနဲ့ တိုက်ခန်းတစ်ခုထဲမှာ အတူထားရာကနေ အခြားနိုင်ငံရေးအကျဉ်းသားတွေရှိတဲ့ တိုက်နံပါတ် (၃) ကို တနင်္လာနေ့က ပြည်လည်းပြောင်းရွှေ့ပေးလိုက်တယ်လို့ သိရပါတယ်။
2015-03-31
အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် ၁၆ ဖွဲ့အကြား တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးသဘောတူ စာချုပ်မူကြမ်း လက်မှတ်ရေးထိုး လိုက်နိုင်ခြင်းဟာ သမိုင်းတွင်တဲ့ အောင်မြင်မှုဖြစ်ကြောင်း ကုလသမဂ္ဂက ချီးကျူးလိုက်ပါတယ်။
2015-03-31
လာမယ့် ဧပြီလအတွင်း အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးနိုင်တော့မယ် လို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောပါတယ်။
2015-03-31
ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့ အကြမ်းဖက်ခံရမှုနဲ့ ပတ်သက်ပြီး ဖွဲ့စည်းထားတဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ စစ်ဆေးတွေ့ရှိချက်တွေကို နိုင်ငံတော်သမ္မတထံ တင်ပြမှာဖြစ်ကြောင်း စုံစမ်းစစ်ဆေးရေးကော်မရှင် အဖွဲ့ဝင်တွေက ပြောပါတယ်။
2015-03-31
မြန်မာနိုင်ငံအတွင်းကို အကြမ်းဖက် သမားတွေ ဝင်ရောက်လာမယ်ဆိုတဲ့ သတင်းရရှိထားတာကြောင့် တိုင်း နဲ့ပြည်နယ်အသီးသီးမှာ လုံခြုံရေးသတိရှိကြဖို့ ပြည်ထောင် စုအစိုးရအဖွဲ့က ညွှန်ကြားထားတယ်လို့ ကချင်ပြည်နယ် ရဲတပ်ဖွဲ့ရုံး တာဝန်ရှိသူတွေက ပြောပါတယ်။
2015-03-31
နိုင်ငံတော်သမ္မတအိမ်တော်မှာ မနက်ဖြန် ဧပြီလ ၁ ရက်နေ့ကစပြီး ပြည်တွင်း၊ ပြည်ပ သတင်းထောက် ၄၅ ဦး သတင်းရယူခွင့်ရှိ မှာဖြစ်ပါတယ်။
2015-03-31
အစိုးရဝန်ကြီးဌာန အားလုံးအပါအဝင် ဗဟို အဖွဲ့အစည်းအားလုံးရဲ့ သာမန်အသုံးစရိတ် ကို နှစ်ရာခိုင်နှုန်းလျော့ချဖို့ ဒီကနေ့ကျင်းပ တဲ့ ပြည်ထောင်စုလွှတ်တော်က အတည်ပြူလိုက်ပါတယ်။
2015-03-30
အမေရိကန်အစိုးရက မြန်မာအစိုးရအနေနဲ့ အမျိုးသား ပညာရေးဥပဒေပြင်ဆင်ရေး ငြိမ်းချမ်းစွာ စုဝေးဆန္ဒပြခဲ့ သူတွေကို ဖမ်းဆီးပြီး ရာဇဝတ်ပြစ်မှုဆိုင်ရာ ပုဒ်မတွေနဲ့ စွဲချက်တင်ထားတယ်လို့ သိရတဲ့အတွက် စိုးရိမ်ပူပန်ကြောင်း မနေ့က ထုတ်ဖေါ် ပြောကြားကာ အဲဒီသူတွေကို ချွင်းချက် မရှိ အမြန်ဆုံးပြန် လွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။
2015-03-30
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်အတွက် ကြိုးပမ်းနေကြတဲ့ အစိုးရအဖွဲ့ UPWC နဲ့ တိုင်းရင်း သားတွေရဲ့NCCT အဖွဲ့တို့ရဲ့ဆွေးနွေးပွဲ ဒီနေ့ ပြန် လည်စတင်ခဲ့ကြရာမှာ အပစ်အခတ်ရပ်စဲရေး စာချုပ် မူကြမ်းမှာပါဝင်တဲ့ အချက်အားလုံးကို သဘောတူညီ မှု ရရှိခဲ့ပါတယ်။
2015-03-30
ဗုဒ္ဓဘာသာတရားတော်နှင့် မသက် ဆိုင်သော အကြောင်းအရာများ ဟောကြား တဲ့အတွက် နိုင်ငံတော် သံဃာ့မဟာ နာယကအဖွဲ့က ရွှေညဝါဆရာတော် ဦးပညာသီဟ ကို တရားဟောခွင့် ပိတ်ပင်လိုက်ကြောင်း သက်ဆိုင်ရာက မတ်လ ၂၅ ရက်နေ့ နေ့စွဲနဲ့ အမိန့်စာထုတ်ပြန်ထားပါတယ်။
2015-03-30
မြန်မာနိုင်ငံရဲ့ ပညာရေး၊ ငြိမ်းချမ်းရေးနဲ့ လယ်ယာမြေအရေးကိစ္စတွေကို သုံးရက်ကြာဆွေးနွေးကြမယ့် ပြည်သူ့ဖိုရမ်ဆွေးနွေးပွဲတစ်ရပ်ကို စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ် မြို့တော်ခန်းမမှာ ဒီကနေ့ စတင်ဖွင့်လှစ်ကျင်းပပါတယ်။
2015-03-30
ကိုယ်ခန္ဓာမသန်စွမ်းပေမဲ့ ပညာထူးချွန်သူ မစုပုံချစ်ကို သက်ဆိုင်ရာက နေထိုင် ခွင့်ပေးထားတဲ့ တိုက်ခန်းကနေ မနက်ဖြန် နောက်ဆုံးထားပြောင်းရွှေ့ပေးဖို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ညွှန်ကြားချက်ထုတ်ပြန်လိုက်ပါတယ်။
2015-03-30
အမျိုးသားလွှတ်တော်က ဆွေးနွေး အတည်ပြုခဲ့တဲ့ အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်တဲ့ဥပဒေကြမ်းဟာ ပြည်သူ့လွှတ်တော်ထံ ရောက်ရှိနေပြီဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက အသိပေးကြေညာခဲ့ပါတယ်။
2015-03-30
လက်ပံတန်းမြို့ ကျောင်းသားသပိတ် စစ်ကြောင်းကို အကြမ်းဖက်ဖြိုခွင်းမှုကို ကန့်ကွက်ကြောင်းနဲ့ ဖမ်းဆီးခံထားရ သူတွေကို ပြန်လွှတ်ပေးဖို့အတွက် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်မှာ ဒေသခံ ၁၀၀ ကျော်က ဆန္ဒပြတောင်းဆို ခဲ့ကြပါတယ်။
2015-03-29
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ကန့်ကွက်ဆန္ဒပြခဲ့ကြတဲ့ သံဃာနဲ့ ပြည် သူတွေကို မီးလောင်ဗုံးနဲ့ ပစ်ခတ်ဖြိုခွဲခဲ့တဲ့ဖြစ်ရပ် ၂၈ လပြည့် အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့နဲ့ လက်ပံတောင်းတောင်ဒေသမှာ မတ်လ ၂၉ ရက်နေ့က ဆန္ဒပြခဲ့ကြပါတယ်။