သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-03-29
မတ်လ ၂၇ ရက်နေ့က ရန်ကုန်ဆန္ဒပြပွဲ အပြီး အဖမ်းခံလိုက်ရတဲ့ ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ဗဟိုလုပ်ငန်းကော်မတီဝင် ကိုနန္ဒာစစ်အောင်ကို မတ်လ ၃၀ ရက်နေ့မနက် ၁၀ နာရီဝန်းကျင်မှာ ကမာရွတ်ရဲစခန်းကို ထုတ်မယ်လို့ ဖခင်ဖြစ်သူက တဆင့်သိရပါတယ်။
2015-03-29
တနသာၤရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ဆန်းချီရပ်ကွက်မှာ မတ်လ ၂၅ ရက်နေ့က တနင်္သာရီတိုင်းဒေသကြီး အစိုးရက အဆောက်အဦးဆောက်လုပ်ဖို့ မြေပြုပြင်တာကို တားဆီးခဲ့ တဲ့ ဒေသခံလယ်သမား လေးဦးကို ဝတ္တရားနှောက်ယှက်မှု၊ ကျူးကျော်ဝင်ရောက်မှုတွေနဲ့ အမှုဖွင့်ထားတယ်လို့ သိရ ပါတယ်။
2015-03-29
ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC နဲ့ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ KNPP တို့ဟာ ကယားပြည်နယ်အစိုးရ အဖွဲ့ရုံးမှာ မနေ့က တွေ့ဆုံဆွေးနွေး ခဲ့ကြပြီး နှစ်ဖက်တပ်တွေ နေရာချထားရေးကို ဆွေးနွေးခဲ့ကြပါတယ်။
2015-03-29
ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ မြန်မာ့ တပ်မတော် ခမရ ၂၈၉ တပ်ဖွဲ့တွေနဲ့ ရခိုင် တပ်မတော် AA တပ်ဖွဲ့တွေ မတ်လ ၂၈ ရက်နေ့ညပိုင်း နဲ့ ၂၉-ရက်နေ့ တို့က တိုက်ပွဲဖြစ်ပွားရာမှာ အစိုးရဘက်က အရာရှိတစ်ဦး ကျဆုံးခဲ့တယ်လို့ AA တပ်ဖွဲ့ က ပြောပါတယ်။
2015-03-29
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ KNU ဗဟိုကော်မတီဝင် စောမူတူးစေးဖိုး ခေါင်းဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ ဒီကနေ့ ညနေပိုင်း ၄ နာရီ က နေပြည်တော် ဥတ္တရသီရိနေ အိမ်မှာ နှစ်နာရီကြာတွေ့ ဆုံခဲ့ပါတယ်။
2015-03-29
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်မှာ သံဃာတော်တွေနဲ့ လူပုဂ္ဂိုလ် စုစုပေါင်း ၁၀၀ ကျော်က လက်ပံတန်းကျောင်းသား သပိတ်ကို အစိုးရက အကြမ်းဖက်ခဲ့တဲ့ လုပ်ရပ်ကို ကန့်ကွက်ကြောင်းနဲ့ ဖမ်းဆီးခံကျောင်းသားတွေကို အမြန် ဆုံးလွှတ်ပေးဖို့ ဆန္ဒပြခဲ့ကြပါတယ်။
2015-03-28
ရန်ကုန်မြို့မှာ မတ်လ ၂၇ ရက်နေ့ ဆန္ဒပြပွဲ အပြီး ဖမ်းဆီးခံလိုက်ရတဲ့ ဗကသများအဖွဲ့ ချုပ် ကျောင်းသား ၃ ယောက်ထဲက ကိုရှိန်းရာဇာထွန်းနဲ့ ကိုအောင်ထက်အောင် တို့နှစ်ယောက်ကို ရဲတပ်ဖွဲ့က ပုဒ်မ ၁၈ နဲ့ မနေ့က အမှုဖွင့် ပြီးနောက် ပြန်လွှတ်ပေးလိုက်ပါတယ်။
2015-03-28
ကျောင်းသားဆန္ဒပြပွဲတွေမှာ ဖမ်းဆီးခံ ထားရတဲ့ ကျောင်းသားတွေ ပြန်လည်လွတ်မြောက်ဖို့ ကဗျာဆရာတွေ စုဖွဲ့ထားတဲ့ Performance On The Road အဖွဲ့က ရန်ကုန်မြို့ လှည်းတန်းလမ်းဆုံမှာ ဒီနေ့မနက်က ဆုတောင်းပွဲ ကျင်းပခဲ့ပါတယ်။
2015-03-28
ရခိုင်ပြည်နယ်မှာ အစိုးရအနေနဲ့ ဒေသ ခံတွေရဲ့ အသက်အန္တရာယ်လုံခြုံစေ မယ့် ရေယာဉ်တွေကို ဝယ်ယူပြေးဆွဲပေးဖို့ မြို့ခံသံဃာတော် ၂ ပါးက စစ်တွေမြို့မှာ ဒီနေ့ လမ်းလျှောက်ဆန္ဒပြတောင်းဆို ကြပါတယ်။
2015-03-28
ညီနောင်တိုင်းရင်းသားများပါတီ NBF အဖွဲ့ဝင်တွေဟာ ၂ဝ၁၅ ရွေးကောက်ပွဲ အတွက် ကြိုတင်ညှိနှိုင်းဖို့ ချင်းပြည်နယ် ဟားခါးမြို့မှာ ဒီနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
2015-03-28
ငြိမ်းချမ်းရေးအတွက် အစိုးရ၊ လွှတ်တော်နဲ့ တပ်မတော်တို့ လက်တွဲအဖြေရှာဖို့အပြင် တပ်မတော်အနေနဲ့ ထိုးစစ်အရှိန်ကိုလျှော့ ချဖို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ စုပေါင်းဖွဲ့စည်း ထားတဲ့ UNFC ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီက ဒီနေ့ရက်စွဲနဲ့ သဘောထားကြေ ညာချက် ထုတ်ပြန် တောင်းဆို လိုက်ပါတယ်။
2015-03-27
ဒီမိုကရေစီပညာရေးနဲ့ ဖမ်းဆီးထား သူတွေ ပြန်လွှတ်ရေးအတွက် နိုင်ငံ အနှံ့မနေ့ကဖြစ်ခဲ့တဲ့ ဆန္ဒပြမှုတွေ မှာ ကျောင်းသားခေါင်းဆောင်နဲ့ ပြည်သူစုစုပေါင်း ၈ ယောက်အဖမ်းခံလိုက်ရပါတယ်။
2015-03-27
မတ်လ ၂၇ ရက်နေ့ အနှစ် ၇ဝ မြောက် ဖက်ဆစ်တော်လှန်ရေးနေ့မှာ ဗြိတိန်နိုင် ငံရောက် မြန်မာနိုင်ငံသားတချို့က လန်ဒန် မြို့ရှိ မြန်မာသံရုံးရှေ့ကို မနေ့နေ့လည်က သွားရောက်ဆန္ဒပြ ခဲ့ကြပါတယ်။
2015-03-27
မြန်မာ၊ မြောက်ကိုရီးယား၊ အီရန်နဲ့ ဆီးရီးယားနိုင်ငံတွေက လူ့အခွင့်အရေးအခြေအနေတွေကို လေ့လာစုံစမ်းဖို့ အတွက် အထူးကိုယ်စားလှယ်တွေကို ထပ်မံသက်တမ်းတိုးခန့်အပ်ဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက မနေ့က ဆုံးဖြတ်ချက်ချမှတ်လိုက်ပါတယ်။
2015-03-27
ဒီနေ့ ကျရောက်တဲ့ နှစ် ၇ဝ ပြည့် ဖက်ဆစ်တော်လှန်ရေးနေ့ အခမ်းအနားကို မကွေးတိုင်းဒေသကြီး သရက်မြို့နယ်၊ ပုဏ္ဏားကျေးရွာမှာကျင်းပခဲ့ရာမှာ လူပေါင်းတစ်ထောင်နီးပါး တက်ရောက်ခဲ့ပါတယ်။